Friday, February 28, 2014

အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းလိုသည်ဆိုရာဝယ်…
ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)
မြန်မာဘုန်းတော်ကြီးတွေက ရိုးသားတဲ့ပြည်သူလူထု ၄ သန်းခန့်ကို သွေးဆောင်ဖြားယောင်းပြီး ယင်းတို့၏ လက်မှတ်များ ရယူကာ အမျိုးစောင့် ဥပဒေ (၄) ရပ်ကို ပြဋ္ဌာန်းပေးရန် သမ္မတ ဦးသိန်းစိန်ထံ တင်ပြလိုက်ပါ တယ်။ သမ္မတက တဖန် ပါလီမန်မှာ ဆွေးနွေးမှုများလုပ်ပြီး၊ အဆိုပါ ဥပဒေ (၄) ရပ်ကို ပြဋ္ဌာန်းရန် လွှတ်တော်နာယက သူရဦးရွှေမန်းထံ သဝဏ်လွှာ ပို့ ပေးပါတယ်။ တကယ်ဘဲ မြန်မာနိုင်ငံသူ၊ သားတွေ တောင့်တခဲ့တဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုတာ ဒီလိုမျိုးလုပ်ဖို့ မျှော်လင့်ခဲ့တာလားလို့ စဉ်းစားစ ရာပါဘဲ။
မြန်မာနိုင်ငံဆိုတာ ဘာသာပေါင်းစုံ ကိုးကွယ်လျက်ရှိတဲ့ လူဦးရေ သန်း ၆၀ ကျော်တို့ရဲ့  နိုင်ငံတစ် ခုဖြစ်ပါတယ်။ လူမျိုးစုအရ ကြည့်မယ်ဆိုရင်လဲ မတူကွဲပြားတဲ့ လူမျိုးစုပေါင်း (၁၅၀) ခန့် ရှိမယ်လို့ ခန့်မှန်းရပါ တယ်။ ဒီအထဲမှာ ဗုဒ္ဓဘာသာဝင်တွေ ဟာ လူများစုဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ၈၉ ရာခိုင်နှုန်း ရှိပါတယ်။ အခုလက်မှတ်ရေးထိုးတယ်ဆိုတဲ့ (၄) သန်းဆိုတာ အားလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်ဆိုရင်တောင်၊  သူတို့ဟာ (၅၃) သန်းကျော်ရှိတဲ့  ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားပြု သလားဆိုတာ မေးခွန်ထုတ်စရာ ဖြစ်လာပါတယ်။ ဒီလိုမျိုး မေးခွန်းထုတ်ရတဲ့အကြောင်းက ဒီနေ့ (၄) သန်းက လက်မှတ် ရေးထိုးပြီး ဒီ လိုတောင်းဆိုလာတယ်၊ နောက်နေ့ နောက် (၁၀) သန်းခန့်က လက်မှတ်ရေးထိုးပြီး နောက်တမျိုး တောင်း ဆိုလာရင် ဘယ့်နှယ်လုပ်မလဲ။
မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ (၄) ရာခိုင်နှုန်းနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူ (၄) ရာခိုင်နှုန်းဆိုတော့ ပေါင်းလိုက်ရင် (ဂ) ရာခိုင်နှုန်းပါ။ လူဦးရေအရ ထွက်ကြည့်ရင် (၄.၈) သန်းဖြစ်ပါတယ်။ ယခု ဥပဒေ (၄) ခုဟာ  ဗုဒ္ဓဘာသာဝင်တွေအတွက် အမျိုးစောင့် ဥပဒေဆိုတော့ ဖော်ပြခဲ့တဲ့ (၄.၈) သန်း အပါအဝင် စုစုပေါင်း ဘာသာခြား (၆.၆) သန်း၊ ရာခိုင်နှုန်းအရ (၁၁) ရာခိုင်နှုန်း ပြည်သူတွေဟာ အမျိုး စောင့်ရှောက်မှုရဲ့ ပြင်ပရောက်သွားမယ်ဆိုတော့၊ သူတို့ဘဝ လုံခြုံမှုရော့ ရှိပါ့မလား။
တဖန် အခုလို ဥပဒေမျိုးပြဋ္ဌာန်းမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘာသာရေးကိုး ကွယ်မှုနဲ့ ပါတ်သက်ပြီး “လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်” ဆိုတာကို ဆန့်ကျင်ရာ မကျဘူလား။
မည်သူမဆို မိမိကြိုက်နှစ်သက်ကို လွတ်လပ်စွာ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခွင့်ရှိသည် ဟူသည့် လူ့အ ခွင့်အရေးနှင့် နိုင်ငံသားတို့၏ မူလရပိုင်ခွင့်များကိုပါ ဆန့်ကျင်နေခြင်း ဖြစ်မနေဘူးလား။
အမျိုးသမီးထုဖက်က ကြည့်မည်ဆိုရင်လဲ ထိုတောင်းဆိုမှုဟာ ယင်းတို့ရဲ့ အခွင့်အရေးကို ချိုးဖောက်ရန် တောင်းဆိုမှုမျိုးနဲ့မတူဘူးလား။
