Tuesday, July 17, 2018


ဒေါက်တာအေးချမ်း - မြန်မာနိုင်ငံအတွင်းမှ သန္ဓေယုတ် (ဒုတိယပိုင်း၊ နိဂုံး)

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)

ဒေါက်တာအေးချမ်းသည် ရိုဟင်ဂျာနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ကို ဖဲ့ယူရန် ၂၀၁၂ ခုတွင် မဟာဗျုဟာပြောင်းလဲ လာခဲ့ ကြောင်း၊ ၂၀၁၇ တွင် ကျင့်သုံးလာသည့်မှာ နောက်ဆုံးပေါ် မဟာဗျုဟာဖြစ်သည့် လူအင်အားနှင့် လူလှိုင်းလုံးကို အသုံးပြုပြီး လူ သားမျိုးနွယ် ထိုးစစ်နှင့် ရခိုင်ပြည်နယ်ကို သိမ်းပိုက်ဖို့ ကြံစည်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။ လူအင်အား အလုံးအရင်းဆို သည်မှာ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးစုသာလျှင် လူများစုဖြစ်ပြီး ရိုဟင်ဂျာမှာမူ လူနည်းစုဖြစ်သည်။ သို့သော်လည်း သူသည် ထိုလူနည်းစုအား အဘယ်ကြောင့် အလွန်ကြောက်မက်ဘွယ်ရာ လူထုအင်အားကြီးအဖြစ် ပုံကြီးချဲ့ကာ ပြသရန် ကြိုးပမ်းနေရ သနည်း။ လက်တွေ့တွင်မူ ရိုဟင်ဂျာအင်အား ၇၀၀,၀၀၀ ကျော်သည် အမှန်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ လှိမ့်ဝင်သွားခဲ့ပြီဖြစ်၍ ရခိုင်ပြည်ကို သိမ်းပိုက်ရန်ဆိုသည်မှာ ဟုတ်ကိန်းရှိသလားဟူ၍ ဆက်လက် ဆင်ခြေပေးရန် မလိုအပ်တော့ပါ။

ထို့အပြင် သူက ၁၉၈၈ ခု ဒီမိုကရေစီ အရေးအခင်းကာလတွင် ရိုဟင်ဂျာများ အလံတင်ပြီး ပြန်ပေါ်လာခဲ့ပြီး OIC ကဲ့သို့ အဖွဲ့အ စည်းများက သူတို့အား အကူအညီများ ပေးလာသည်ဟု စွပ်စွဲထားသည်။ ထိုအချက်နှင့်ပတ်သက်၍ သူ့ထံတွင် ခိုင်လှုံသော အ ထောက်အထားများရှိပါက အများသိစေရန် ထုတ်လွှတ်ပြသဖို့ ကောင်းပါသည်။ ဆက်လက်၍ သူက “အဲဒီနောက်ပိုင်း သူတို့ရဲ့ မ ဟာဗျုဟာ ထင်ထင်ရှားရှား ဘာပေါ်လာသလဲဆိုရင် ဒါ…တို့အစ္စလာမ်လို့ခေါ်တဲ့ မူဆလင် အစ္စလာမ်ဘာသာကြီးစိုးတဲ့ နယ်မြေ တစ်ခု ထူထောင်ဖို့ဆိုတဲ့ဟာကို အတိအလင်း ကျေညာလာပါတယ်” ဟု ယုတ်မာစွာ မမှန်မကန် စွပ်စွဲပြီး ထိုအချက်ကို ၁၈ ရာစု နောက်ပိုင်း ဆော်ဒီအာရေဗျတွင် ပေါ်ပေါက်လာခဲ့သည့် “ဝါဟာဗီ (Wahabi)” လှုပ်ရှားမှုနှင့် ဆက်စပ်ထားသည်။ ဝါဟာဗီဆို သည့် ဘာသာရေး ပညာရှင်များ၏အယူကို ရှင်းပြရာ၌လည်း ဦးအေးချမ်းက ‘မူဆလင်ညီနောင် (Muslim brotherhood)’ ကိုပါ မဆီမဆိုင် ထည့်သွင်းပြီး မူဆလင်များ စားဝတ်နေရေးအတွက် ရေရရှိသည့်နေရာနှင့် လယ်ယာစိုက်ပျိုးနိုင်သည့် နယ်မြေအား လုံးကို သိမ်းပိုက်ရမည်၊ ထို့နောက် ၎င်းနေရာတွင် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ပြီး ဂျီဟတ်စစ်ပွဲဆင်နွှဲရန် အဆင်သင့် နေရာယူရမည်ဟူသည့် အချက်ကိုလည်း ဟာသဆန်ဆန် နားထောင်လိုက်ရသည်။ ထိုကဲ့သို့ ပြောဆိုမှုများသည် ဗဟုသုတ ခေါင်းပါးခြင်းနှင့် အောက်တန်းကျကျ ကောက်ကျစ်ယုတ်မာခြင်းကိုသာလျှင် ပြသခြင်းဖြစ်ပြီး ဝါ ဟာဗီအကြောင်း ကြားဖူးနားဝရှိသည်နှင့်ပင် ပညာရှင် လူစွမ်းကောင်း အယောင်ဆောင်နေခြင်းဖြစ်ကြောင်း သိသာပါသည်။ သူသည် ရခိုင်ပြည်မြောက်ပိုင်းအား အစ္စလာမ်ဘာသာဝင်များ ကြီးစိုးသည့် နယ်မြေထူထောင်ရန် ထုတ်ပြန်ခဲ့သည့် မည်သည့် ကျေညာချက်မျိုးကိုမှ ပြသနိုင်မည် မဟုတ်သကဲ့သို့ ရခိုင်ပြည်မြောက်ပိုင်းကို ဦးစွာသိမ်းပိုက်ပြီဆိုလျှင် လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ပြီး နောက်ထပ် ဂျီဟတ်စစ်ပွဲဆင်နွှဲရန်  အပြင်အဆင်များ အဘယ်ကြောင့် လိုအပ်သနည်းဟု စောဒကတက်စရာပင် ဖြစ်ပါသည်။

၎င်းအပြင် တစ်ချိန်လုံး “ရိုဟင်ဂျာဆိုတာ မရှိဘူး၊ မကြားဘူး” ဟု ဘူးကွယ်နေခဲ့သည့် ဦးအေးချမ်းသည် ဘူကာနန်၏ စာတမ်းကို ထုတ်ပြခဲ့သည့်နောက်ပိုင်း နည်းမျိုးစုံ ဥာဏ်နီဥာဏ်နက်သုံး၍ ငြင်းဆန်ပြောဆိုခဲ့သော်လည်း ခရီးမထွင်ဘဲ ဖြစ်နေခဲ့ရာ၊ ယခု ဆက်လက် ငြင်းဆန်ရန်မဖြစ်နိုင်ကြောင်း သဘောပေါက်လာသည်။ ထို့ကြောင့် သူ၏ဗီဒီယိုဖိုင်လေးတွင် “ရိုဟင်ဂျာဟူသည် ရခိုင်သားကို ကုလားလိုခေါ်တာဖြစ်တယ်” ဟု သူ့ဝသီအတိုင်း တစ်မျိုးပြောင်း၍ ပြောလာပြန်သည်။ မည်သို့ပင် ဆိုစေ ဦးအေး ချမ်း၏ ယခုကဲ့သို့ ဝန်ခံပြောဆိုမှုသည် ချီးကျူးစရာကောင်းလှသော်လည်း ရခိုင်သားအစစ်အမှန် မည်သူမည်ဝါဖြစ်သည်ကိုပါ ထည့်သွင်းပြောဆိုသွားပါက အမှန် လေးစားဘွယ်ကောင်းဦးမည်ဖြစ်သည်။ ယခု အချက်ကို ဖော်ထုတ်ရန်မှာ အမှန်ပင် လိုအပ် ချက်တစ်ရပ် ဖြစ်လာသည်။ ထိုအချက်ကို မှန်မှန်ကန်ကန် သုတေသနပြုနိုင်ရန် မည်သူသည် ရခိုင်ပြည်နယ်၏ မူလဘူတကျ သည့် ဌာနေတိုင်းရင်းသားဖြစ်သနည်း ဟူသည့်အချက်ကို ဦးစွာသိရှိရန် အလွန်ပင် အရေးကြီးလှပါသည်။

သမိုင်းမှတ်ရာမှတ်တမ်းများနှင့် ရခိုင့်ယဉ်ကျေးမှု၏ အမွေအနှစ်များဖြစ်သည့် ရှေးဟောင်းစေတီပုတိုးများ၊ ကျောက်စာပေစာပါ အသုံးအနှုန်းများကို လေ့လာပါက ရှေးခေတ်ရခိုင်ပြည်သည် ဟိန္ဒူမင်းဆက်များ ထူထောင်ခဲ့သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း ထင် ထင်ရှားရှား မြင်တွေ့ရပါသည်။ ထို့နောက် မြောက်များစွာသော ရှေးဟောင်း အမည်နာမများကိုလည်း ဗမာမှုပြုထားသည်ကို မြင် တွေ့နေရသည်။ အထက်ပါ အချက်အလက်များကို ထောက်ရှုခြင်းအားဖြင့် ရှေးဟောင်း ရခိုင်ပြည်၏ မူလဘူတကျသည့် ဌာနေ တိုင်းရင်းသားများသည် အင်ဒို-အာရီယာန် မျိုးနွယ်စုများဖြစ်သည်ကို ငြင်းဆန်ဘွယ် မရှိတော့ပေ။ ထိုအချက်ကြောင့် ယခင်က ရခိုင်ပြည်သမိုင်းကို ပြုစုခဲ့သူ ရခိုင်ပြည်ဖွား ဗုဒ္ဓဘာသာဝင်များက မိမိကိုယ်ကို  သာကီမျိုးနွယ်၊ အင်ဒို-အာရိယာန်ဖြစ်သည်ဟု ပြောကြားဟန်ရှိသည်။ အမှန်မှာ ထိုရခိုင်လူမျိုးဟု ပြောဆိုနေသူများသည် မွန်ဂိုလိုက်အနွယ်ဝင်၊ တီဘက်မြန်မာအုပ်စုမှ ဖြစ်ပါ သည်။ ထို့ကဲ့သို့ မွန်ဂိုလိုက်ဖြစ်ပါလျက် အင်ဒို-အာရိယာန်ဟု ပြောဆိုရန် အကြောင်းမရှိသော်လည်း ယခုကဲ့သို့ ပြောဆိုနေခြင်း သည် သွေးရိုးသားရိုးမဟုတ်ကြောင်း သိသာပါသည်။  
ရခိုင်တွင် ရှေးက အိန္ဒိယနိုင်ငံ၊ မဂ္ဂဒဟ် (Magadha) ပြည်နယ်မှ ထွက်ပြေးလာခဲ့သည့် ဗုဒ္ဓဘာသာဝင် အမြောက်အများရှိသည်။ ၎င်းတို့အား ဒေသအတွင်း၌ “မောဂ် (Magh)” လူမျိုးဟူ၍ ဒီကနေ့အထိ ခေါ်ဝေါ်သုံးစွဲလျက်ရှိသည်။ အေဒီ (၁၀) ရာစုခန့်တွင် ရခိုင်ရိုးမကိုဖြစ်ကျော်ပြီး ရောက်ရှိလာခဲ့သော အနော်ရထား (Anorata) ၏နောက်လိုက် တီဗက်-မြန်မာအုပ်စုဝင်များက ဟိန္ဒူလူ မျိုး ချန္ဒရာမင်းဆက်ကို နန်းချပြီး ဝေသာလီ (Vaishali) သိမ်းပိုက်ခဲ့လေသည်။ ထိုတီဗက်မြန်မာအုပ်စုဝင်များသည် မောဂ်တို့အား သွေးဖောက်မျိုးစပ်ပြီး ဒီကနေ့ ရခိုင်လူမျိုးဟု ခေါ်ဆိုလျက်ရှိသည့် လူမျိုးသစ်တစ်ရပ် ထွန်းကားလာသည်ဟု သုတေသီအချို့က စောဒကတတ်သော်လည်း ယခုအချိန်အထိ ၎င်းတို့ကို ဒေသခံ ရိုဟင်ဂျာ၊ ဟိန္ဒူနှင့် ဒိုင်းနက်တို့က မောဂ်ဟူ၍ပင် ခေါ်ဆိုလျက်ရှိ သကဲ့သို့ တဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း မောဂ်ဟူ၍ပင် ခေါ်ဆိုနေကြဆဲ ဖြစ်ပါသည်။ သို့ဖြစ်၍ မူလရခိုင်ပြည်သား အရင်း စစ်စစ်များသည် အင်ဒို-အာရိယာန်ဖြစ်ကြောင်း အလွန်ထင်ရှားပြီး ရခိုင်သားမှန်ပါက အင်ဒို-အာရိယာန်ဖြစ်ရမည်။ ဒီကနေ့ မိမိ တို့သည် အင်ဒို-အာရိယာန်၊ သာကီမျိုးနွယ်ဖြစ်ပြီး ရခိုင်ပြည်နယ်ကို မိမိတို့ပိုင်ဆိုင်သည်ဟု ပြောဆိုနေကြသူများသည် ရခိုင်သား ဟုတ်၊ မဟုတ် အတည်ပြုနိုင်ရန် DNA အစစ်အဆေးခံရန် လိုအပ်ပါသည်။

