Thursday, February 27, 2014

ရိုဟင်ဂျာတို့၏ ရင်တွင်းစကား
ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)
ကုရ်အာန်ကျမ်းမြတ်တော်ကလား၊ ဒါမှမဟုတ် ဟဒိဆ့်ထဲကလား ကျွန်ုပ်မပြောတတ်ပါ၊ ဒါပေမယ့်လို့ ငယ် ငယ် ကတည်းက ကြားသိခဲ့တဲ့ အဆိုတစ်ခုက … မူဆလင်တွေကို သုတ်သင်နိမ်နှင်းဖို့အရေး ကာဖိရ်တွေ အားလုံး မဟာမိတ်ဖွဲ့လိမ့်မယ်…ဆိုတာ ဖြစ်ပါတယ်။
ယခုတလော ကမ္ဘာ့နဲ့တဝှမ်း မူဆလင်တွေအပေါ် ဖြစ်ပေါ်နေကြတဲ့ အဖြစ်အပျက်တွေနဲ့၊ မူဆလင်နိုင်ငံမ ဟုတ်တဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အဲဒီအဖြစ်အပျက်တွေအပေါ် ရပ်တည်ပုံ အနေအထားကို စဉ်းစားမိတော့ ကျွန်ုပ်ကြား ဖူးခဲ့တဲ့အတိုင်း ဖြစ်နေသလားလို့ ဆင်ခြင်မိပါတယ်။
ကြည့်ကြပါစို့၊ မူဆလင်တွေ ဘာအကြောင်းပြချက်ကြောင့်ဖြစ်စေ တိုက်ပွဲဝင်ရင် အကြမ်းဖက်သမား (Terrorist) တဲ့။ အားလုံးဝိုင်းဝန်းပြီး အကြောင်းရင်းကို ရှာဖွေ၊ ကိုင်တွယ်ဖြေရှင်းကြပါလား၊ ဒီလိုလဲမဟုတ် ဘူး၊ ဝိုင်းပြီးတိုက်ခိုက်ချေမုန်းနေတာဘဲရှိတယ်။ အခုအနေအထားအရဆိုရင် လူတစ်ဦးဟာ မွေးကတည်းက ဘာပြစ်မှုမှ ကျူးလွန်စရာ မလိုတော့ဘဲ၊ မူဆလင် အသိုင်းအဝိုင်းထဲက မွေးလာတာကိုက ပြစ်မှုတစ်ရပ်လို ဖြစ်နေတယ်။
ရခိုင်မှာ မူဆလင်တွေကို ကြက်၊ ငှက်သဖွယ် သတ်ဖြတ်နေတာ နိုင်ငံကြီးဆိုသူတွေက… တောင်းဆိုတယ်၊ ကန့်ကွက်တယ်… ပြီးရင် အများဆုံးအဆင့် ရှုတ်ချတယ်… ဆိုတာထက် လက်ပစ်ကြည့်နေကြတယ်။ လူသား အမျိုးအနွယ်တစ်ခု မျိုးတုံးလို့ ပျက်ဆီးခံနေရတယ်၊ သို့သော်လဲဘဲ အာကာအကွယ်ပေးမယ်ဆိုတာ ဘယ်သူ့ မှ မရှိ သေးပါဘူး။ ဒါတင်မကဘူး၊ လူသတ်သမားတွေ ပိုပြီးပိုပြီး ရဲရဲတင်းတင်း ဖြစ်လာတဲ့အပြင် ယင်းတို့ လေသံက အပေါ် စီးက ဖြစ်နေတယ်။ UN ကို ထွက်သွားတဲ့၊ MSF တပတ်အတွင်း ရခိုင်မြေပေါ်ကနေ ရုပ် သိမ်းကြတဲ့၊ UN လူ့အခွင့်အရေးကော်မရှင်နာ ကွင်တင်းနား Get out တဲ့၊ UN အလိုမရှိတဲ့…အစရှိတဲ့အ တိုင်း ရဲရဲတင်းတင်း စိန်ခေါ်နေကြပြီ။
အဲဒီ့အပြင် လူသတ်သမားခေါင်းဆောင်တွေဟာ လူစုလူဝေးဖြင့် လုံခြုံရေးကိုအကြောင်းပြီး နောက်ထပ် အစီ အစဉ်တွေ ဆွဲနေကြတယ်။ အစိုးရလုပ်တဲ့သူတွေကလဲ အဲဒီလိုဖြစ်နေတဲ့ဟာကို ခွင့်ပြုကြတယ်။ စိတ်နာစရာ အ ကောင်းဆုံးက သူတို့တွေဟာ ရခိုင်ပြည်နယ်အတွင်းက မူဆလင်တွေကို သတ်ဖြတ်ဖို့ အစီအစဉ်တွေကို မူဆလင်နိုင်ငံမှာသွားပြီး ရေးဆွဲနေတာပါဘဲ။ အဲဒီမူဆလင်နိုင်ငံတွေကလဲ တားမြစ်ရမည့်အစား ထိုလူတွေ ကို အကာအကွယ်တောင် ပေးနေကြတာပါဘဲ။  