အဆိုပါ ပြဋ္ဌာန်းစေလိုတဲ့ ဥပဒေ (၄) ရပ်ဟာ… (၁)ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ (၂) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ (၃) တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့  (၄) လူ ဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။
ဒီနေရာမှာ ဥပဒေ နံပါတ် (၁) ဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေဆိုတာ… ဗုဒ္ဓဘာ သာဝင်ကနေ ခရစ်ယာန်၊ အစ္စလာမ် သို့ ဟိန္ဒူ ဘာသာကူးပြောင်းမယ့် သူတွေအတွက် ရည်ညွှန်းတာလား၊ ယင်းဘာသာတွေကနေ ဗုဒ္ဓဘာသာကို ပြောင်းမယ်ဆိုရင်ကော့ အကျိုးသက်ရောက်မှု ဘယ်လိုရှိမလဲ။
ဒုတိယ ဥပဒေတစ်ခုဖြစ်တဲ့ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ ပါတ်သက်လို့ ဗုဒ္ဓဘာသာ ထိမ်းမြားခြင်း ဥပဒေ ဆိုတာ ရှိပြီးသား ဆိုတော့၊ အခုဥပဒေဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို အခြားဘာသာဝင်များက ထိမ်းမြားခြင်းကို ရည်စူးတာဖြစ်ပါတယ်။ တကယ်လို့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသမီးတစ်ဦးကို ဗုဒ္ဓဘာ သာဝင်အမျိုးသားတစ်ဦးက လက်ထပ်လိုက်ရင် ထိုအမျိုးသားရဲ့ ရပိုင်ခွင့်များကိုလဲ အမျိုးသမီးကဘဲ တာဝန်ခံ ရမှာလား။ ဒါမှမဟုတ် အဆိုပါအမျိုးသမီးရဲ့ ကိုယ်ပိုင် ရိုးရာဓလေ့ သို့ ဘာသာရေး ပြဋ္ဌာန်းချက်ပါ လုပ်ထုံးအ ရ ဆုံးဖြတ်မှာလား။
နောက်ထပ် ဥပဒေ နှစ်ခုဖြစ်တဲ့ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ နှင့် လူဦးရေတိုးပွါးနှုန်း ထိန်း ညှိခြင်းဆိုင်ရာ ဥပဒေတွေဟာ ဘာသာတရားနဲ့ သက်ဆိုင်မှုမရှိဘဲ အဘယ်ကြောင့် အမျိုးစောင့် ဥပဒေထဲ တွင် ထည့်သွင်းခဲ့ရသလဲ။ ဒီလို ဥပဒေမျိုးဟာ နိုင်ငံတစ်ခုရဲ့ စီးပွါးရေးကို အကြောင်းပြုပြီး နိုင်ငံရေး၊  လူမှုရေး ဆိုင်ရာ ပေါ်လစီဘဲဖြစ်ပါတယ်။ အခုဘုန်းကြီး တွေတောင်းဆိုနေတဲ့ အမျိုးစောင့် ဥပဒေတွေထဲမှ ထိုကဲ့သို့ ဥပဒေမျိုး ပါလာတယ်ဆိုတော့ အစိုးရဘဲ ကြံရာများ ပါသလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ အမှန် ကတော့ အခုလို ဥပဒေမျိုးချမှတ်ရေးအတွက် တိုင်းပြည်ရဲ့ စီးပွါးရေးအခြေအနေ ပေါ်မူတည်ပြီး အစိုးရက နိုင်ငံရေးခေါင်းဆောင်များ၊ လူမျိုးစုဆိုင်ရာ ခေါင်းဆောင်များ၊ လူမှုရေးနယ်ပယ်မှ အထင်ကရ ပုဂ္ဂိုလ်အသီး သီး၊ ဒေသတွင်းမှ လူထုခေါင်းဆောင်များ စတဲ့သူတွေကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ ပူးပေါင်းလုပ်ဆောင်ရ မှာ ဖြစ်ပါတယ်။
နအဖတဖြစ်လဲ နဝတအစိုးရ တက်လာကတည်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် အခု ဥပဒေမျိုးကို ဒေသန္တရ၊ နုတ်အမိန့်တစ်ရပ်အဖြစ် ကျင့်သုံးလျက်ရှိပါတယ်။ အဲဒီလို ကျင့်သုံးနိုင်ဖို့အရေး လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ကို ကန့်သတ်တားမြစ်ခဲ့သလို၊ သားသမီး နှစ်ဦးထက်ပိုမယူရ ဆိုတဲ့အထိ ချုပ်ချယ်မှုတွေ ရှိလာတယ်။ ထိုအချက်တွေဟာ ဒေသန္တရအုပ်ချုပ်ရေးပါဟု ဆိုသော်လဲဘဲ၊ အစိုးရက လျှို့ဝှက်စွာ ညွှန်ကြား ချက်များနှင့် အမိန့်စာများ ပေးခဲ့တာကို ဒေသခံရိုဟင်ဂျာ အတော်များများထံတွင် လက်ဝယ်ရှိသလို၊ တလော တုန်းက ထိုင်းနိုင်ငံမှာ Fortify Rights အဖွဲ့ကလည်း ဖော် ကောင်လုပ်သွားသေးတယ်။  
