ဦးရွှေမောင်(လွှတ်တော်အမတ်)
ဘယ်သူလဲ။
ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)
မိုးမခဂျာနယ်တွင်
ယခုတလော ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမတ် ဦးရွှေမောင်နှင့် ပါတ်သက်၍ ဆောင်းပါးအမျိုးမျိုးကို
ဦးစားပေးရေးသားသည်ကို သတိထားမိပါသည်။ ယင်းသို့ ရေးသားနေ သည့် အထဲတွင် “ဥပဒေရဲ့ အထက်
- ဥပဒေရဲ့ အောက် - ဘယ်သူတွေ ရောက်နေပါသလဲ” ခေါင်းစဉ်ဖြင့် ရေးသားထားသည့် နယူးယောက်မှ
ခိုင်အောင်ကျော်၏ ဆောင်းပါးတစ်ခုကို တွေ့ရှိရပါသည်။ ဆောင်းပါး
တွင် စောဒကတက်နေသည့် အချက်ကို
ဆွေးနွေးခြင်းမပြုမီ ဆောင်းပါးရှင် ခိုင်အောင်ကျော်နှင့် ပါတ်သက်၍ အနည်းငယ် ဆွေးနွေးလိုပါသည်။
အဆိုပါ
ခိုင်အောင်ကျော်ဆိုသူအား ယခင်ကတည်းက သိပါသည်။ လူမျိုးရေးအစွန်းရောက် ရခိုင်အမျိုးသား တစ်ဦးဖြစ်ပြီး၊ အမေရိကန် သာမကဘဲ လကမ္ဘာ-အထက်ကို ရောက်သွားမည်ဆိုလျှင်ပင် အစွန်းရောက် အတွေးအခေါ်-
အောက်တွင် ကျန်ရစ်နေမည့်သူ ဖြစ်ပါသည်။ ခိုင်အောင်ကျော်သည် အရှက်အကြောက် ကင်းမဲ့သော့
သူ၏ အစွန်းရောက် အတွေးအခေါ်ငယ်လေးများကို စာပေအဖြစ် ရေးသားတင်ပြလာကြသည် မှာ လွန်ခဲ့သောနှစ်ပေါင်း
အနည်းငယ်ခန့်ကတည်းကပင် ဖြစ်ပါသည်။ အထူးသဖြင့် သူသည် နျူးကလိယ လက်နက်လေးသာ ရမည်ဆိုလျှင်
သူကလွှဲ၍ ဤကမ္ဘာတွင် မည်သူ့ကိုမျှ အသက်ရှင်သန် နေထိုင်ခွင့်ပြုမည် မဟုတ်ပါ။
စာရေးသူတစ်ဦးသည်
“ငါတုံးသလောက်၊ ငါ့စာကိုဖတ်သူများ ငတုံးဖြစ်ပါ့မလား” ဟူသည့် အသိစိတ်ဓါတ် ကလေး ရှိရမည်ဖြစ်ပါသည်။ သို့သော် ခိုင်အောင်ကျော်ဆိုသူသည် စာရေးသူ စာနယ်ဇင်းသမားလိုလို၊ နိုင် ငံရေးသမား
ယောင်ယောင် မိမိကိုယ်ကို ဘယ်သူမှန်း တိတိကျကျ သိသူမဟုတ်သောကြောင့် ကိုယ့်ထက် တတ်သူတွေ
ရှိနေသည်ကို ဆင်ခြင်နိုင်စွမ်း ရှိပုံမပေါ်ပါ။ ဒီလိုမျိုးမဟုတ်ပါဟု ငြင်းလာပါက… စာဖတ်သူများ ကို
လူရာထဲမသွင်းလို၍ဟု… မှတ်ယူရမည်။
ဦးရွှေမောင်နှင့်ပါတ်သက်၍
ခိုင်အောင်ကျော်က သမ္မတ၏သဝဏ်လွှာကို လွှတ်တော်တွင် မှတ်တမ်းတင်ပြီး နိုင်ငံတော် အ ရေးယူမှု
ဖြစ်စေလိုသည်။ သူအနေဖြင့် ယင်းကဲ့သို့ မေတ္တာရပ်ခံမှုလည်း ပြုထားသည်ကို ဖတ်လိုက်ရပါသည်။
အမေရိကန် တွင် ရုံးနှင့် စားပွဲနှင့် ကုလားထိုင်တို့ဖြင့်ထိုင်ပြီး နိုင်ငံရေးလုပ်နေသူ
ဦးခိုင်အောင်ကျော် ဟူ၍ မဖြစ်နိုင်ပါ။ တောက်တိုမည်ရ အလုပ်ကိုသာ လုပ်ကိုင်နေသည်မှာ ပြောစရာမလို။
ထိုကဲ့သို့ တောက်တိုမည်ရ တစ်ယောက်က မြန်မာနိုင်ငံ ပါလီမန်လွှတ် တော်မှ ခေါင်းဆောင်များကို