ဒေါက်တာအေးချမ်းကမူ ရိုဟင်ဂျာဆိုသည်မှာ ရခိုင်သားဟုခေါ်သည့် ကုလားစကားဖြစ်သည်ဟု မဆင်မခြင်ပြောဆိုပြီး၊ သမိုင်း မှန်ကို သွေဖည်နိုင်ရန် လိမ်ညာကောက်ကျစ်စွာ ကြိုးပမ်းနေသည်။ “အဲတော့ ရခိုင်သားမဟုတ်တဲ့ ဒီဘင်္ဂါလီအနွယ်တွေကို ရခိုင် သားလို့ခေါ်တယ်ဆိုတာ ရခိုင်လူမျိုးတွေအပေါ်မှာ လုံးဝ မတရားတာ ကျပါတယ်” ဟု အဆက်အစပ် မရှိဘဲ တဖက်သတ်ဆွဲပြီး ပြဿနာ ဆက်လက်ကြီးထွားလာစေရန် ကြိုးပမ်းနေသည်ကို ထင်ထင်ရှားရှား မြင်တွေ့နေရပါသည်။ ဒီပုဂ္ဂိုလ်သည် ရခိုင်ပြည် နယ်တွင် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပေါ်လာစေရန် နည်းလမ်းမျိုးစုံ၊ ဥာဏ်နီဥာဏ်နက်ပေါင်းစုံကို အသုံးချ၍ ယခုကဲ့သို့ ကြိုပမ်းလျက်ရှိသည်မှာ ကြာလှပြီဖြစ်ပါသည်။ တနည်းပြောရလျှင် ရခိုင်ပြည်နယ်မကဘဲ မြန်မာနိုင်ငံတဝှမ်း၌ အစ္စလာမ်ဘာသာ ဝင်များ လူမဆန်စွာ မိုက်မိုက်ရိုင်းရိုင်း သတ်ဖြတ်ခံနေရမှုများအတွက် တာဝန်အရှိဆုံးသူများအထဲတွင် ဒေါက်တာအေးချမ်းသည် ထိပ်ဆုံးတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး သူ့ကို မည်သည့်နည်းနှင့်မျှ ခွင့်လွတ်နိုင်စရာ အကြောင်းမရှိပေ။

ဒေါက်တာအေးချမ်းကဲ့သို့သော အတွေးအခေါ် နှိမ့်ချသည့် မိန်းမဥာဏ်ရှိသူများက ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်အားလုံး သည် ပင်လယ်ရပ်ခြားမှ ဝင်ရောက်ခိုလှုံ၊ အခြေချနေထိုင်သူများအဖြစ် အများက ထင်မြင်ယူဆလာရန် ယင်းတို့၏ အရေးအ သား၊ အပြောအဆိုများဖြင့် ပုံဖော်ဆောင်ထားသည်။ ကမ္ဘာပေါ်တွင် ဘာသာအယူအဆတစ်ရပ် ထွန်းကားလာခဲ့သည်ဆိုလျှင် မည်သည့်အရပ်ဒေသ၌မဆို ထိုအယူဝါဒကို လက်ခံသူတစ်စုက သာသနာပြုရန်ဖြစ်ဖြစ် သို့မဟုတ် အခြား အကြောင်းအရာ တစ် ခုခုကြောင့်ဖြစ်ဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့မှတဆင့် ယင်းအယူသည် ထိုဒေသခံများထံသို့ ကူးပြောင်းနေရာရယူခြင်း ဖြင့် ထွန်းကားလာခြင်းဖြစ်သည်။ ဒေါက်တာအေးချမ်းတို့၏ ဒဿနသည် အာရပ်လူမျိုးတစ်စု သင်္ဘောဖျက်၍ ဝင်ရောက်ခိုလှုံ လာခြင်း၊ မင်းစောမွန်နှင့် စစ်ကူလာသူများ အခြေချနေထိုင်ခြင်း၊ အင်္ဂလိပ်တို့က လယ်ယာလုပ်ငန်းနှင့် ကူလီအထမ်းသမားလုပ် ရန် လူခေါ်ယူလာခြင်း အစရှိသည်တို့ကို အကြောင်းပြု၍ ဒီကနေ့ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာအားလုံးကို တိုင်းတပါးမှ ဝင်ရောက် အခြေချနေထိုင်သူများအဖြစ် ထင်ယောင်ထင်မှားဖြစ်စေရန် ဖန်တီးပြောဆို၊ ရေးသားလျက်ရှိပြီး နယ်ခံမြေခံသား အ ရင်းအချာများ ဖြစ်သည်ကို ဖုံးကွယ်ထားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဒေါက်တာအေးချမ်း ပြုစုခဲ့သည့် The Influx of Viruses စာအုပ်၏ နိဒါန်းတွင် ရခိုင်ပြည်နယ်အတွင်း အစ္စလာမ်ဘာသာဝင်များ မည်သည့်ခေတ်က မည်မျှဝင်ရောက်နေထိုင်သည်ကို စာရင်းဇယားဖြင့် ဖော်ပြထားပြီး ယင်းတို့အား မြောက်ဦးမြို့တွင် နေရာ ထိုင်ခင်းပေးပြီး အခြေချနေထိုင်စေခဲ့သည်ဟု ရေးသားထားသည်။ မြောက်ဦးကို ယခင်က မြို့ဟောင်းဟု ခေါ်ဆိုခဲ့ပြီး၊ တစ်ချို့က လည်း ရွာဟောင်းဟုလည်း ခေါ်ဆိုဟန်ရှိသည်။ ထိုရွာဟောင်းကို အစွဲပြု၍ ရွာဟောင်းယား (ရွာဟောင်းသား) ဟု ခေါ်ဆိုရာမှ နောက်ပိုင်းတွင် ရိုဟင်းဂါဟု ဖြစ်လာသယောင် ဒေါက်တာအေးချမ်းက အခြားဗီဒီယိုဖိုင်တစ်ခု၌ မေးမြန်းခဲ့သူတစ်ဦးအား ဖြေ ကြားခဲ့သည်ကို ကြားသိလိုက်ရသည်။ ယခုကဲ့သို့ပြောဆိုမှုသည် အခြားပြောဆိုမှုများနှင့်စာလျှင် ပို၍ ယုတ္တိရှိသည်ဟု ယူဆမိပါ သည်။ သို့သော်လည်း တပ်အပ်မှန်ကန်သည်ဟု အဆုံးအဖြတ်ပေးရန် မခိုင်လှုံသေးပေ။ အဘယ်ကြောင့်ဆိုသော် Arakan ဟူ သည့် အခေါ်အဝေါ်သည် အာရဗီ သို့မဟုတ် ပါရှန်ဘာသာစကား Ar-Rukun မှ ဆင်းသက်လာကြောင်း၊ ထိုမှတဆင့် Rukun, Rakan အစရှိသည်အတိုင်း ပြောင်းလဲလာခဲ့ပြီး နောက်ဆုံးတွင် အင်္ဂလိပ်နှင့် ဥရောပနိုင်ငံသားများက Arakan၊ ဗမာ/ရခိုင်တို့က ၎င်းတို့အသံထွက်သည်အတိုင်း ရခိုင်ဖြစ်လာကြောင်း၊ အစရှိသည်အတိုင်း ဖော်ပြထားခဲ့သည့် သုတေသီများ၏ မှတ်ရာမှတ် တမ်း မြောက်များစွာရှိသကဲ့သို့ ဗုဒ္ဓဘာသာဝင်များကလည်း မိမိတို့ဘက်မှ ရက္ခ၊ ရက္ခိတ၊ အာရက အစရှိသည်အတိုင်း ဖော်ပြ ထားသည့် မှတ်ရာမှတ်တမ်းများ မြောက်များစွာပါရှိလေသည်။ မည်သည်အရာ မှန်ကန်သည်ဟု တိတိကျကျနှင့် အထည်ပေါက် ပြောဆိုနိုင်ရန် အဆိုပါ ဖော်ပြချက်များသည် ခိုင်လှုံသော သမိုင်းအချိတ်အဆက် တစ်စုံတစ်ရာကိုမျှ ပေးဆောင်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။