အခုပြဋ္ဌာန်းပေးပါဆိုတဲ့ ဥပဒေတွေဟာ ရခိုင်ပြည်နယ်မှာ နုတ်အားဖြင့် ကျင့်သုံးလျက်ရှိနေရာကနေ ယခု တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင် မဟုတ်သူများအပေါ် ဆက်လက်ကျင့်သုံးနိုင်ရန် အစိုးရရဲ့ ကြိုးပမ်းမှုဖြစ် ကြောင်း ယူဆနိုင်သလို၊ ရခိုင်ပြည်နယ်တွင် နုတ်အမိန့်အားဖြင့် ကျူးလွန်လျက်ရှိတဲ့ လူသားအမျိုးအနွယ်နှင့် ဆန့်ကျင်သည့်ပြစ်မှုများကို ပါလီမန် အဆုံးအ ဖြတ်အဖြစ် ဥပဒေစာအုပ်တွင် ပုံနှိပ်ကာ စစ်အာဏာရှင်များ လွှတ်ကိန်းရှာနေခြင်းလဲ ဖြစ်နိုင်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း စစ်အာဏာရှင်တွေက ထောက်လှမ်းရေးတွေကို သင်္ကန်းဝတ်ခိုင်းပြီး ပြည်သူများဖက်က မားမားမတ်မတ် ရပ်တည်လျက်ရှိတဲ့ ဘုန်းတော်ကြီးတွေရဲ့ ကျစ်လစ်မှုကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမှုများ တောက် လျှောက် လုပ်လာခဲ့ရာ၊ အဲဒီအထဲမှာ ဝိရသူကဲ့သို့ ကိုယ်ကျင့်တရား ပျက်ပြားနေ သူတွေကို စည်းရုံးပြီး အဆမတန် မြှောက်စားလျက်ရှိပါတယ်။ အဲဒီနောက်မှာတော့ အစွန်းရောက် ၉၆၉ အဖွဲ့ကို ထူထောင်းခဲ့ပြီး၊ ဘုန်းကြီးတွေကို နိုင်ငံရေးကစားရာ ကရိယာတန်ဆာပလာအဖြစ် အသုံးချနေ ကြပါတယ်။
အခုအမျိုးစောင့် ဥပဒေထဲမှာ  ဥပဒေ (၃) နဲ့ (၄) သာ ပါမလာရင် ဒီလုပ်ရပ်ဟာ အစိုးရလုပ်နေတယ်ဆိုတာ သိဖို့တောင် ခက်လိမ့်မယ်။ လွန်ခဲ့တဲ့တစ်ချိန်က ဗုဒ္ဓဘာသာပါဆိုပြီး DKB ကိုစည်းရုံးကာ KNU နဲ့ ခွဲထွက်စေ ခဲ့ပြီး ကရင်လူမျိုးအချင်းချင်း တိုက်ခိုင်းခဲ့တာ အညွှတ်တောင်ချိုးခဲ့ရတဲ့ အထိပါဘဲ။ မြန်မာနိုင်ငံမှာ ရှေ့ဆက် ပြီး ဘာသာရေး၊ လူမျိုးရေးကို နည်းမျိုးစုံ ဗန်းပြ တိုက်ခိုက်မယ်ဆိုရင်၊ ဗုဒ္ဓဘာသာဝင်တွေကလဲ ဒီအတိုင်းကျေ နပ်နေမယ်ဆိုရင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ လူမျိုးတွေ အဖို့ နည်းလမ်း (၃) ခုဘဲ ကျန်တော့တယ်။
၁။ မြန်မာနိုင်ငံကို စွန့်ခွာပြီး ထွက်ခွာသွားမလား၊ သို့
၂။ မြန်မာနိုင်ငံထဲမှာဘဲ ဗုဒ္ဓဘာသာတွေရဲ့ လက်အောက်မှာ အသတ်ခံမလား၊ သို့
၃။ မိမိသာသနာစွန့်လွှတ်ပြီး ဗုဒ္ဓဘာသာခံယူမလား …အဲဒါတွေဘဲ ဖြစ်ပါတယ်။
၁၉၅၀ တဝိုက် ဦးနု မဲဆွယ်တုန်းကလဲ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်မယ်ဆိုပြီး လုပ် လိုက်တော့ ဗုဒ္ဓဘာသာမဟုတ်တဲ့ လူနည်းစုတွေ တိုက်ပွဲဝင်ခဲ့ရတယ်။ ဟိုတုန်းက လွတ်လပ်ရေးရခါစ ဆိုတော့ စစ်တပ်တွေ အဲ့လောက် မခိုင်မာခဲ့လို့ မလုပ်လိုက်ရတဲ့ ဇာတ်လမ်းတစ်ပိုင်းတစ်စကို စစ်တပ် တောင်းတင့်အောင် လုပ်ယူတဲ့အထိ စောင့်မျှော်ပြီး အဲဒီကိစ္စကို ဆက်လက်အကောင်အတည် ဖော်ဆောင် နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ယင်းတို့ပြောနေကျအတိုင်း တသွေးတသံတည်း ဖြစ်အောင်လုပ်ပြီးမှ ပြည်သူတွေကို ချမ်းသာ ခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ဒီနိုင်ငံရေးကျားကွက်ထဲမှာ ဆန့်ကျင် ဖက်ရွှေ့မယ်ဆိုရင် အစားခံရလိမ့်မယ်။ ဝိရသူနဲ့ အပေါင်းအပါတွေ အခုကတည်းက ဒေါ်စုကို ဆန့်ကျင် တိုက်ခိုက်လာနေပြီ။
မနေ့ကစပြီး ရိုဟင်ဂျာများ တကိုယ်တည်း တိုးတိုးတိတ်တိတ် ခံစားလာကြတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်မှု ဒဏ်ကို မကြာခင် ဗုဒ္ဓဘာသာဝင် မဟုတ်သူ မြန်မာနိုင်ငံသားအားလုံး ခံစားရမယ့် နိမိတ်တရပ်အဖြစ် မြင် ယောင်လာမိပါတယ်။ 
ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားစဉ်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဖွဲ့စည်းပုံတွင် ထည့် သွင်းရန် ဆွေး နွေးခဲ့ဘူးတယ်။ ဗိုလ်ချုပ်က ခါးခါးသီးသီး ငြင်းဆန်ခဲ့တယ်။ မင်းတို့လုပ်ချင်ရင်လုပ်၊ အဲဒီနိုင် ငံရေးထဲမှာ ငါမပါဘူး…လို့ ပြောခဲ့တယ်။ ဒီအကြံအစည်ဟာ ဗိုလ်ချုပ်ကြောင့် ထိုခေတ်တုန်းက မအောင်မြင် ခဲ့ဟု ပြောရင်တောင်၊ ထိုခေတ်ကတည်းက ဗမာနိုင်ငံရေးသမား အတော်များများရဲ့ စိတ်ဓါတ် အတွင်း ကိန်းအောင့်နေတဲ့ အချက်ဖြစ်ပါတယ်။
ယနေ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ လူနည်းစုတွေ ဒီမျိုးစောင့် ဥပဒေကို ဆန့်ကျင်နေကြတယ်ဆိုရင် ဗိုလ်ချုပ်ကို လေးစားတဲ့၊ ဗိုလ်ချုပ်ကို ချစ်ခင်မြတ်နိုးတဲ့ မျိုးချစ်ဗမာများနှင့် ဗုဒ္ဓဘာသာဝင်များ နားလည်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အစဉ်လေးစားလျက်။
၂၈၊ ၀၂၊ ၂၀၁၄ ခုနေ့


  

Thursday, February 27, 2014

ရိုဟင်ဂျာတို့၏ ရင်တွင်းစကား
ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)
ကုရ်အာန်ကျမ်းမြတ်တော်ကလား၊ ဒါမှမဟုတ် ဟဒိဆ့်ထဲကလား ကျွန်ုပ်မပြောတတ်ပါ၊ ဒါပေမယ့်လို့ ငယ် ငယ် ကတည်းက ကြားသိခဲ့တဲ့ အဆိုတစ်ခုက … မူဆလင်တွေကို သုတ်သင်နိမ်နှင်းဖို့အရေး ကာဖိရ်တွေ အားလုံး မဟာမိတ်ဖွဲ့လိမ့်မယ်…ဆိုတာ ဖြစ်ပါတယ်။
ယခုတလော ကမ္ဘာ့နဲ့တဝှမ်း မူဆလင်တွေအပေါ် ဖြစ်ပေါ်နေကြတဲ့ အဖြစ်အပျက်တွေနဲ့၊ မူဆလင်နိုင်ငံမ ဟုတ်တဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အဲဒီအဖြစ်အပျက်တွေအပေါ် ရပ်တည်ပုံ အနေအထားကို စဉ်းစားမိတော့ ကျွန်ုပ်ကြား ဖူးခဲ့တဲ့အတိုင်း ဖြစ်နေသလားလို့ ဆင်ခြင်မိပါတယ်။
ကြည့်ကြပါစို့၊ မူဆလင်တွေ ဘာအကြောင်းပြချက်ကြောင့်ဖြစ်စေ တိုက်ပွဲဝင်ရင် အကြမ်းဖက်သမား (Terrorist) တဲ့။ အားလုံးဝိုင်းဝန်းပြီး အကြောင်းရင်းကို ရှာဖွေ၊ ကိုင်တွယ်ဖြေရှင်းကြပါလား၊ ဒီလိုလဲမဟုတ် ဘူး၊ ဝိုင်းပြီးတိုက်ခိုက်ချေမုန်းနေတာဘဲရှိတယ်။ အခုအနေအထားအရဆိုရင် လူတစ်ဦးဟာ မွေးကတည်းက ဘာပြစ်မှုမှ ကျူးလွန်စရာ မလိုတော့ဘဲ၊ မူဆလင် အသိုင်းအဝိုင်းထဲက မွေးလာတာကိုက ပြစ်မှုတစ်ရပ်လို ဖြစ်နေတယ်။
ရခိုင်မှာ မူဆလင်တွေကို ကြက်၊ ငှက်သဖွယ် သတ်ဖြတ်နေတာ နိုင်ငံကြီးဆိုသူတွေက… တောင်းဆိုတယ်၊ ကန့်ကွက်တယ်… ပြီးရင် အများဆုံးအဆင့် ရှုတ်ချတယ်… ဆိုတာထက် လက်ပစ်ကြည့်နေကြတယ်။ လူသား အမျိုးအနွယ်တစ်ခု မျိုးတုံးလို့ ပျက်ဆီးခံနေရတယ်၊ သို့သော်လဲဘဲ အာကာအကွယ်ပေးမယ်ဆိုတာ ဘယ်သူ့ မှ မရှိ သေးပါဘူး။ ဒါတင်မကဘူး၊ လူသတ်သမားတွေ ပိုပြီးပိုပြီး ရဲရဲတင်းတင်း ဖြစ်လာတဲ့အပြင် ယင်းတို့ လေသံက အပေါ် စီးက ဖြစ်နေတယ်။ UN ကို ထွက်သွားတဲ့၊ MSF တပတ်အတွင်း ရခိုင်မြေပေါ်ကနေ ရုပ် သိမ်းကြတဲ့၊ UN လူ့အခွင့်အရေးကော်မရှင်နာ ကွင်တင်းနား Get out တဲ့၊ UN အလိုမရှိတဲ့…အစရှိတဲ့အ တိုင်း ရဲရဲတင်းတင်း စိန်ခေါ်နေကြပြီ။
အဲဒီ့အပြင် လူသတ်သမားခေါင်းဆောင်တွေဟာ လူစုလူဝေးဖြင့် လုံခြုံရေးကိုအကြောင်းပြီး နောက်ထပ် အစီ အစဉ်တွေ ဆွဲနေကြတယ်။ အစိုးရလုပ်တဲ့သူတွေကလဲ အဲဒီလိုဖြစ်နေတဲ့ဟာကို ခွင့်ပြုကြတယ်။ စိတ်နာစရာ အ ကောင်းဆုံးက သူတို့တွေဟာ ရခိုင်ပြည်နယ်အတွင်းက မူဆလင်တွေကို သတ်ဖြတ်ဖို့ အစီအစဉ်တွေကို မူဆလင်နိုင်ငံမှာသွားပြီး ရေးဆွဲနေတာပါဘဲ။ အဲဒီမူဆလင်နိုင်ငံတွေကလဲ တားမြစ်ရမည့်အစား ထိုလူတွေ ကို အကာအကွယ်တောင် ပေးနေကြတာပါဘဲ။  