သူ့ကဲ့သို့ ငတုံးအထင်ဖြင့် လုပ်ငန်းလုပ်ဆောင်ပုံ တာဝန်များ သင်ကြားပေးနေခြင်းသည် အလွန်ပင်
အသိတ ရား ကင်းပါးသည့် လုပ်ဆောင်ချက် ဖြစ်ပါသည်။
ကျပ်မပြည့်သည့်
ဦးနှောက်ရှင်၊ အစွန်းရောက် ရခိုင်ကြီးက ထောက်ပြခဲ့သည်မှာ ဖွဲ့စည်းပုံ အခြေခံ ပုဒ်မ
၁၂၀ ပင် ဖြစ်ပြီး၊ ဦးရွှေမောင်ကို နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသူမဟုတ်ကြောင်း၊
လွှတ်တော်ထဲမှ နှင်ထုတ်စေလိုသည်။
ဦးရွှေမောင်၏
ဖခင်ဖြစ်သူသည် တစ်သက်လုံး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် စခမ်းမှူးတာဝန်ကို ထမ်းဆောင် လာခဲ့ရာ
သက်ကြီး ပင်စင်ရယူသည့် အချိန်အထိဖြစ်ပါသည်။ ရွေးကောက်ပွဲမတိုင်မီ သူ၏နိုင်ငံသားဖြစ်မူကို
ကိုယ်ရေးရာဇဝင်အတိအကျဖြင့် နိုင်ငံတော်က အကြိမ်ကြိမ် စိစစ်ခဲ့ပြီးမှ ငြင်းနိုင်စရာမရှိသောကြောင့်
ရွေးကောက်ပွဲဝင်ခွင့်ပြုခြင်း ဖြစ်ပါသည်။
၎င်းအပြင်
ဦးရွှေမောင်သည် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) မှ အသက်မွေးဝမ်းကျောင်း အင်ဂျီနီယာဘွဲ့ ကို
အောင်မြင်စွာ ဆွတ်ခူးနိုင်ယူခဲ့သူ ဖြစ်ရာ၊ အဆိုပါ တက္ကသိုလ်၌ နိုင်ငံခြားသားများ တက်ရောက်
ပညာ သင်ကြားခွင့် မရကြပေ။ ဦးရွှေ မောင်၏ နိုင်ငံသားဖြစ်မှုတွင် ငြင်းဆန်နိုင်ရန် အကြောင်းမရှိသောကြောင့်
ယင်းကဲ့သို့ RIT တွင် တက်ရောက် ပညာသင်ကြားခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း
မျက်ကန်းနွားသိုး လူမျိုးရေး၊ ဘာသာရေးအစွန်းရောက် ရခိုင်ပါလီမန်အမတ်များက ခိုင်အောင်ကျော်နည်းတူ
ဦးရွှေ မောင်အပါ အဝင် ရိုဟင်ဂျာ ပါလီမန်လွှတ်တော်အမတ်များကို နှင်ထုတ်ရန် အကြိမ်ကြိမ်တောင်းဆို
ကြိုးပမ်းမှုများ ရှိ ခဲ့လေသည်။ သို့ရာတွင် ပါလီမန်လွှတ်တော်မှ ယင်းသို့တောင်းဆိုမှုများကို
တရားဝင်တုန့် ပြန်မှုများ ရှိခဲ့ပြီး ယင်းတို့၏ နိုင်ငံသား ဖြစ်မှုကို အာမခံထားခဲ့လေသည်။
ယခုအချိန်အထိ
“ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်”၊ ‘ငပေါ့ကြီးပေါ့နေမြဲ’ ဆိုသည့်အတိုင်း နားမ လည်နိုင်ဘဲ
ရှိနေခြင်း ပင်ဖြစ်ပါသည်။ မြန်မာအပြောတစ်ခုကို သတိရမိသည်။ “ယိုသူမရှက်၊ မြင်သူရှက်”
ဟူ၍ ဖြစ်သည်။ ဤကဲ့သို့ ကျပ်မပြည့်သည့် အသိတရားဖြင့် အများသူငါရှေ့ ဆောင်းပါးရေးသားမှုက
ရေးသူ မရှက်သော်လည်း အကြောင်းသိသော (ရခိုင်အ မတ်) ဖတ်ရသူများ အဖို့ အရှက်ရနေလိမ့်မည်။
သို့ရာတွင်