ဘင်္ဂါလားဒေ့ရှ်ဆိုရင် လူသတ်မှုကို အဓိကဖန်တီးပေးနေတဲ့ စောမြရာဇာလင်း၊ ခိုင်မြတ်ကျော်တို့လို ဒုစရိုက် သမားတွေကို လုံခြုံရေးပြည့်ပြည့်ဝဝ ပေးနေတဲ့အပြင်၊ ထိုဒုစရိုက်မှုကို လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ပြန့် ပြန့် ကျူးလွန်နေနိုင်ရန် လွတ်လပ်ခွင့်စွာ သွားလာလှုပ်ရှားခွင့်လဲ အပြည့်ပေးထားပါတယ်။ ဒါတင်မကသေး ဘူး၊ ရခိုင်မှ မူဆလင်တွေကို ဘင်္ဂါလားဒေ့ရှ်က ခိုးဝင်လာသူ ဘင်္ဂလီတွေ၊ ဒင်းတို့နိုင်ငံပြန်ပို့ကြ…ဆိုပြီး မြေငုတ်မချန် ရှာဖွေ သတ်ဖြတ်နေသူ အများစုကတော့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူးလာကြတဲ့ ရခိုင်၊ ဗုဒ္ဓဘာ သာဝင်တွေဘဲ အဓိကဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနယ်စပ်ဒေသမှာရှိတဲ့ ရခိုင်တိုင်းလိုလိုမှာ ဟိုဖက်၊ ဒီဖက် dual citizenship ကိုင်ဆောင်ထားပြီး၊ နေအိမ် အားဖြင့်လဲ ဘင်္ဂလားဒေ့ရှ်မှာတစ်အိမ်၊ မြန်မာနိုင်ငံမှာတစ် အိမ် ရှိနေကြပါတယ်။ မြန်မာဘက်မှာဆိုရင် ရိုဟင်ဂျာတို့ပိုင် မြေယာကို သိမ်းဆည်းပြီး ရယူခဲ့တာဖြစ် ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မူဆလင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေမှုကို အဓိကဦးဆောင် လျက် ရှိတဲ့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ၊ ဒေါက်တာအေးမောင်ကိုယ်တိုင်က ဘင်္ဂ လားဒေ့ရှ်ဖွား ရခိုင်အမျိုးသားတစ်ဦးဖြစ်ပြီး၊ ယနေ့အထိ သူ့ညီအကိုများ ထိုနိုင်ငံထဲတွင် ရှိနေသေးသည်။
အခုရခိုင်ပြည်နယ်လူသတ်မှုမှာ ဒီအုပ်စုကဘဲ ငွေရေး၊ ကြေးရေးအပါအဝင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လက် နက်များပါ အများဆုံး ပံ့ပို့နေတာဟာ ဒီရခိုင်တွေဘဲဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဘင်္ဂလားဒေ့ရှ်ဖက်မှာ ဒေသခံ မူဆလင်တစ် ချို့ မခံမရပ်နိုင်ဖြစ်နေလို့ဘဲ ဖြစ်ဖြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းနိုင်ငံရေး ပယောဂကြောင့် ဘဲဖြစ်ဖြစ် ဒီရခိုင် တွေကိုအပေါ်မှာ တစ်စုံတစ်ရာ ကျူးကျော်မှုဖြစ်လာရင်၊ အဲဒီအတွက်ကြောင့်လဲ ရိုဟင် ဂျာတွေကို ဖမ်းဆီးညှင်းပန်းနှိပ်စက်ကြတယ်။ ဒီဘာသာရေးအစွန်းရောက် ဒုစရိုက်သမားရခိုင်တွေကို ကျတော့ လုံးဝအကာအကွယ် ပေးထားပါတယ်။
မလေးရှားနိုင်ငံမှာလဲ ဒီမူဆလင်ဆန့်ကျင်ရေး အစွန့်ရောက်ဝါဒီတွေက ရခိုင်ပြည်မှာ မူဆလင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြသူ ဂိုဏ်းချုပ်တွေကို ဖိတ်ကြားခဲ့ပြီး၊ လူသိရှင်ကြား မူဆလင်သတ်ဖြတ် ပွဲတွေ ဆင်နွှဲဖို့ အစည်းအဝေးကျင်းပနေတာ၊ အဲဒီမှာ သူတို့အချင်းချင်း ဖန်တီးထားတဲ့ဇာတ်လမ်းအရ ထိုဂိုဏ်းချုပ်တွေကို သေနတ်နဲ့ ပစ်ခတ်ကြတယ်ဆိုပြီး ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးတွေ လုပ်နေကြ တယ်၊ လူသတ်သမားတွေ ကိုကျတော့ ဥပဒေကြောင်းအရ အပြည့်အဝ အကာအကွယ်ပေးနေတာ ဝမ်းနဲစွာ တွေ့လိုက်ရပါတယ်။  ဒီလိုဘဲ လူရယ်လို့ဖြစ်လာရတယ်ဆိုရင် မူဆလင်ဖြစ်လာရခြင်းဟာ အပြစ်တစ်ခုပါဘဲ။
ဒီနေရာမှာ မဟာတမန်တော်မြတ်(ဆွ) ရဲ့ ဟာဒိဆ်တော်တစ်ပုဒ်ကို မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် မူဆလင် လူထုကြီးအတွက် လက်ဆောင်ပါးလိုက်ပါမယ်။