ဘင်္ဂါလားဒေ့ရှ်ဆိုရင် လူသတ်မှုကို အဓိကဖန်တီးပေးနေတဲ့ စောမြရာဇာလင်း၊ ခိုင်မြတ်ကျော်တို့လို ဒုစရိုက် သမားတွေကို လုံခြုံရေးပြည့်ပြည့်ဝဝ ပေးနေတဲ့အပြင်၊ ထိုဒုစရိုက်မှုကို လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ပြန့် ပြန့် ကျူးလွန်နေနိုင်ရန် လွတ်လပ်ခွင့်စွာ သွားလာလှုပ်ရှားခွင့်လဲ အပြည့်ပေးထားပါတယ်။ ဒါတင်မကသေး ဘူး၊ ရခိုင်မှ မူဆလင်တွေကို ဘင်္ဂါလားဒေ့ရှ်က ခိုးဝင်လာသူ ဘင်္ဂလီတွေ၊ ဒင်းတို့နိုင်ငံပြန်ပို့ကြ…ဆိုပြီး မြေငုတ်မချန် ရှာဖွေ သတ်ဖြတ်နေသူ အများစုကတော့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူးလာကြတဲ့ ရခိုင်၊ ဗုဒ္ဓဘာ သာဝင်တွေဘဲ အဓိကဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနယ်စပ်ဒေသမှာရှိတဲ့ ရခိုင်တိုင်းလိုလိုမှာ ဟိုဖက်၊ ဒီဖက် dual citizenship ကိုင်ဆောင်ထားပြီး၊ နေအိမ် အားဖြင့်လဲ ဘင်္ဂလားဒေ့ရှ်မှာတစ်အိမ်၊ မြန်မာနိုင်ငံမှာတစ် အိမ် ရှိနေကြပါတယ်။ မြန်မာဘက်မှာဆိုရင် ရိုဟင်ဂျာတို့ပိုင် မြေယာကို သိမ်းဆည်းပြီး ရယူခဲ့တာဖြစ် ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မူဆလင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေမှုကို အဓိကဦးဆောင် လျက် ရှိတဲ့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ၊ ဒေါက်တာအေးမောင်ကိုယ်တိုင်က ဘင်္ဂ လားဒေ့ရှ်ဖွား ရခိုင်အမျိုးသားတစ်ဦးဖြစ်ပြီး၊ ယနေ့အထိ သူ့ညီအကိုများ ထိုနိုင်ငံထဲတွင် ရှိနေသေးသည်။
အခုရခိုင်ပြည်နယ်လူသတ်မှုမှာ ဒီအုပ်စုကဘဲ ငွေရေး၊ ကြေးရေးအပါအဝင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လက် နက်များပါ အများဆုံး ပံ့ပို့နေတာဟာ ဒီရခိုင်တွေဘဲဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဘင်္ဂလားဒေ့ရှ်ဖက်မှာ ဒေသခံ မူဆလင်တစ် ချို့ မခံမရပ်နိုင်ဖြစ်နေလို့ဘဲ ဖြစ်ဖြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းနိုင်ငံရေး ပယောဂကြောင့် ဘဲဖြစ်ဖြစ် ဒီရခိုင် တွေကိုအပေါ်မှာ တစ်စုံတစ်ရာ ကျူးကျော်မှုဖြစ်လာရင်၊ အဲဒီအတွက်ကြောင့်လဲ ရိုဟင် ဂျာတွေကို ဖမ်းဆီးညှင်းပန်းနှိပ်စက်ကြတယ်။ ဒီဘာသာရေးအစွန်းရောက် ဒုစရိုက်သမားရခိုင်တွေကို ကျတော့ လုံးဝအကာအကွယ် ပေးထားပါတယ်။
မလေးရှားနိုင်ငံမှာလဲ ဒီမူဆလင်ဆန့်ကျင်ရေး အစွန့်ရောက်ဝါဒီတွေက ရခိုင်ပြည်မှာ မူဆလင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြသူ ဂိုဏ်းချုပ်တွေကို ဖိတ်ကြားခဲ့ပြီး၊ လူသိရှင်ကြား မူဆလင်သတ်ဖြတ် ပွဲတွေ ဆင်နွှဲဖို့ အစည်းအဝေးကျင်းပနေတာ၊ အဲဒီမှာ သူတို့အချင်းချင်း ဖန်တီးထားတဲ့ဇာတ်လမ်းအရ ထိုဂိုဏ်းချုပ်တွေကို သေနတ်နဲ့ ပစ်ခတ်ကြတယ်ဆိုပြီး ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးတွေ လုပ်နေကြ တယ်၊ လူသတ်သမားတွေ ကိုကျတော့ ဥပဒေကြောင်းအရ အပြည့်အဝ အကာအကွယ်ပေးနေတာ ဝမ်းနဲစွာ တွေ့လိုက်ရပါတယ်။  ဒီလိုဘဲ လူရယ်လို့ဖြစ်လာရတယ်ဆိုရင် မူဆလင်ဖြစ်လာရခြင်းဟာ အပြစ်တစ်ခုပါဘဲ။
ဒီနေရာမှာ မဟာတမန်တော်မြတ်(ဆွ) ရဲ့ ဟာဒိဆ်တော်တစ်ပုဒ်ကို မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် မူဆလင် လူထုကြီးအတွက် လက်ဆောင်ပါးလိုက်ပါမယ်။

“Learn that every Muslim is a brother to every Muslim and that the Muslims constitute one brotherhood.”