သို့သော် ဒေါက်တာအေးချမ်းကမူ သူတစ်ကြိမ်ပေါ်လာတိုင်း တစ်မျိုးစီ ထွင်လာသည်ကို အားးလုံးက သတိထားမိပြီဖြစ်သည်။ သူ၏ ယခုဖော်ပြချက်သည် ယခင်က ပြုစုထားခဲ့သမျှ သမိုင်းမှတ်တမ်းများနှင့် ဝိရောဓိ ဖြစ်နေပါသည်။ အထူးသဖြင့် ရွာဟောင်း သားကို ဘင်္ဂါလီလေသံဖြင့် ရိုဟင်ဂျာဟု ခေါ်ဆိုခြင်းဖြစ်သည်ဟူသည့် သူ၏သုံးသပ်ချက်သည် ယခင် ရခိုင်လူမျိုး သမိုင်းပညာ ရှင်ကြီးများ ပြုစုထားခဲ့သည့် သမိုင်းမှတ်တမ်းများနှင့် အလွန်ပင် ဝိရောဓိကျနေသည်။ တဖန် ရိုဟင်ဂျာဟူသည် ရခိုင်သားကိုခေါ် သည့် ဘင်္ဂါလီစကားဟု သုံးသပ်ခြင်းဖြင့် ရခိုင်သမိုင်းပညာရှင်များ၏ “အမျိုးသီလကို စောင့်ရှောက်တတ်သော ဝံသာနုရက္ခိတမှ ရခိုင်ဟူသည့် အသုံးအနှုန်း ဆင်းသက်လာခြင်းဖြစ်သည်” ဟူသည့် အဆိုသည် လုံးဝ အခြေအမြစ်မရှိဘဲ လိမ်ညာဖော်ပြခြင်း ဖြစ် ကြောင်းကို ဖော်ကောင်လုပ်သွားသည်။ ဒေါက်တာအေးချမ်းသည် ယခုကဲ့သို့ ရခိုင်တို့ပြုစုထားခဲ့သည့် သမိုင်းမှတ်တမ်းများကို ပညာသာပါပါ ငြင်းဆန်ခြင်းသည် စဉ်းစားစရာပင် ဖြစ်ပါသည်။ သူအဘယ်ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို ကျွန်ုပ် အ တွင်းတွင်းကျကျ သိနေသော်လည်း ဤဆောင်းပါး၏ မူလအာဘော်နှင့် မသက်ဆိုင်ခြင်းကြောင့်၎င်း၊ ဒေါက်တာအေးချမ်း၏ ပုဂ္ဂိုလ်ရေး လုံခြုံမှုကို ငဲ့ညှာသောကြောင့်၎င်း မရေးသားလိုပေ။

တကယ်တမ်း မြန်မာနိုင်ငံတွင် ရိုဟင်ဂျာတို့၏ဖြစ်တည်မှုနှင့် သက်ဆိုင်သည့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ စရိုက်အ သွင်လက္ခဏာများနှင့် အခြားသမိုင်းကြောင်း အချိတ်အဆက်များကို ခဲရာခြစ်ပစ်ရန် ကြိုပမ်းသည့်အနေဖြင့် သမိုင်းကို ရစရာမရှိ အောင် လိုရာဆွဲ ပြုပြင်ပြင်ဆင်ထားခဲ့ရာ၊ အမှားမှားအယွင်းအယွင်းများဖြင့် ပြည့်နှက်လျက်ရှိပြီး ယင်းရေးသားချက်များကို မည် သည့်နည်းနှင့်မျှ သမိုင်းအဖြစ် လက်ခံရန် မရှိတော့ချေ။ ရခိုင်လူမျိုးစုတို့သည် ရခိုင်သမိုင်းကို ဘီစီ ၆၀၀၀ အလွန် မာရယုမင်း အထိသွားပြီး သူတို့သမိုင်းအဖြစ် ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ တောင်းဆိုရန် မွန်ဂိုလိုက်အနွယ် တီဗက်မြန် မာအုပ်စုဝင်တို့သည် ဘာသာတရားဟူသည် အဘယ်နည်းဟူ၍တောင် မသိဘဲ၊ ယင်းတို့ အနေဖြင့် ဗုဒ္ဓဘာသာ အယူအဆကို ရယူကိုးကွယ်သည့် အချိန်ကာလကို သမိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်ပါသည်။

ဒေါက်တာအေးချမ်းသည် “ငါသည် သမိုင်းဆရာတစ်ဦး ဖြစ်သည့်အားလျော်စွာ ငါရေးသမျှ သမိုင်းဖြစ်လိမ့်မည်” ဟူသည့် အ လွန်တိမ်သည့် အသိဒဿနရှိသူဖြစ်ပြီး ထိုကဲ့သို့သော အဆင်အခြင်သည် ကလေးအတွေး၊ ကလေးအသိသာသာ ဖြစ်ပါသည်။ သာဓကတစ်ရပ် ပြရမည်ဆိုလျှင်  ဝေသာလီ (အမှန်မှာ vaishali) ချန္ဒရာမင်းဆက်နှင့်ပတ်သက်၍ ယင်အား ဘုရင်စန္ဒရားဟု ဗမာမှုပြုကာ ၎င်းတို့ရခိုင်ဘုရင်ဖြစ်ကြောင်း မဆင်မခြင် လိုရာဆွဲ ရေးသားထားသည်။ ထိုသို့ သမိုင်းကို အရှက်အကြောက်မရှိ၊ အဆင်အခြင်မဲ့စွာ လိမ်လည်မရေးသားမိ ချန္ဒရာဘုရင်၏ အုပ်ချုပ်မှုနယ်မြေသည် ရခိုင်ပြည်တစ်ခုတည်း မဟုတ်ဘဲ ဘင်္ဂလားကို လည်း သူတို့ အုပ်ချုပ်ခဲ့ဘူးသဖြင့် သူတို့သမိုင်းကြောင်းသည် ဘင်္ဂလားနှင့် အိန္ဒိယတစ်တိုင်းလုံးတွင်လည်း ပုံလျက်သာ ရှိနေ သည်ကို ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ သို့မဟုတ် စဉ်းစားနိုင်စွမ်း မရှိခဲ့ပေ။

ရိုဟင်ဂျာတို့၏ဖြစ်တည်မှုနှင့် ရခိုင်ပြည်သမိုင်းကိုလည်း တစ်ကြိမ်လျှင် တစ်မျိုးစီ လိမ်လည်လှည့်ဖြား ရေးသားမှုများ ပြုလုပ်ရာ၊ ယခုနောက်ဆုံး ရိုဟင်ဂျာဟူသည် ကုလားများက ရခိုင်သားကိုခေါ်ခြင်းဖြစ်သည်ဟု ပြောဆိုခြင်းသည် ခုခံချေပ ပြောဆိုမှုတစ် ရပ်သာဖြစ်ပြီး ၎င်းပြောဆိုချက်နှင့် ဆက်နွယ်လျက်ရှိသည့် အချက်အလက်များကို ဆင်ခြင်နိုင်ရန် ဒေါက်တာအေးချမ်း၌ အစွမ်း အစ မရှိပေ။ သူသည် ရခိုင်သားကို ဘင်္ဂါလီကုလားများက ရိုဟင်ဂျာဟုခေါ်ဆိုရာ၌ ရခိုင်သားများသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြောင်း၊ ထို့ကြောင့် မူဆလင်၊ ဘင်္ဂါလီကုလားများက ရိုဟင်ဂျာဟု ခေါ်ဆိုသည်ကို သဘောမတူ၊ လက်မခံနိုင်ကြောင်း တည့် တည့်မတ်မတ် ပြောဆိုသွားသည်။ အမှန်မှာ ရခိုင်ဟူသည်၎င်း၊ ရိုဟင်ဂျာဟူသည်၎င်း အသုံးအနှုန်း နှစ်ခုစလုံးသည် အတူတူ ပင်ဖြစ်ပါသည်။ ထိုအသုံးအနှုန်းသည် လူမျိုးစုနှစ်ခု၏ လေယူလေသိမ်း အနေအထား ကွဲပြားနေမှုကြောင့် ခြားနားနေသည်ဟူ ယူဆရခြင်းဖြစ်သည်။ ဤနေရာတွင် ထိုအသုံးအနှုန်းနှင့် ပတ်သက်၍ သိထားရန်လိုသည်မှာ ယင်းသည် လူမျိုး၊ ဘာသာတစ်ခု ခုကို အခြေခံ၍ ဆင်းသက်လာခြင်း မဟုတ်ဘဲ၊ နေရာဒေသကို အခြေခံ၍သာ ဆင်းသက်လာခြင်း ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ရခိုင်ပြည်တွင် မှီတင်းနေထိုင်သူ အားလုံးသည် ဗမာ/ရခိုင်ဘာသာစကားဖြင့် ရခိုင်ပြည်သားဖြစ်ပြီး ၎င်းကို အရပ်သုံးစကားဖြင့် ရခိုင်သားဟု တိုတိုနှင့် ခေါ်ကြခြင်းဖြစ်သည်။ အစ္စလာမ်ဘာသာဝင် များကလည်း ယင်းတို့၏ လေယူလေသိမ်းအတိုင်း ထိုရခိုင် ဒေသကို ရိုဝါန် သို့မဟုတ် ရိုဟင် (ရခိုင်အသံထွက် ရိုဟောင်း) ဟုခေါ်ဆိုခြင်းဖြစ်ပြီး၊ ထိုဒေသတွင် နေထိုင်သူအားလုံးကို ရိုဟင် ဂါ သို့မဟုတ် ရိုဟင်ဂျာဟု ခေါ်ဆိုခြင်းဖြစ်သည်။ လေ့လာသူများနှင့် ကျွမ်းဝင်ရင်းနှီးသူအားလုံးက သိရှိပြီဖြစ်သည်အတိုင်း ဗမာ နှင့် ရခိုင်လူမျိုးများအကြား စာပေအရေးအသား ထပ်တူဖြစ်သော်လည်း အသံထွက်ရာ၌ ကွဲလွဲမှုအချို့ရှိသည်။ အထူးသဖြင့် အက္ခရာတစ်လုံး၌ “ငသတ်” ပေါင်းပါက ဗမာအသံထွက်သည် ရခိုင်အသံထွက်နှင့် ခြားနားသွားသည်။ တနည်းပြောရလျှင် “ဟင်” ကို ဗမာများက “Hing” ဟု အသံထွက်တတ်ပြီး ရခိုင်များကမူ “Haung” ဟု အသံထွက်တတ်သည်။ ဤနည်းဖြင့် မူလက ‘ရိုဟင်ဂါ (Rohaung Ya)’ သည် ဗမာအသံထွက်ဖြင့် ‘Rohing Ya’ ဖြစ်နေရာမှ၊ ထိုစကားလုံးနှစ်ခုကို ဆက်ထားသဖြင့် ‘ရိုဟင်ဂျာ (Rohingya)’ ဖြစ်ရလာခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ မျက်မှောက်ကာလတွင် လူမျိုးစုတစ်ခုက မိမိကိုယ်ကို ရခိုင်လူမျိုးဟု ခေါ်ဆိုကြပြီး ထိုအသုံးအနှုန်းကို လူမျိုးစု အမည်အဖြစ် သုံးစွဲလျက်ရှိရာ အဓိက လူမျိုးစုနှစ်အကြား ပြေလည်ရာပြေလည်ကြောင်းနှင့် ဆက်လက်ပြီး ငြိမ်းချမ်းစွာ အတူတ ကွ ပူးတွဲနေနိုင်ရန် အချေအတင် ငြင်းဆိုကန့်ကွက်မှုများ မလုပ်တော့ဘဲ ရိုဟင်ဂျာတို့က ကြည်ဖြူစွာ လက်ခံအသိအမှတ်ပြု ထားသည်။ သို့ရာတွင်  ရခိုင်ပြည်ဖွား ရခိုင်ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာဝင်များအား မိမိတို့ကိုယ်ကို ရိုဟင် ဂျာ-ရခိုင်၊ ရိုဟင်ဂျာ-ဟိန္ဒူနှင့် ရိုဟင်ဂျာ-မူဆလင်ဟု ခေါ်ဝေါ်ကြပြီး၊ နတ်မြစ်တစ်ဘက်ကမ်း ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သူများ နှင့် ထိုဒေသမှ ရွှေ့ပြောင်း ဝင်ရောက်လာသူများအား အနောက်သား သို့မဟုတ် ဘင်္ဂါလီ-ရခိုင်၊ ဟိန္ဒူဆိုလျှင် အနောက်သား သို့မဟုတ် ဘင်္ဂါလီ-ဟိန္ဒူနှင့် မူဆလင်ဆိုလျှင် အနောက်သား သို့မဟုတ် ဘင်္ဂါလီ-မူဆလင်ဟူ၍ အသီးသီး ခွဲခွဲခြားခြားခေါ်ဝေါ် သုံးစွဲလေ့ရှိသည်။ ယုတ်စွအဆုံး ကျွဲနွားတိရစ္ဆာန်များနှင့် အသုံးအဆောင်ပစ္စည်းများကိုပါ ယင်းနည်းတူ ခွဲခွဲခြားခြား သုံးစွဲတတ် ခြင်းဖြစ်သည်။ သာဓကပြရမည်ဆိုလျှင် ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နိုင်ငံရေးပါတီများ တရားဝင် မှတ်ပုံတင်ခွင့်ပြု သောအခါ အငြိမ်းစား လေတပ်ဗိုလ်မှူး ဦးထွန်းကျော်ဦး ဦးဆောင်သည့် ရခိုင်နှင့် ရိုဟင်ဂျာလူမျိုးအချို့ ပူးပေါင်း၍ ‘အမျိုးသား ပါတီ’ အမည်ဖြင့် နိုင်ငံရေးပါတီတစ်ခုကို မှတ်ပုံတင်ခဲ့ပြီး ၁၉၉၁ ခု ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ဝင်ရောက်ယှဉ် ပြိုင်ခဲ့ဘူးသည်။ ထိုပါတီမှ ပါတီဝင် ရခိုင်အမျိုးသားများက ရိုဟင်ဂျာ-ရခိုင်၊ မူဆလင်များက ရိုဟင်ဂျာ-မူဆလင်ဟူ၍ ခံယူကြ သည်။ ထိုပါတီမှ ပါတီအဖွဲ့ဝင်များအတွက် ခိုင်မာသည့် သမိုင်းအကိုးအကားများဖြင့် လက်စွဲစာစောင်များ ပုံနှိပ်ထုတ်ဝေခဲ့သည်ရှိ ရာ ၎င်းစာစောင်းများကို လေ့လာစေလိုပါသည်။ အလားတူ ထိုခေတ်၌ နောက်ထပ် နိုင်ငံရေးပါတီတစ်ခုဖြစ်သော “မေယုဖွံ့ဖြိုး တိုးတက်ရေး ကျောင်းသားလူငယ်များ အဖွဲ့ချုပ်” ကလည်း မိမိကိုယ်ကို ရိုဟင်ဂျာခံယူသော ဟိန္ဒူအမျိုးသားများစွာကို အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ပြုခဲ့သည်။ ဤသည်ကား လုံးဝ ငြင်းစရာကင်းမဲ့သော ပကတိ အမှန်တရား ဖြစ်ပါသည်။  