“Learn that every Muslim is a brother to every Muslim and that the Muslims constitute one brotherhood.”

ဘာဘဲဖြစ်ဖြစ် ရိုဟင်ဂျာမူဆလင်များအနေဖြင့် မိမိတို့အပေါ် အခုလိုဖြစ်နေရခြင်းကို မည်သို့တုန့်ပြန်ကြမည်နည်း (သို့) မည်ကဲ့သို့ ဖြေလည်အောင် လုပ်ယူမည်ဆိုသည်ကို မစဉ်းစားခင်၊ ဘာကြောင့်ဒီလို ဖြစ်ရလာတယ်ဆိုတာ ပဏာမ စဉ်းစားတတ်ဖို့လိုပါတယ်။ ဒီမှာ မဟာတမန်တော်မြတ်(ဆွ) ရဲ့ ဒုတိယ ဟဒိဆ်တော်တပိုဒ်ကို လက်ဆောင်အဖြစ် ဆက်သလိုက်ပါမယ်… 

If the leaders do not govern according to the Book of Allah, you should realize that this has never happened without Allah making them into groups and making them fights one another." (Ibn Majah).
ဒီကနေ့ ကျွန်ုပ်တို့ဆီမှာ ဒီဟာအဓိက ရောဂါပါဘဲ။ ဒီရောဂါကြောင့် ကျွန်ုပ်တို့တတွေ အချင်းချင်းမညီ ညွတ်နိုင် ဖြစ်နေတယ်ဆိုရင် ဒီလိုခံစားနေရတာတွေလဲ ထိုအသျှင်တော်မြတ်ဆီက ဖြစ်လာတာပါလို့ ယူဆရ မှာဖြစ်ပါ တယ်။

အခုလက်တလော ကျွန်ုပ်တို့ကို သတ်ဖြတ်နေတဲ့ ရန်သူတွေဟာ မြင်သာရတဲ့ ရန်သူတွေပါ။ ဒါပေမဲ့ ကျွန်ုပ် တို့ရဲ့ အတွင်းပိုင်းက မမြင်ရတဲ့ရန်သူက ရှိနေတော့၊ ဒီအတွင်းရန်သူကို မိမိဖာသာ မရှင်းလင်း မနိမ်နှင်း သရွေ့ ဒီလိုဘဲ ဆက်သွားရင် ကမ္ဘာပေါ်ကနေ အခြားလူမျိုးပေါင်းမြောက်များကို ပပျောက်စေခဲ့တဲ့နည်းတူ၊ ထိုအသျှင်မြတ်က ကျွန်ုပ်တို့တစ်မျိုးသားလုံးလဲ နိဂုံးချုပ်စေလိမ့်မယ် ဖြစ်ကြောင်း တင်ပြလိုပါတယ်။ 

No comments:

Post a Comment