ဘာဘဲဖြစ်ဖြစ် ရိုဟင်ဂျာမူဆလင်များအနေဖြင့် မိမိတို့အပေါ် အခုလိုဖြစ်နေရခြင်းကို မည်သို့တုန့်ပြန်ကြမည်နည်း (သို့) မည်ကဲ့သို့ ဖြေလည်အောင် လုပ်ယူမည်ဆိုသည်ကို မစဉ်းစားခင်၊ ဘာကြောင့်ဒီလို ဖြစ်ရလာတယ်ဆိုတာ ပဏာမ စဉ်းစားတတ်ဖို့လိုပါတယ်။ ဒီမှာ မဟာတမန်တော်မြတ်(ဆွ) ရဲ့ ဒုတိယ ဟဒိဆ်တော်တပိုဒ်ကို လက်ဆောင်အဖြစ် ဆက်သလိုက်ပါမယ်… 

If the leaders do not govern according to the Book of Allah, you should realize that this has never happened without Allah making them into groups and making them fights one another." (Ibn Majah).
ဒီကနေ့ ကျွန်ုပ်တို့ဆီမှာ ဒီဟာအဓိက ရောဂါပါဘဲ။ ဒီရောဂါကြောင့် ကျွန်ုပ်တို့တတွေ အချင်းချင်းမညီ ညွတ်နိုင် ဖြစ်နေတယ်ဆိုရင် ဒီလိုခံစားနေရတာတွေလဲ ထိုအသျှင်တော်မြတ်ဆီက ဖြစ်လာတာပါလို့ ယူဆရ မှာဖြစ်ပါ တယ်။

အခုလက်တလော ကျွန်ုပ်တို့ကို သတ်ဖြတ်နေတဲ့ ရန်သူတွေဟာ မြင်သာရတဲ့ ရန်သူတွေပါ။ ဒါပေမဲ့ ကျွန်ုပ် တို့ရဲ့ အတွင်းပိုင်းက မမြင်ရတဲ့ရန်သူက ရှိနေတော့၊ ဒီအတွင်းရန်သူကို မိမိဖာသာ မရှင်းလင်း မနိမ်နှင်း သရွေ့ ဒီလိုဘဲ ဆက်သွားရင် ကမ္ဘာပေါ်ကနေ အခြားလူမျိုးပေါင်းမြောက်များကို ပပျောက်စေခဲ့တဲ့နည်းတူ၊ ထိုအသျှင်မြတ်က ကျွန်ုပ်တို့တစ်မျိုးသားလုံးလဲ နိဂုံးချုပ်စေလိမ့်မယ် ဖြစ်ကြောင်း တင်ပြလိုပါတယ်။ 

Wednesday, February 26, 2014

ဦးရွှေမောင်(လွှတ်တော်အမတ်) ဘယ်သူလဲ။
ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)
မိုးမခဂျာနယ်တွင် ယခုတလော ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမတ် ဦးရွှေမောင်နှင့် ပါတ်သက်၍ ဆောင်းပါးအမျိုးမျိုးကို ဦးစားပေးရေးသားသည်ကို သတိထားမိပါသည်။ ယင်းသို့ ရေးသားနေ သည့် အထဲတွင် “ဥပဒေရဲ့ အထက် - ဥပဒေရဲ့ အောက် - ဘယ်သူတွေ ရောက်နေပါသလဲ” ခေါင်းစဉ်ဖြင့် ရေးသားထားသည့် နယူးယောက်မှ ခိုင်အောင်ကျော်၏ ဆောင်းပါးတစ်ခုကို တွေ့ရှိရပါသည်။ ဆောင်းပါး
တွင် စောဒကတက်နေသည့် အချက်ကို ဆွေးနွေးခြင်းမပြုမီ ဆောင်းပါးရှင် ခိုင်အောင်ကျော်နှင့် ပါတ်သက်၍ အနည်းငယ် ဆွေးနွေးလိုပါသည်။
အဆိုပါ ခိုင်အောင်ကျော်ဆိုသူအား ယခင်ကတည်းက သိပါသည်။ လူမျိုးရေးအစွန်းရောက် ရခိုင်အမျိုးသား တစ်ဦးဖြစ်ပြီး၊ အမေရိကန် သာမကဘဲ လကမ္ဘာ-အထက်ကို ရောက်သွားမည်ဆိုလျှင်ပင် အစွန်းရောက် အတွေးအခေါ်- အောက်တွင် ကျန်ရစ်နေမည့်သူ ဖြစ်ပါသည်။ ခိုင်အောင်ကျော်သည် အရှက်အကြောက် ကင်းမဲ့သော့ သူ၏ အစွန်းရောက် အတွေးအခေါ်ငယ်လေးများကို စာပေအဖြစ် ရေးသားတင်ပြလာကြသည် မှာ လွန်ခဲ့သောနှစ်ပေါင်း အနည်းငယ်ခန့်ကတည်းကပင် ဖြစ်ပါသည်။ အထူးသဖြင့် သူသည် နျူးကလိယ လက်နက်လေးသာ ရမည်ဆိုလျှင် သူကလွှဲ၍ ဤကမ္ဘာတွင် မည်သူ့ကိုမျှ အသက်ရှင်သန် နေထိုင်ခွင့်ပြုမည် မဟုတ်ပါ။