“ငါရေးတိုင်း သမိုင်းဖြစ်သည်” ဟူသော အထင်ရှိသည့် ဒေါက်တာဦးအေးချမ်းတို့ကဲ့သို့ ကျပ်မပြည့်သူများသည် သမိုင်းတစ်ရပ် ကို ပြုစုမည်ဆိုလျှင် အတိတ်က အပြစ်အပျက်များသည် ပစ္စုပ္ပန် မြေပြင်အနေအထားနှင့် သဟဇာတဖြစ်ရန် လိုအပ်ပြီး၊ ထိုသို့ သဟဇာတဖြစ်ကြောင်း ရောင်ပြန်ဟပ်မှု ရှိ၊ မရှိ လေ့လာသုံသပ်ရန် အရေးကြီးသည်ကို သဘောပေါက် နားလည်ပုံ မရချေ။ ရှေး ဟောင်း ရခိုင်ပြည်သားများသည် အင်ဒို-အာရိယာန်များဖြစ်ကြောင်း၊ ဒီကနေ့ မြေပြင်တွင် ထိုအင်ဒို-အာရိယာန်တို့ မျိုးဆက်များ ဖြစ်သည့် ဟိန္ဒူနှင့် ရိုဟင်ဂျာများ ရှိနေသေးသော်လည်း မွန်ဂိုလိုက်အနွယ်ဝင်တို့ကို မဆီမဆိုင် ရခိုင်သားဟု ခေါ်ဆိုနေကြသည်။  ၎င်းအပြင် ယင်းတို့၏ လူမျိုးအမည်ကို ဗြောင်ကျကျ လိမ်လည်သုံးစွဲကာ၊ “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသည့်အတိုင်း မူလ နယ်ခံ မြေခံ အင်ဒို-အာရိယာန်တို့အား တရားမဝင် ခိုးဝင်နေထိုင်သူများဟု စွတ်စွဲပြီး ပြောဆိုရေးသားပါက ထိုအရာသည် မည်သည့် နည်းနှင့်မျှ သမိုင်းမဖြစ်နိုင်ပါ။

မိမိတို့၌ လူသိရှင်ကြား လူမျိုးအမည်တစ်ခု ရှိနေပါလျက် ထိုနာမည်ကို ထုတ်ဖော်ပြောဆိုရန် ရှက်ကြောက်နေခြင်း၊ (သို့မဟုတ်) မချင့်မရဲဖြစ်နေခြင်း (သို့မဟုတ်) အခြားရည်ရွယ်ချက် တစ်ခုခုရှိသဖြင့် မသုံးလိုခြင်း စသည်အခြေအနေများကြောင့် အဆိုပါလူ မျိုးအမည်ကို သမိုင်းတွင် ဖုံးကွယ်ထားလို၍ (သို့မဟုတ်) ပပျောက်စေလို၍ သူတပါး၏ အမည်နာမ သို့မဟုတ်  အများနှင့်သက် ဆိုင်သည့် အမည်နာမတစ်ခုခုကို တစ်စုံတစ်ဦး သို့မဟုတ် အသိုင်းအဝိုင်းတစ်ခုခုက သုံးစွဲနေသည်ဆိုလျှင် ၎င်းတို့သည် “အိုင်ဒီ သူခိုးများ” (Identiry Thieves) သာလျှင် ဖြစ်ပေသည်။

ရှင်းပြရမည်ဆိုလျှင် ဒီကနေ့ ရခိုင်ပြည်နယ်တွင် မိမိကိုယ်ကို ရခိုင်လူမျိုးအဖြစ် ပြောဆိုနေသည့် မွန်ဂိုလိုက်အနွယ်ဝင် ဗုဒ္ဓဘာ သာဝင်များကို ဒေသခံ အခြားတိုင်းရင်းသားများက “မောဂ် (Mogh)” လူမျိုးဟု၍ ကျယ်ကျယ်ပြန့်ပြန့် ခေါ်ဆိုလျက်ရှိသည်။ ထိုမျှ သာမက ၎င်းတို့ကိုယ်၌ပင်လျှင် မိမိကိုယ်ကို “မော်ဂိမာနူ (Magh people)” ဟူ၍ ခေါ်ဆိုကြသည်။ ထိုအချက်ကို အတွင်းကျကျ သိရှိနေပြီဖြစ်သော ဒေါက်တာအေးချမ်းတို့ ပြုစုကြသည့် သမိုင်းများ၌ တစ်ကြိမ်တစ်ခါမျှ ထည့်သွင်းရေးသားခြင်း မပြုပေ။ ထူး ဆန်းသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ထိုလူမျိုးကိုပင် အချို့ဒေသ၌ မောဂ်ဟူ၍၎င်း၊ အချို့ဒေသတွင် မရာဟူ၍၎င်း၊ အ ချို့၌ ရခိုင်ပြည်နယ်နှင့် တိုက်ရိုက်ဆက်နွယ်သူများက နောက်ဆုံးပေါ် အခေါ်အဝေါ်အတိုင်း ရခိုင်ဟူ၍၎င်း အသီးသီး ခေါ်ဆိုနေ ကြခြင်းဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နေရာဒေသ အနေအထားကိုလိုက်၍  နိုင်ငံရေးအကျိုးအမြတ်ကို မျှော်ကိုးကာ ယင်းကဲ့သို့ လူမျိုးအမည်ကို အမျိုးအမျိုး ပြောင်းလဲပစ်ခြင်းသည် ယင်းတို့၏ လုပ်ရိုး သဘာဝပင်ဖြစ်ကြောင်း ထင်ရှားလေသည်။

သို့သော်လည်းဘဲ တနယ်တည်းနေ တရေတည်းသောက် လူမျိုးစုများအကြား မသင့်မတင့်ဖြစ်လာမည်ကို မလိုလားသဖြင့် လူ များစုက အများနှင့်ဆိုင်သည့်၊ အထူးသဖြင့် အင်ဒို-အာရိယာန်များနှင့်ဆိုင်သည့် ရခိုင်ဟူသော အခေါ်အဝေါ်ကို ယင်းတို့လူမျိုး အမည်အဖြစ် အသုံးပြုနေခြင်းအား မကန့်ကွက်ကြသော်လည်း ရိုဟင်ဂျာများအဖို့ မိမိတို့၏ လေယူလေသိမ်းအတိုင်း မိမိကိုယ် ကို ရိုဟင်ဂျာဟု ခေါ်ဆိုရန်မှအပ ရွေးစရာ အခြားမရှိဘဲ ဖြစ်နေသည်။

ဒေါက်တာအေးချမ်းသည် သူ၏ဗီဒီယိုဖိုင်ထဲတွင် ၂၀၁၂ ခု၊ သြဂုတ်လ (၁) ရက်နေ့ ဘင်္ဂါလီမူဆလင်များက လန်ဒန်မြို့၌ ညီလာ ခံတစ်ရပ် ကျင်းပခဲ့ပြီး အစ္စလာမစ် ရိုဟင်ဂျာနိုင်ငံတော် (Islamic Republic of Rohang Land) ဟု အတိအလင်း ကျေညာထား ကြောင်း၊ နိုင်ငံ၏အကျယ်အဝန်းမှာ ၂၆၀၄၂ စတုရန်းကီလိုမီတာရှိ၍ မြို့တော်မှာ စစ်တွေဟု ကျေညာထားကြောင်း… စသည် ဖြင့် ပြောဆိုသွားခဲ့သည်။ ပညာရေးနယ်ပယ်တွင် အမြင့်ဆုံး ပါရဂူဘွဲ့ရရှိထားပြီဟု မောက်မာစွာ ဝင့်ကြွားတတ်သူ၊ ထို့အပြင် သ မိုင်းမြောက်များစွာကို ပြုစုထားသူဟု အကြွားသန်သူ ဤပုဂ္ဂိုလ်သည် ယခုကဲ့သို့ ပညာရှင်ကြီးဖြစ်ပါလျက် မိမိ၏အဆင့်အတန်း ကိုပင် မငဲ့မညှာဘဲ ဤမျှအောက်တန်းကျကျနှင့် ယုတ်မာစွာ လိမ်ညာဇာတ်ခင်းပြီး ပြောဆိုနေနိုင်ပုံကို ထောက်လျှင် အလွန်ပင် စက်ဆုပ်ရွံ့ရှာဘွယ် ကောင်းသူတစ်ဦးဖြစ်ကြောင်း သိသာလှပါသည်။ ဒေါက်တာအေးချမ်းတစ်ယောက် သူ့ဗီဒီယိုတွင် ယင်းကဲ့ သို့ကျေညာခဲ့ကြောင်းကို ဟုတ်မှန်သကဲ့သို့ ပြောဆိုခြင်းအပေါ် အဆိုပါပုဂ္ဂိုလ်ထံ၌ ခိုင်မာသည့် သက်သေအထောက်အထား တစ်စုံတစ်ရာ လက်ဝယ်ပိုင်ဆိုင်ပါက အများပြည်သူသို့ မျှဝေရန် ပြတ်ပြတ်သားသား စိန်ခေါ်လိုက်ပါသည်။