ရခိုင်လွှတ်တော်အမတ်မင်းများအစ အမေရိကန်ရောက် ရခိုင်တောက်တိုမည်ရအထိ တစ်ချိန် တည်း၊ တစ်သံတည်း တစ်ခုတည်းသော ဆန္ဒကိုလေ့လာမည်ဆိုပါက ဤကဲ့သို့တောင်းဆို ကြိုးပမ်းမှုများ သည် ရခိုင်တို့၏
အမျိုးသား နိုင်ငံရေးမှ မာတိကာ တစ်ရပ်ဖြစ်ကြောင်း သဘောပေါက်နိုင်သကဲ့သို့ ယင်းတို့ ၏
ရခိုင်ပြည်နယ် နိုင်ငံရေးနှင့် လုံခြုံရေးကို အကြောင်းပြကာ ခေါင်းဆောင်များအချင်းချင်း
တွေ့ဆုံမှု၊ ညီ လာခံများကျင်းပမှု အစရှိသည်အားလုံးသည် ရိုဟင်ဂျာတို့အား အမြစ်ကလှန် ဖျက်ဆီးပစ်ရန်
ခြေလှမ်း များဖြစ်ကြောင်း နားလည်ရန်လိုသည်။
ယခုတလော
ရခိုင်ပြည်အနှံ့အပြားတွင်လည်း ယာယီနိုင်ငံသားကဒ်ပြား အဖြူရောင်ကိုင်ဆောင် ထားသူများ ကို မဲပေးပိုင် ခွင့်မပြုရန်၊ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံခွင့် မပြုရန်၊ ၁၉၈၂
ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အမြန်ဆုံးအ ကောင် အတည်ဖော်ရန်၊ ရိုဟင်ဂျာများ နိုင်ငံခြားသားများဖြစ်၍
သန်းခေါင်စာရင်းကောက်ယူခြင်းမပြုရန်နှင့် ရိုဟင်ဂျာတို့ အား လူမှုရေး အကူအညီပေးလျက်ရှိသည့်
ကုလသမဂ္ဂ ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံတကာ NGO များ ထွက်ခွါသွား ရန် မြို့နယ်တိုင်းလိုလိုပင်
တောက်လျှောက် ဆန္ဒပြ တောင်းဆိုလျက်ရှိသည့်အပြင် ရခိုင်ပြည်၏ လုံခြုံရေးကို ရခိုင်သားများ
တာဝန်ယူရန် ဟူသည့်အကြောင်းပြချက်ဖြင့် ညီလာခံများခေါ်ယူရန် ရခိုင်ခေါင်းဆောင်းများအားလုံး
စုစည်းစုစည်း စီစဉ် နေခြင်း စသည်တို့ကို အကဲခတ်ပါက…ဤဖြစ်ရပ်များသည်လည်း တချိန်တည်း၊
တသံတည်း၊ နေရာအနှံ့ ပြိုင်တူဖြစ်ပေါ် လျက်ရှိနေခြင်းသည် ရခိုင်တို့၏ အမျိုးသားနိုင်ငံရေး
အစီအစဉ်များထဲမှ မဟာဗျူဟာ၊ နည်းဗျူဟာများ ဖြစ်ပြီး၊ ယင်းတို့၏ လွတ်လပ်သော ရခိုင်နိုင်ငံတော်
ပြန်လည်ထူထောင်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ရခိုင်အင်းအားစုများကို ရခိုင်ပြည်
နယ်အတွင်း စုစည်းနိုင်ရန် ရိုဟင်ဂျာများကို လက်ညှိုးထိုးကာ မြန်မာစစ်အာဏာရှင်များအား
ချဉ်းကပ်နေခြင်း ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့်
မြန်မာစစ်အာဏာပိုင်များနှင့် ရခိုင်အစွန်းရောက်တို့၏ နိုင်ငံရေး ပယောဂကြောင့် ရိုဟင်ဂျာတို့
ရခိုင်ပြည် မြေကြီးပေါ်တွင် တည်ရှိနေသရွေ့ သတ်ဖြတ်ခံရမည့် အန္တရာယ်စက်ကွင်းမှ မလွတ်ကင်းနိုင်ကြောင်း
တင်ပြလိုက်ပါသည်။
No comments:
Post a Comment