စာရေးသူတစ်ဦးသည် “ငါတုံးသလောက်၊ ငါ့စာကိုဖတ်သူများ ငတုံးဖြစ်ပါ့မလား” ဟူသည့် အသိစိတ်ဓါတ် ကလေး ရှိရမည်ဖြစ်ပါသည်။ သို့သော် ခိုင်အောင်ကျော်ဆိုသူသည် စာရေးသူ စာနယ်ဇင်းသမားလိုလို၊ နိုင် ငံရေးသမား ယောင်ယောင် မိမိကိုယ်ကို ဘယ်သူမှန်း တိတိကျကျ သိသူမဟုတ်သောကြောင့် ကိုယ့်ထက် တတ်သူတွေ ရှိနေသည်ကို ဆင်ခြင်နိုင်စွမ်း ရှိပုံမပေါ်ပါ။ ဒီလိုမျိုးမဟုတ်ပါဟု ငြင်းလာပါက… စာဖတ်သူများ ကို လူရာထဲမသွင်းလို၍ဟု… မှတ်ယူရမည်။
ဦးရွှေမောင်နှင့်ပါတ်သက်၍ ခိုင်အောင်ကျော်က သမ္မတ၏သဝဏ်လွှာကို လွှတ်တော်တွင် မှတ်တမ်းတင်ပြီး နိုင်ငံတော် အ ရေးယူမှု ဖြစ်စေလိုသည်။ သူအနေဖြင့် ယင်းကဲ့သို့ မေတ္တာရပ်ခံမှုလည်း ပြုထားသည်ကို ဖတ်လိုက်ရပါသည်။ အမေရိကန် တွင် ရုံးနှင့် စားပွဲနှင့် ကုလားထိုင်တို့ဖြင့်ထိုင်ပြီး နိုင်ငံရေးလုပ်နေသူ ဦးခိုင်အောင်ကျော် ဟူ၍ မဖြစ်နိုင်ပါ။ တောက်တိုမည်ရ အလုပ်ကိုသာ လုပ်ကိုင်နေသည်မှာ ပြောစရာမလို။ ထိုကဲ့သို့ တောက်တိုမည်ရ တစ်ယောက်က မြန်မာနိုင်ငံ ပါလီမန်လွှတ် တော်မှ ခေါင်းဆောင်များကို သူ့ကဲ့သို့ ငတုံးအထင်ဖြင့် လုပ်ငန်းလုပ်ဆောင်ပုံ တာဝန်များ သင်ကြားပေးနေခြင်းသည် အလွန်ပင် အသိတ ရား ကင်းပါးသည့် လုပ်ဆောင်ချက် ဖြစ်ပါသည်။
ကျပ်မပြည့်သည့် ဦးနှောက်ရှင်၊ အစွန်းရောက် ရခိုင်ကြီးက ထောက်ပြခဲ့သည်မှာ ဖွဲ့စည်းပုံ အခြေခံ ပုဒ်မ ၁၂၀ ပင် ဖြစ်ပြီး၊ ဦးရွှေမောင်ကို နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသူမဟုတ်ကြောင်း၊ လွှတ်တော်ထဲမှ နှင်ထုတ်စေလိုသည်။
ဦးရွှေမောင်၏ ဖခင်ဖြစ်သူသည် တစ်သက်လုံး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် စခမ်းမှူးတာဝန်ကို ထမ်းဆောင် လာခဲ့ရာ သက်ကြီး ပင်စင်ရယူသည့် အချိန်အထိဖြစ်ပါသည်။ ရွေးကောက်ပွဲမတိုင်မီ သူ၏နိုင်ငံသားဖြစ်မူကို ကိုယ်ရေးရာဇဝင်အတိအကျဖြင့် နိုင်ငံတော်က အကြိမ်ကြိမ် စိစစ်ခဲ့ပြီးမှ ငြင်းနိုင်စရာမရှိသောကြောင့် ရွေးကောက်ပွဲဝင်ခွင့်ပြုခြင်း ဖြစ်ပါသည်။
၎င်းအပြင် ဦးရွှေမောင်သည် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) မှ အသက်မွေးဝမ်းကျောင်း အင်ဂျီနီယာဘွဲ့ ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ယူခဲ့သူ ဖြစ်ရာ၊ အဆိုပါ တက္ကသိုလ်၌ နိုင်ငံခြားသားများ တက်ရောက် ပညာ သင်ကြားခွင့် မရကြပေ။ ဦးရွှေ မောင်၏ နိုင်ငံသားဖြစ်မှုတွင် ငြင်းဆန်နိုင်ရန် အကြောင်းမရှိသောကြောင့် ယင်းကဲ့သို့ RIT တွင် တက်ရောက် ပညာသင်ကြားခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မျက်ကန်းနွားသိုး လူမျိုးရေး၊ ဘာသာရေးအစွန်းရောက် ရခိုင်ပါလီမန်အမတ်များက ခိုင်အောင်ကျော်နည်းတူ ဦးရွှေ မောင်အပါ အဝင် ရိုဟင်ဂျာ ပါလီမန်လွှတ်တော်အမတ်များကို နှင်ထုတ်ရန် အကြိမ်ကြိမ်တောင်းဆို ကြိုးပမ်းမှုများ ရှိ ခဲ့လေသည်။ သို့ရာတွင် ပါလီမန်လွှတ်တော်မှ ယင်းသို့တောင်းဆိုမှုများကို တရားဝင်တုန့် ပြန်မှုများ ရှိခဲ့ပြီး ယင်းတို့၏ နိုင်ငံသား ဖြစ်မှုကို အာမခံထားခဲ့လေသည်။