ရခိုင်ပြည်နယ် ပြဿနာကြီးထွားခဲ့ရမှုကြောင့် မြန်မာဆိုလျှင် ကမ္ဘာသူ၊ ကမ္ဘာသားများရှေ့တွင် ဂုဏ်သိမ်ငယ်နေရခြင်း၊ နိုင်ငံအ စိုးရအပေါ် ကြီးမားစွာ ဖိအားပေခံနေရခြင်း အစရှိသည်များသာမကဘဲ တဖြည်းဖြည်း အပြစ်ပေး အရေးယူမှုများလည်း စတင် လျက်ရှိနေပါသည်။ အချိုးမပြေပါက နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိပါးလာကိန်းရှိသည်။ ဤကိစ္စ ဤမျှအထိ ကြီးထွား လာရခြင်းသည် ဒေါက်တာအေးချမ်းကဲ့သို့ လူယုတ်မာတစ်စုကြောင့်ဖြစ်သည်။ ယခုအခါ ဒေါက်တာအေးချမ်းသည် မိမိကြောင့် ဟူသည့်အချက်ကို ရှောင်ရှားနိုင်ရန် ရိုဟင်ဂျာတို့အပေါ် အပြစ်ပုံချကာ အစ္စလာမစ် ရိုဟင်ဂျာနိုင်ငံတော်အကြောင်းကို ဇာတ် ကွက်ဆင် ပြောဆိုနေခြင်း ဖြစ်ပါသည်။

နိုင်ငံတော်အကြီးအကဲများနှင့် လူထုအကျိုးပြု အဖွဲ့အစည်းများသည် ဒေါက်တာအေးချမ်းဆိုသူအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ များအပေါ် တစ်စုံတစ်ရာ အကျိုးတရား၊ အမြတ်အစွန်း ပံ့ပို့နိုင်မည်အထင်ဖြင့် တပူးပူးတတွဲတွဲ ရှိနေကြရာ၊ အဆိုပါပုဂ္ဂိုလ်မှာ မည်သည့်ဂူထဲက ဆင်းသက်လာပြီး မြန်မာနိုင်ငံအတွင်းသို့ မည်သို့မည်ပုံ ရောက်ရှိနေသည့် သန္ဓေဆိုးတစ်ရပ်ဖြစ်သနည်း ဟူ သည့်အချက်နှင့် သူ၏ဒဿနအမြင်၊ ပင်ကိုယ်စရိုက်လက္ခဏာ အပါအဝင် အခြားဆက်စပ်အကြောင်းအရာ အားလုံးကို သိရှိပြီး မှန်ကန်စွာ ဆင်ခြင်နိုင်ရန် ဆန္ဒပြုအပ်ပါသည်။

အစဉ်လေးစားစွာဖြင့်၊
ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)
ဇူလိုင် (၁၇) ရက်၊ ၂၀၁၈။


Wednesday, July 11, 2018


ဒေါက်တာအေးချမ်း - မြန်မာနိုင်ငံအတွင်းမှ သန္ဓေယုတ် (ပထမပိုင်း) 


ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်) 

နိုင်ငံတစ်ခု၏ ကောင်းစားရေးအတွက် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ အားကိုးရလောက်သည့် ပညာရှင်ပုဂ္ဂိုလ်မွန် များ နိုင်ငံတိုင်းတွင် ရှိတတ်ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတွင်လည်း အလားတူ မွန်မြတ်သည့် ပညာရှင် အမြောက်အ များရှိသည်။ ယင်းပညာရှင်များကို နိုင်ငံတော်အစိုးရ၊ သမ္မတ၊ ဝန်ကြီးချုပ် အစရှိသည့် ထိပ်တန်းအာဏာပိုင် နိုင်ငံ့ခေါင်း ဆောင်များက အထူးယုံကြည် အားကိုးသကဲ့သို့ ပြည်သူပြည်သားများနှင့် အခြားအသိပညာရှင် အတတ်ပညာရှင် အသိုင်း အဝိုင်းများကပါ အထူးကြည်ညို လေးစားကြသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတွင် သမိုင်းဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိထားပြီး ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦးရှိသည်။ အဆိုပါပုဂ္ဂိုလ်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ဒေါက်တာအေးချမ်း ဆိုသူဖြစ်သည်။ ဒေါက်တာ အေးချမ်းသည် နိုင်ငံတော်နှင့် ပြည်သူများအပေါ် မည်သည့်ကောင်းကျိုးများ ပံ့ပိုးလျက်ရှိသည်ကို သိရှိခွင့်မရသော်လည်း အဆင့်မြှင့် အစိုး ရအာဏာပိုင်များနှင့် အတော်ပင် ရောနှော ခရီးပေါက်နေသည်ကို မြင်တွေ့နေရသကဲ့သို့၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ အကြားတွင်လည်း ထွင်ထွင်ကျယ်ကျယ် လှုပ်ရှားနေသည်ကို မြင်တွေ့နေရသည်။ 

ဒေါက်တာအေးချမ်းသည် သမိုင်းဆိုင်ရာ အချက်အလက်နှင့်သက်ဆိုင်သည့် အကြောင်းကြီးငယ်များကို စာရေးသား ပြုစုတတ်သည့် ဝါသနာရှိသူဖြစ်သည်။ သူ့စာရေးလောက၏ အစပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း အစ္စလာမ်ဘာသာဝင်များ၏ အခြေချနေထိုင်မှုဆိုင်ရာ သမိုင်းအချက်အလက်ပါ စာတမ်းတစ်ခုကို ပြုစုခဲ့ပေသည်။ အဆိုပါစာတမ်းအား ခိုင်မာသည့် သ မိုင်းအကိုးအကား၊ ပြောင်မြောက်သည့် သုံးသပ်ချက်၊ ထင်မြင်ယူဆချက်များနှင့် ကောက်ချက်များဖြင့် ရေးသားပြုစုထား မှုကြောင့် သူ့နာမည်ကို စတင် ကြားသိခွင့်ရရှိခဲ့ပါသည်။ သို့ရာတွင် ထို့နောက်ပိုင်း သူသည် ရိုဟင်ဂျာ သမိုင်းကြောင်းနှင့် ပတ်သက်၍ အင်တာနက်စာမျက်နှာပေါ်တွင် ယခင်ကအတိုင်းမဟုတ်ဘဲ မဟုတ်ကဟုတ်က ရေးသားထုတ်ဝေလျက် ရှိခဲ့ ရာမှ အပြန်အလှန် တုံ့ပြန်ရေးသားရင်း ကျွန်ုပ်နှင့် သိကျွမ်းခဲ့လေသည်။

ကျွန်ုပ်နှင့် တစ်ရပ်တည်းနေသူ ဒေါက်တာအေးချမ်းကို အများက ရခိုင်အမျိုးသားတစ်ဦးအဖြစ် သိထားသော်လည်း အမှန်မှာ သူသည် ဘရူဝါ (ခေါ်) မရမာကြီး အမျိုးသားစစ်စစ် တစ်ဦးဖြစ်ပြီး သူ့ဖခင်မှာ ကာလာဆန် ဘရူဝါ (Kalasan Barua) ဖြစ်ပါသည်။ သူတို့မိသားစုသည် ဗြိတိသျှကိုလိုနီခေတ်အတွင်း စစ်တကောင်းဒေသမှ ဘူးသီး တောင်မြို့သို့ ရွှေ့ပြောင်းနေ ထိုင်ခြင်းဖြစ်ပြီး၊ သူ့ဖခင်မှာ အိန္ဒိယနွယ်ဖွား ဟိန္ဒူအမျိုးသားတစ်ဦး၏ ပန်းထိမ်လုပ်ငန်း၌ နေ့ခစားအလုပ်သမားအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၁၉၄၁ ခုနှစ်ခန့်တွင် မြန်မာနိုင်ငံမှ အိန္ဒိယအမျိုးသားများ ဒီကနေ့ ရိုဟင်ဂျာနည်းတူ ပက် ပက်စက်စက် လုယက်၊ မောင်းထုတ်ခံခဲ့ရစဉ်က အဆိုပါဟိန္ဒူအမျိုးသား လုပ်ငန်းရှင်းမှ မိမိပိုင် ပန်းထိမ်လုပ်ငန်းအပါအဝင် အိုးအိမ်ခြံမြေအားလုံးကို မိမိ၏လူယုံတော် ကာလာဆန်ဘရူဝါအား ပေးအပ်ခဲ့ပြီး အိန္ဒိယသို့ ထွက်ခွါသွားခဲ့လေသည်။ ဤတွင် ဒေါက်တာအေးချမ်းတို့၏ မိသားစုဘဝ၌ အနေချောင်သွားခဲ့လေသည်။ 

ဒေါက်တာအေးချမ်း၏ဖခင်သည် ဖဆပလ ခေတ်ကြီးတွင် နိုင်ငံရေး၌ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားခဲ့မှုကြောင့် ဘူးသီး တောင်နယ်မြေတွင် ဖဆပလ ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရသကဲ့သို့ ထိုဒေသရှိ ရိုဟင်ဂျာခေါင်းဆောင်များနှင့် အလွန်ပင် ရင်းရင်းနှီးနှီးရှိခဲ့သူဖြစ်သည်။ သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ဦးဆောင်ဦးရွက်ပြုပြီး “ရိုဟင်ဂျာရိုးရာ ပြဇာတ် (Rohingya Theater)” ကို ရေးသား၍ နယ်တကာလှည့်လည် ပြသခဲ့ဘူးသည်။ ထို့ကြောင့် ကာလာဆန်ဘရူဝါသည် ရခိုင် ပြည်နယ် ဘူသီးတောင်-မောင်တော ဒေသတဝိုက်၌ ရိုဟင်ဂျာများ လူချစ်လူခင် အလွန်ပေါ့များသူဖြစ်ပြီး၊ အဆမတန် လေးစားခံရသူတစ်ဦးလည်း ဖြစ်ပါသည်။

ဒေါက်တာအေးချမ်းသည် သမိုင်းပညာရှင်တစ်ဦးဖြစ်သည်ကို အကြောင်းပြု၍ ဂုဏ်ယူဝင့်ကြွား မောက်မာစွာဖြင့် ရိုဟင်ဂျာ ဟူသည် မကြားခဲ့ဘူးကြောင်း၊ မရှိခဲ့ကြောင်း၊ ဗြိတိသျှ မှတ်ရာမှတ်တမ်းများ၌လည်း လေ့လာမတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အ သုံးအနှုန်းကို ပါလီမန်ဒီမိုကရေစီခေတ်က ဘူးသီးတောင် ပါလီမန်အမတ် မစ္စတာ အပ်ဒူလ်ဂဖ္ဖါး (Abdul Gaffar) မှ ထွင်လိုက်သည့် အသုံးအနှုန်းဖြစ်ကြောင်း၊ ဒီကနေ့ မိမိကိုယ်ကို ရိုဟင်ဂျာဟု ပြောဆိုနေသူများသည် စစ်တကောင်းဒေသမှ ဝင်ရောက်လာသူဖြစ်ပြီး ရခိုင်ပြည်နယ်သားများ မဟုတ်ကြောင်း၊ ၎င်းတို့ ပြောဆိုဘာသာစကားသည်လည်း စစ်တကောင်း ဘာသာစကားဖြစ်ကြောင်း အစရှိသည်ဖြင့် ဘူးကွယ်သည့် အရေးအသားများကို အင်တာနက်ပေါ်တွင် စိန်ခေါ်ရေးသား ထုတ်ဝေပြီး တစ်ချိန်လုံး ဗုဒ္ဓဘာသာဝင်များ၏ စိတ်ထဲ၌ မူဆလင်ဘာသာဝင်များအပေါ် အမုန်းစိတ်များ တိုးပွားစေခဲ့သူဖြစ် သည်။ ကျွန်ုပ်တို့အုပ်စုကလည်း ခိုင်လှုံသည့် သမိုင်းအချက်အလက်များ အကိုးအကားဖြင့် တုန့်ပြန် ရေးသားလေ့ရှိခဲ့သည်။ ယင်းကဲ့သို့ အပြန်အလှန် ရေးသားမှုများကို မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူအတော်များများက သိနေပြီဖြစ်ပါသည်။ ၎င်းအပြင် ယခုကဲ့သို့ သမိုင်းဆရာတစ်ဦးမှ လူမျိုးဘာသာအစွန်းရောက် စိတ်ထားကြောင့် ရေးသားဖြန့်ချီနေမှုများကို မြန် မာနိုင်ငံသားအများစုက သမိုင်းဟုအထင်ခံရဘွယ်ရှိသဖြင့် နှစ်ဘက်တွေ့ဆုံပြီး ရခိုင့်သမိုင်းကျွမ်းကျင်သူ အထင်ကရ ပြည် တွင်းပြည်ပ သမိုင်းပညာရှင်များအား ဖိတ်ကြား၍ သမိုင်းဆိုင်ရာ နှီးနှော်ဖလှယ် တစ်ရပ်ကျင်းပရန် ကျွန်ုပ်တို့ ကမ်းလှမ်းခဲ့ ပြီး ၎င်းပညာသင်ပေးလျက်ရှိသော ဂျပန်နိုင်ငံတွင်တစ်ကြိမ်၊ အမေရိကန်နိုင်ငံ နယူးယောက်တွင်တစ်ကြိမ် နှစ်ကြိမ်တိုင် တိုင် ကြိုးပမ်းခဲ့ဘူးသည်။ နှစ်ကြိမ်စလုံးပင် သူ၏အပေါင်းအပါများဖြင့် တက်ရောက်ရန် သဘောတူထားခဲ့သော်လည်း လက်တွေ့တွင် သူ့ဖက်က မည်သူတစ်ဦးတစ်လေမှ တက်ရောက်ခဲ့လာခြင်း မရှိခဲ့ပေ။ အမှန်တရားကို မရင်ဆိုင်ရဲကြောင်း ထင်ရှားပါသည်။ သူသည် အကြောင်းမျိုးစံကိုပြ၍ ပတ်ပြီးရှောင်ပြေးတတ်သူ တစ်ဦးဖြစ်သည်။ ဒေါက်တာအေးချမ်းသည် အရေးအသားပိုင်းတွင် အပြောကြီးပြီး၊ အကြွားသန်သလောက် ပညာရှင်ကောင်းတစ်ပါးဖြစ်သည်ဟု အသိအမှတ်ပြုရန် ခက်ခဲသည်အထိ လက် တွေ့တွင် ဂုဏ်သိက္ခာနှင့် အကျင့်သီလ ကင်းမဲ့သူဖြစ်သည်။

ဤသို့ဖြင့် ၂၀၁၃ ခု၊ မတ်လ (၉) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟီးဒေါ့တက္ကသိုလ် (Mahidol University) ၌ ၎င်းတို့ဖာသာ ရခိုင့်သမိုင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပခဲ့ရာ ထိုနှီးနှောဖလှယ်သို့ မည်သည့်ရိုဟင်ဂျာကိုမျှ ဖိတ် ကြားခဲ့ခြင်းမရှိသော်လည်း အမေရိကန်မှ ကိုဌေးလွင်ဦး၏ ကြိုပမ်းမှုဖြင့် သူအပါအဝင် ရိုဟင်ဂျာ (၄) ဦး တက်ရောက်ခွင့်ရ ရှိခဲ့လေသည်။ ၎င်းပွဲ၌ ကိုဌေးလွင်ဦးမှ ၁၇၉၉ ခုနှစ်ထုတ် ဖရန့်စစ်ဘူကာနန် (Francis Buchanan) ၏ “A Comparative Vocabulary of Some of the Languages Spoken in the Burma Empire” စာအုပ်မိတ္တူကို ထုတ်၍ Roinga (ရိုဟင်ဂျာ - Rohingya ကို စာရေးသူ၏ အသံထွက်အတိုင်းရေးထားသည်) အသုံးအနှုန်းကို ထောက်ပြခဲ့လေသည်။ ဤတွင် “ငါပြော သမျှ သမိုင်းဘဲ” ဟု အာမခံချက်ဖြင့် တစ်ချိန်လုံး ရိုဟင်ဂျာဟူသည် မကြားဘူး၊ မသိဘူး၊ မရှိဘူး၊ ထွင်ချက်ဖြစ်သည်ဟု ကြွေးကြော်နေခဲ့သည့် ဒေါက်တာအေးချမ်းခမျာ မိုးကြိုးထိမှန်သကဲ့သို့ မလှုပ်မရှားနိုင်ဘဲ လူကို ကိုက်ဖြဲ ဝါးစားမလို ကြည့် နေခဲ့ပေသည်။ ထို့နောက် စာအုပ်ကို ဟိုဘက်ဒီဘက် လှန်ကြည့်ပြီး ဘာဖြေရမှန်းမသိဘဲ၊ ခဏအကြာ ထိုစာအုပ်သည် မိတ္တူသာလျှင်ဖြစ်၍ Secondary Source ဖြစ်ကြောင်း၊ သူ့ဟောပြောချက်များသည် မူရင်း Original Master Source ကို ကိုင်ဆောင် ဟောပြောနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ကိုဌေးလွင်ဦးမှ ပေးခဲ့သည့် မိတ္တူကော်ပီကို ငြင်းဆန်ရန် ကြိုးပမ်းခဲ့ ပါသည်။ သို့ရာတွင် ကိုဌေးလွင်ဦးက သူ့ဆီမှာ မူရင်းရှိကြောင်း ပြောဆိုပြီး ထုတ်ပြလိုက်သောအခါ ဒေါက်တာအေးချမ်းမှာ ယခု အဘယ်ကဲ့သို့ဖြေကြားရမည်ကို မသိတော့ဘဲ ဆောက်တည်ရာမရ၊ ဂနာမငြိမ် ဖြစ်နေခဲ့သည်။ တဖန် ဦးအေးချမ်းက ရိုဟင်ဂျာဟူသည် ရခိုင်ကို ပြောဆိုခြင်းဖြစ်ဟု တောင်စဉ်ရေမရ ဖြေကြားခဲ့လေသည်။ ကိုဌေးလွင်ဦးလည်း ခေသူတစ်ဦး မ ဟုတ်ဘဲ၊ စာအုပ်ထဲတွင် (မျက်မှောက်ကာလ ရိုဟင်ဂျာများ ပြောဆိုသည့် ဘာသာစကား အသုံးအနှုန်းနှင့်တူညီသော) ရိုဟင်ဂျာဘာသာ စကားလုံးအသုံးအနှုန်းများကို ဖော်ပြထားကြောင်း ပြောဆိုခဲ့သည်။ ဤတွင် ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဘာသာစကားသည် ရခိုင်ဘာသာစကားဖြစ်သည်ဟု ကမန်းကတန်း၊ မဆင်မခြင်ဖြေကြားလိုက်သည်။ ဆက်လက်၍ ကိုဌေးလွင်ဦးမှ ရိုဟင်ဂျာဟူသည် မဟာမေဒင် (Mohammeden) တို့ကို ခေါ်ဆိုကြောင်း ထောက်ပြပြန်ရာ ဒေါက်တာ အေးချမ်းက အရှက်တကွဲ ဖြစ်နေရသည်က တစ်ကြောင်း၊ ဆက်လက်ငြင်းဆန်ရန် မဖြစ်နိုင်ကြောင်းကို သဘောပေါက် သည်က တစ်ကြောင်း၊ ထိုနေရာတွင် ကြာကြာမနေတော့ဘဲ၊ သူတို့ကို မည်သူက ဖိတ်ကြားခဲ့သလဲဟု မကျေမနပ်ဖြင့် မေးခွန်းထုတ်ပြီး ထိုနေရာမှ ဒေါသူပုန်ထ ထွက်ခွာသွားခဲ့ရာ နှီးနှောဖလှယ်ပွဲလည်း ပျက်သွားရခဲ့လေသည်။

အမှန်တရားကို မြတ်နိုးသည့် မှန်ကန်သော သုတေသီတစ်ဦးအဖို့ ဤမျှဖြင့် လုံလောက်သော်လည်း အရှက်တရားကင်းမဲ့ သော ဒေါက်တာအေးချမ်းသည် မိမိ၏ ဂုဏ်သိက္ခာကိုပင်မငှဲ့ဘဲ ဆက်လက် ယုတ်မာလျက်ရှိသည်ကို မြင်တွေ့ရသည်။ သူ သည် မိမိအား ဆရာသမားအဖြစ်ခံယူပြီး ဘုရားတရားနှင့် တတန်းတည်းထားကာ တစ်ချိန်လုံး ပူဇော်ပသနေခဲ့သူ နောက် လိုက်သားတပည့်များ၏ အထင်သေးခံရမှုနှင့် ဝေဖန်ကဲ့ရဲ့ခံနေမည်ကို စိုးရိမ်မိပြီး အချိန်ကာလ တစ်ခုအထိ လူသူမြင်ကွင်း မှ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုကိုယ်ပျောက်နေခဲ့သည့် ကာလတလျှောက်တွင် သူသည် သူ့နည်းတူ သမိုင်းပ ညာရှင် ဖြစ်သည်ကို ဂုဏ်ရည်ဖော်ပြီး မိမိပညာကို အသပြာဖြင့် ရောင်းစားနေခဲ့သူ ပြင်သစ်နိုင်ငံသား ဂျက်လိုင်ဒါ (Dr. Jacques P. Leider) နှင့် သံမတန်အသိုင်းအဝိုင်းဟောင်းမှ ငွေကြေးရလော်ဘီ ဗြိတန်နိုင်ငံသား ဒီရက်တွန်ကင် (Derek Tonkin) တို့ နှင့် ပူးတွဲကြံစည်ပြီး မကြာမီက စာတမ်းတစ်ရပ် ထုတ်ဝေခဲ့သည်။ အဆိုပါစာတမ်း၌ ၁၉၇၇ ခုထုတ် ဘူကာနန်၏ စာအုပ် ထဲတွင် Roinga ဟု ရေးသားခြင်းသည် မျက်မှောက်ကာလ ရိုဟင်ဂျာ (Rohingya) ဟု ခေါ်ဆိုနေသူများကို ဆိုလိုသည်ဟု မယူဆနိုင်ကြောင်း စောဒကတက် ရေးသားခဲ့သည်။ ယင်းကဲ့သို့ ရိုဟင်ဂျာကို ဆိုလိုခြင်းမဟုတ်လျှင် ထိုဒေသအတွင်းရှိ မည်သည့် အသိုင်းအဝိုင်းအား ခေါ်ဆိုခဲ့သည်ကိုလည်း ရှင်းလင်းချက် မပေးခဲ့ပေ။ ယင်းကဲ့သို့ အဆီအငေါ် မထည့်နိုင်ခဲ့ သည့် အရေးအသားကြောင့် ဒေါက်တာအေးချမ်းသည် မိမိ၏သားတပည့်များကို ကျေနပ်မှု အပြည့်အဝပေးဆောင်ရန် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် အဆိုပါစာတမ်းသည် မွေးကင်းစအရွယ် ရင်ခွင်ထဲ၌ပင် မြေမြှပ်သင်္ဂြိုဟ်ခြင်းခံလိုက် ရလေသည်။