ယခုအချိန်အထိ “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်”၊ ‘ငပေါ့ကြီးပေါ့နေမြဲ’ ဆိုသည့်အတိုင်း နားမ လည်နိုင်ဘဲ ရှိနေခြင်း ပင်ဖြစ်ပါသည်။ မြန်မာအပြောတစ်ခုကို သတိရမိသည်။ “ယိုသူမရှက်၊ မြင်သူရှက်” ဟူ၍ ဖြစ်သည်။ ဤကဲ့သို့ ကျပ်မပြည့်သည့် အသိတရားဖြင့် အများသူငါရှေ့ ဆောင်းပါးရေးသားမှုက ရေးသူ မရှက်သော်လည်း အကြောင်းသိသော (ရခိုင်အ မတ်) ဖတ်ရသူများ အဖို့ အရှက်ရနေလိမ့်မည်။  
သို့ရာတွင် ရခိုင်လွှတ်တော်အမတ်မင်းများအစ အမေရိကန်ရောက် ရခိုင်တောက်တိုမည်ရအထိ တစ်ချိန် တည်း၊ တစ်သံတည်း တစ်ခုတည်းသော ဆန္ဒကိုလေ့လာမည်ဆိုပါက ဤကဲ့သို့တောင်းဆို ကြိုးပမ်းမှုများ သည် ရခိုင်တို့၏ အမျိုးသား နိုင်ငံရေးမှ မာတိကာ တစ်ရပ်ဖြစ်ကြောင်း သဘောပေါက်နိုင်သကဲ့သို့ ယင်းတို့ ၏ ရခိုင်ပြည်နယ် နိုင်ငံရေးနှင့် လုံခြုံရေးကို အကြောင်းပြကာ ခေါင်းဆောင်များအချင်းချင်း တွေ့ဆုံမှု၊ ညီ လာခံများကျင်းပမှု အစရှိသည်အားလုံးသည် ရိုဟင်ဂျာတို့အား အမြစ်ကလှန် ဖျက်ဆီးပစ်ရန် ခြေလှမ်း များဖြစ်ကြောင်း နားလည်ရန်လိုသည်။
ယခုတလော ရခိုင်ပြည်အနှံ့အပြားတွင်လည်း ယာယီနိုင်ငံသားကဒ်ပြား အဖြူရောင်ကိုင်ဆောင် ထားသူများ ကို မဲပေးပိုင် ခွင့်မပြုရန်၊ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံခွင့် မပြုရန်၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အမြန်ဆုံးအ ကောင် အတည်ဖော်ရန်၊ ရိုဟင်ဂျာများ နိုင်ငံခြားသားများဖြစ်၍ သန်းခေါင်စာရင်းကောက်ယူခြင်းမပြုရန်နှင့် ရိုဟင်ဂျာတို့ အား လူမှုရေး အကူအညီပေးလျက်ရှိသည့် ကုလသမဂ္ဂ ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံတကာ NGO များ ထွက်ခွါသွား ရန် မြို့နယ်တိုင်းလိုလိုပင် တောက်လျှောက် ဆန္ဒပြ တောင်းဆိုလျက်ရှိသည့်အပြင် ရခိုင်ပြည်၏ လုံခြုံရေးကို ရခိုင်သားများ တာဝန်ယူရန် ဟူသည့်အကြောင်းပြချက်ဖြင့် ညီလာခံများခေါ်ယူရန် ရခိုင်ခေါင်းဆောင်းများအားလုံး စုစည်းစုစည်း စီစဉ် နေခြင်း စသည်တို့ကို အကဲခတ်ပါက…ဤဖြစ်ရပ်များသည်လည်း တချိန်တည်း၊ တသံတည်း၊ နေရာအနှံ့ ပြိုင်တူဖြစ်ပေါ် လျက်ရှိနေခြင်းသည် ရခိုင်တို့၏ အမျိုးသားနိုင်ငံရေး အစီအစဉ်များထဲမှ မဟာဗျူဟာ၊ နည်းဗျူဟာများ ဖြစ်ပြီး၊ ယင်းတို့၏ လွတ်လပ်သော ရခိုင်နိုင်ငံတော် ပြန်လည်ထူထောင်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ရခိုင်အင်းအားစုများကို ရခိုင်ပြည် နယ်အတွင်း စုစည်းနိုင်ရန် ရိုဟင်ဂျာများကို လက်ညှိုးထိုးကာ မြန်မာစစ်အာဏာရှင်များအား ချဉ်းကပ်နေခြင်း ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာစစ်အာဏာပိုင်များနှင့် ရခိုင်အစွန်းရောက်တို့၏ နိုင်ငံရေး ပယောဂကြောင့် ရိုဟင်ဂျာတို့ ရခိုင်ပြည် မြေကြီးပေါ်တွင် တည်ရှိနေသရွေ့ သတ်ဖြတ်ခံရမည့် အန္တရာယ်စက်ကွင်းမှ မလွတ်ကင်းနိုင်ကြောင်း တင်ပြလိုက်ပါသည်။