မရှေးမနှောင်းမှာပင် အားသစ်မာန်သစ် အစမ်းတစ်ရပ်ဖြင့် လူကြားထဲဝင်ထိုးရန် ကြိုးပမ်းသည့်အနေဖြင့် ဘူကာနန်၏ စာ အုပ်ထဲတွင် ရိုဝါန်ဂါ (Roinga) ဟူသည့် အသုံးအနှုန်းသည် တစ်ကြိမ်တစ်ခါသာ ရေးသားထားသောကြောင့် ထိုမျှဖြင့် လက် ခံအသိအမှတ်ပြုရန် မဖြစ်နိုင်ဟူ၍ အရည်မရအဖက်မရ ရေးသားလာခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူ့နောက်လိုက် သားတပည့်များ၏ အလိုနှင့်အကြိုက်ကို ဆောင်ကျဉ်နိုင်ခြင်း မရှိဘဲ၊ ရေးသားခဲ့သမျှ အမိုက်ပုံထဲ သွန်လိုက်ရလေတော့ သည်။ အကြောင်းရင်းမှာ - ဘူကာနန်က သူ့စာတမ်း၌ “ရိုဝါန်ဂါ” ဟု တစ်ကြိမ်တစ်ခါ ဖော်ပြခဲ့ခြင်းသည် အမှတ်တမဲ့ ဖော်ပြခဲ့ခြင်းမဟုတ်ဘဲ၊ ထိုတစ်ကြိမ်တစ်ခါ၌ ထိုရိုဝါန်ဂါနှင့်ဆက်စပ်၍ ယင်းတို့၏ နေရာဒေသ၊ ကိုးကွယ်သည့် ဘာသာတရား အပြင် ပြောဆိုသည့် ဘာသာစကား အသုံးအနှုန်းများကို တစ်သီတစ်တန်းကြီး ဖော်ပြထားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ အပြင် ယင်းဖော်ပြချက်များသည် မျက်မှောက်ကာလ ရိုဟင်ဂျာတို့နှင့် ထပ်တူထပ်မျှ ဖြစ်နေသည်ကို မသိသူမရှိသလောက်ပင် ဖြစ်သောကြောင့် ဖြစ်ပါသည်။ 

ယင်းကဲ့သို့ ရိုဟင်ဂျာနှင့်ပတ်သက်၍ တစ်ချိန်လုံး ငြင်းဆန်လိုက်၊ လိမ်လည်လှည့်ဖျားစွာ ရေးသားဖော်ပြလိုက်၊ လူမျိုးရေး မုန်းတီးမှုကို ရှေးတန်းတင် ပြောဆိုလိုက်… စသည်ဖြင့် ကောက်ကျစ်ယုတ်မာနေမှုများကြောင့် ပြည်တွင်း၌ သူ့၏ စာဖတ်ဝါ သနာရှင် ပရိဿတ်များနှင့် နောက်လိုက်သားတပည့်များ၏ ရှေ့မှောက်တွင် ပညာရှင်ဟူသည် ဂုဏ်သိက္ခာကိုတောင် ထိန်း သိမ်းနိုင်ခဲ့ခြင်း မရှိသကဲ့သို့ နိုင်ငံတကာ အဆင့်၌လည်း သူ့စာအုပ် “Influx of Viruses: The Illegal Muslims in Arakan” ကြောင့် သူသည် သမိုင်းကြောင်းဆိုင်ရာများ ရေးသားထားသည်ဟု ပြောဆိုခံရသည်ထက် မည်သည့်အတိုင်းအတာအထိ အောက်တန်းကျသည့် လူမျိုးဘာသာ အစွန်းရောက်တစ်ဦးဖြစ်ကြောင်း ကဲ့ရဲ့စွာ ဝေဖန်ခံနေခဲ့ရပေသည်။ သူသည် လူစင်စစ်ဖြစ်သည့် ရိုဟင်ဂျာကို အမုန်းကြီးသည့် စိတ်ထားကြောင့် Virus ဟု တင်စားခြင်းဖြင့် သမိုင်းဟုအမည်ခံ ပြုစုခဲ့သမျှ စာ တမ်းအားလုံး၏ တန်ဖိုးကို သူကိုယ်တိုင်ပင် နှိမ်ချလိုက်သည်။

ထိုကဲ့သို့ ဒေါက်တာအေးချမ်းသည် မိမိ၏ အစွန်းရောက် အရိုင်းအစိုင်းစိတ်ဓါတ်ကို ထိန်းမနိုင်သိမ်းမနိုင်ဘဲ ပညာမဲ့ လူရိုင်း တစ်ဦးနှယ် ရေးသားထားသော သမိုင်းအမည်ခံ မိမိစိတ်အာသီသကို ဖော်ပြတတ်သည့် စာတမ်းများကို ဖတ်ရှုလေ့လာလိုသူ မရှိသလောက်ပင် လျှော့နည်းသွားခဲ့လေသည်။ 

ဦးအေးချမ်းနှင့် အပေါင်းအပါတို့သည် ဘူကာနန်၏ စာအုပ်ပါဖော်ပြချက်ကို သူ့တို့အစွမ်းအစဖြင့် အကောင်းဆုံးဖြစ်အောင် မလိမ့်တပတ်လုပ် ထုချေရေးသားရန် ကြိုးပမ်းခဲ့သော်လည်း စိတ်ဝင်စားသူနှင့် ထောက်ခံအားပေးသူ မရှိသဖြင့် ခရီးမ ပေါက်နိုင်ဘဲ ရှိနေသောကြောင့် ဦးအေးချမ်းသည် လူမြင်ကွင်းမှာ ကာလကြာရှည်စွာ ပျောက်ကွယ်လျက် ရှိခဲ့ပါသည်။

ယင်းကဲ့သို့ ကလောင်ဖြင့် စာရွက်ပေါ်တွင် အလုပ်မဖြစ်သောအခါ ဦးအေးချမ်ခင်မျာ မကြာသေးမီက ဗီဒီယိုဖိုင်လေးများ ဖန်တီးပြီး Online Social Media (OSM) များ၌ ပေါ်ထွက်လာသည်ကို မြင်တွေ့နေရသည်။ ဦးအေးချမ်းက သူ၏နောက် ဆုံးပေါ် ဗီဒီယိုဖိုင်လေးပေါ်တွင် ရခိုင်ပြည်နယ်ပြဿနာသည် ၁၉၄၂ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်ဟု နိဒါန်းပြုထားပြီး နိုင်ငံခြားသားအချို့က ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို ဖဲ့ယူကာ ယင်းတို့၏ပိုင်နက် ထူထောင်ရန် နိုင်ငံရေး မဟာဗျူ ဟာရှိသည်ဟု ဆိုထားလေသည်။ 

ဦးအေးချမ်းအနေဖြင့် ၁၉၄၂ ခုနှစ် လူသတ်ပွဲကြီးကို ရိုဟင်ဂျာတို့က ဗမာဗျူဟာအရ စတင်ဆင်နွှဲခဲ့သည်ဟု ပြောဆိုလို ဟန်ရှိသည်။ အမှန်မှာ ၁၉၄၂ ခုနှစ်တွင် မြစ်ချောင်းများ သွေးရေစီးခဲ့ရမှုကြောင့် နီရဲရဲဖြစ်သွားခဲ့သည်တိုင်အောင် ရိုဟင်ဂျာ ဦးရေ ဂ၀, ၀၀၀ မှ ၁၀၀,၀၀၀ အထိ ရက်ရက်စက်စက် သတ်ဖြတ်၊ မောင်းထုတ်ခံခဲ့ရပြီး မူဆလင်တို့ပိုင် ကျေးရွာအုပ်စု ပေါင်း ၁၅၀ နီးပါးခန့် မညာမတာ မီးရှို့ဖျက်ဆီးခံခဲ့လိုက်ရသည်။ ဘူသီးတောင်-မောင်တောဒေသတွင် အစ္စလာမ်ဘာသာ ဝင်ဦးရေနှင့် အင်အားချင်းမမျှတသောကြောင့် ထိုကဲ့သို့ တွက်ဆမိသည့်အတိုင်း ထိုဒေသ၌ ရိုဟင်ဂျာတို့အပေါ် သွေး ချောင်းစီးနိုင်မှု မရှိခဲ့သည်ကလွှဲ၍ စစ်တွေရှိ အစိတ်အပိုင်းအချို့မှအပ ကျန်သည့် ရခိုင်ပြည်နယ် တစ်ခုလုံးတွင် မူဆလင် ကင်းမဲ့ဇုံဟု ခေါ်ဆိုနိုင်လောက်သည်အထိ မူဆလင်အားလုံးနီးပါးကို သတ်ဖြတ်၊ မောင်းထုတ်ခဲ့လေသည်။ ယင်းကဲ့သို့ မိမိ ကိုယ်ကို အသတ်အဖြတ်ခံပြီး အိုးအိမ်များစွန့်ခွါ ထွက်ပြေးရသည့်အထိ နစ်နာဆုံးရှုံးမှုများကို နှစ်သက်သည်အတွက် ထိုပြ ဿနာကို ရိုဟင်ဂျာမူဆလင်များက ဖန်တီးခဲ့သည်ဆိုလျှင် ဦးအေးချမ်း၏ ဦးခေါင်းသည် အခွံသာကျန်တော့သည်ဟု ဆိုရ မည်ဖြစ်သည်။ ၁၉၄၂ ပြဿနာသည် ဗမာအမျိုးသားရေးဝါဒီများ၏ သွေးထိုးလှုံဆော်မှုနှင့် အစွန်းရောက်ရခိုင်တို့အား လက်နက်တပ်ဆင်မှုဖြင့် ဖန်တီးခဲ့သည်ကို လူတိုင်းသိရှိပြီဖြစ်သည်။ ထိုကဲ့သို့ဖန်တီးခြင်း၏ နောက်ကွယ်တွင် ‘ရခိုင်ပြည် နယ်အတွင်း မူဆလင် လုံးဝ မချန်စေရ’ ဟူသည့်အတိုင်းအတာဖြင့် လုပ်ဆောင်ခဲ့သော်လည်း အပြည့်အဝ အောင်မြင်မှုမ ရရှိခဲ့သည်ကို အကြောင်းပြု၍ မျက်မှောက်ကာလ ရခိုင်ပြဿနာကို ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က ၁၉၄၂ ခုနှစ်က အ ဆုံးမသတ်လိုက်ရသည့် ဇာတ်လမ်းဟု ပြောဆိုခဲ့သည်။ ၎င်းအချက်ကိုထောက်လျှင် ထို ၁၉၄၂ လူသတ်ပွဲကြီးအား မည်သူ များက မည်သည့်ရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့သည်ကို ကွက်ကွက်ကွင်းကွင်း မြင်သာအပ်ပါသည်။

ထို့အပြင် နိုင်ငံကိုဖဲ့ထုတ်ခြင်းသည် ရိုဟင်ဂျာတို့၏ နိုင်ငံရေး မဟာဗျူဟာဖြစ်သည်ဟု ပြောဆိုမှုအား အထောက်အ ကူပြု စေသည့် သက်သေခံအဖြစ် ၁၉၅၁ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သော အလယ်သံကျော် ညီလာခံမှ ရသေ့တောင်အ နောက် ပိုင်းနှင့် ဘူသီးတောင်-မောင်တောဒေသအား မူဆလင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုချက်ကို ထောက်ပြ ထားသည်။ ရိုဟင်ဂျာတို့က တောင်းဆိုခဲ့သည် ဆိုသည်မှာ ပြည်နယ်အဆင့်သာဖြစ်ပြီး၊ သီးခြားနိုင်ငံထူထောင်ရန် အလျဉ်း မဟုတ်ပေ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မိမိတို့၏ အနာဂတ် စိတ်ချလုံခြုံမှုရှိရေး၊ မိမိတို့နယ်မြေကို အခြေခံ၍ မိမိတို့အမျိုး သားထု၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လွတ်လပ်မှုတို့ကို မိမိတို့ကိုယ်တိုင် စိတ်တိုင်းကျ ခွန်အားစိုက်ထုတ် ဆောင်ရွက်နိုင်ရေး၊ မိမိ တို့၏ ယဉ်ကျေးမှု အမွှေအနှစ်များကို မိမိတို့ကိုယ်တိုင် ထိမ်းသိန်းနိုင်ရေး အစရှိသည်တို့ကို အခြေခံပြီး ရခိုင်လူမျိုးစုများ အ ပါအဝင် တိုင်းရင်းသားလူနည်းစုအားလုံးကလည် အလားတူ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ တောင်းဆိုခဲ့ ဖူးပါသည်။ တိုင်းရင်းသားလူမျိုးစု အတော်များများက မိမိတို့၏ တောင်းဆိုမှုများကို လစ်လျုရှုခံခဲ့ရမှုကြောင့် ဒီကနေ့အထိ လက်နက်ကိုင် တိုက်ပွဲဝင်လျက်ရှိနေသည်မှာ အားလုံး မြင်တွေ့နေရသည်။ ရခိုင်လူမျိုးစုများအဖို့ အဖရခိုင်နိုင်ငံတော် လွတ်မြောက်ရေးအတွက် ၁၇၈၅ ခုနှစ်မှစ၍ လက်နက်ကိုင် တော်လှန်လျက်ရှိနေပါသည်။ ၎င်းတို့ကလည်း လွတ်လပ်ရေးရပြီး ပြည်နယ်တောင်းဆိုခဲ့ဘူးသည်။ ယင်းကဲ့သို့ တောင်းဆိုမှုများနှင့် လက်နက်ကိုင် တော်လှန်နေမှုအတွက် ဒေါက်တာ အေးချမ်းမှ မည်သူ့ကိုမျှ အပြစ်မမြင် သော်လည်း အလယ်သံကျော်ညီလာခံမှ ပြည်နယ်တောင်းဆိုခဲ့သည့် ရိုဟင်ဂျာတို့၏ တောင်းဆိုမှုကိုသာရွေးထုတ်ပြီး အဘယ်ကြောင့် သဲသဲမဲမဲနှင့် အငြိုးကြီးစွာဖြင့် ပစ်မှတ်ထားနေရသနည်း၊ စဉ်းစားစရာပင် ဖြစ်ပါသည်။ 

ဆက်လက်၍ ရှင်းပြရမည်ဆိုလျှင် ဒေါက်တာအေးချမ်းက မိမိ၏ဗီဒီယိုဖိုင်လေးတွင် ရိုဟင်ဂျာတို့အား နိုင်ငံခြားသားဟု သုံး နှုန်းခဲ့သည်ကို သတိထားမိသည်။ အကယ်၍ ရိုဟင်ဂျာတို့သည် နိုင်ငံခြားသားများမှန်ပါက ယင်းကဲ့သို့ ပြည်နယ်တောင်း ဆိုပိုင်ခွင့်၊ ပါလီမန်လွှတ်တော်အထိ အဆင့်ဆင့် အရွေးခံပါဝင်ပိုင်ခွင့်၊ ထိုခေတ်က မြန်မာတိုင်းရင်းသား အားလုံးကို သက်သေခံအဖြစ် ထုတ်ပေးခဲ့သည့် အမျိုးသားမှတ်ပုံတင်ကတ်ပြားများ ကိုင်ဆောင်ခွင့်များ ရရှိလိမ့်မည် မဟုတ်သကဲ့သို့ ရခိုင် ကို ပြည်နယ်အဆင့် သတ်မှတ်ရေးကိစ္စတွင် နိုင်ငံတော်အစိုးရက ရိုဟင်ဂျာတို့၏ ဆန္ဒကိုရယူခြင်းနှင့် လက်နက်နှင့် ငြိမ်း ချမ်းရေး လဲလှယ်ရန် တပ်မတော်အကြီးအကဲများက အကြိမ်ကြိမ်ပင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လက်နက်ချရန် လုပ်ဆောင်ပြီး ယင်းတို့အဖို့ မေယုခရိုင်ဟူ၍ သီးသန့်နေရာဒေသတစ်ခု သတ်မှတ်ပေးခြင်းနှင့် မြန်မာ့အသံလွှင့်ဌာနမှ တိုင်းရင်းသား ရိုဟင်ဂျာဘာသာစကားဖြင့် အစီအစဉ်များ ထုတ်လွှင့်ခွင့်ပြုခြင်း တို့ကိုလည်း ပြုလုပ်မည် မဟုတ်ကြောင်း ဒေါက်တာအေးချမ်းတစ်ယောက် နားလည်ပုံမရပေ။ 

 (ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုပါရန်)

Saturday, June 4, 2016

ရိုဟင်ဂျာ၊ မြန်မာအစိုးရနှင့် ရောင်စုံကတ်ပြားများ (ဒုတိယပိုင်း)

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)

မြန်မာစစ်အာဏာရှင် နေဝင်းသည် ဤဆောင်းပါး၏ ပထမပိုင်းတွင် ဖော်ပြခဲ့သည်အတိုင်း စစ်ဒဏ်ကြောင့် ထွက်ပြေးခဲ့ကြသူ ရိုဟင်ဂျာများ ၁၈၂၄ နောက်ပိုင်း အင်္ဂလိပ်တို့ ရခိုင်ဒေသကို သိမ်းပိုက်သောအခါ ဌာနေပြန်ကြရာ၊ ယင်းတို့အား အိန္ဒိယမှ ခေါ်သွင်းလာသည့် အလုပ်သမား များနှင့် အရောင်းအဝယ်လာလုပ်သူများဖြင့် ရောထွေးစေရန် ရည်ရွယ်ပြီး ရိုဟင်ဂျာတစ်မျိုးတည်းကို တာစူပစ်မှတ်ထားကာ ၁၈၂၃ မတိုင်မီ မြန်မာနိုင်ငံတွင် အိုးအိမ်အတည်တကျနေထိုင်သူများသည်  တိုင်းရင်းသားဖြစ်သည်ဟု ၁၉၈၂ နိုင်ငံသားဥပဒေတွင် အဓိပ္ပာယ်ရှိရှိ လိမ္မာစွာ ပြဌာန်းလိုက်ခြင်းဖြစ်သည်။

Tuesday, May 10, 2016

ရိုဟင်ဂျာ၊ မြန်မာအစိုးရနှင့် ရောင်စုံကတ်ပြားများ (ပထမပိုင်း)

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်) 
၁၉၉၀ ပြည့်နှစ်လောက်တွင် ထင်ပါသည်။ မောင်တောမြို့နယ်တွင် ယခုဖြည့်စွက်ခိုင်းသည့် နိုင်ငံသားလျှောက်လွှာပုံစံများကို နယ်တကာ လှည့်၍ ဖြည့်စွက်ပေးခဲ့ဘူးသည်။ အကြောင်းမူကား ထိုရိုဟင်ဂျာ အများစု အခြေချနေထိုင်လျက်ရှိသည့် ဘူးသီးတောင်၊ မောင်တောဒေသ ကို အစိုးရက ပညာရေးအရ နှိမ့်ချထားမှုကြောင့် ရိုဟင်ဂျာအများစုမှာ စာတတ်ပေတတ်များ ဖြစ်မလာခဲ့ပေ။ ထိုအချက်သည်လည်း ယနေ့ပြောဆိုနေသကဲ့သို့ ရိုဟင်ဂျာတို့သည် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်နေထိုင်သူများဖြစ်သောကြောင့် မြန်မာစာပေကို လည်းကောင်း၊ တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးကို သော်လည်းကောင်း မတတ်ခြင်းဖြစ်သည်ဟု လွယ်လင့်တကူ အကြောင်းပြနိုင် ရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားဟန်တူပါသည်။
ယင်းကဲ့သို့ နယ်တကာလှည့် လူထု၏ ကိုယ်ရေးမှတ်တမ်းများကို ကိုင်ဆောင်ထားသည့် စာရွက်စာတမ်း အထောက်အထားများအတိုင်း ဖြည့်စွက်ရာတွင် အချို့သောသူများက ထူးဆန်းသည့် မှတ်ပုံတင်ကတ်ပြားတစ်မျိုးကို ထုတ်ပေးလာသည်။ ထိုမှတ်ပုံတွင် ဂဏန်းငါးလုံးသာ ပါဝင်ပြီး၊ ထိုဂဏန်းများရှေ့တွင် လူအများကိုင်ဆောင်ထားသည့် မှတ်ပုံတင်နံပါတ်များနည်းတူ AK၊ MDW၊ BTG၊ AKB အစရှိသည့် အက္ခရာ စာလုံးများ မပါရှိပေ။ ထိုကတ်ပြားသည် မည်ကဲ့သို့သော မှတ်ပုံတင်ဖြစ်သည်ကို မေးမြန်းခဲ့သော် လဝက အရာရှိတစ်ဦးက ‘အဲဒါ မြန်မာနိုင်ငံ မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဦးဆုံး ထုတ်ပေးခဲ့တဲ့ မှတ်ပုံတင်တွေဖြစ်တယ်’ ဟု ပြောပြခဲ့သည်။ ဆက်လက်၍ ၎င်းက မြန်မာနိုင် ငံတွင် ပထမဦးဆုံး မှတ်ပုံတင်ထုတ်ပေးခဲ့သည့် ဒေသမှာလည်း ဘူးသီးတောင်၊ မောင်တောမြို့များဖြစ်ကြောင်း ပြောပြပြီး၊ ထိုကဲ့သို့ နံပါတ် ချည်းပါရှိသည့် မှတ်ပုံတင်ကတ်ပြားသည် ဤဒေသ၌သာ တွေ့ရှိနိုင်ကြောင်း ရှင်းပြခဲ့ဘူးပါသည်။ ထိုနောက်ပိုင်းတွင် AK၊ MDW အစရှိသော အက္ခရာများရေးထားသည့် ဂဏန်းခြောက်လုံးပါ အမျိုးသား မှတ်ပုံတင်ကတ်ပြားများကို ထုတ် ပေးခဲ့သည်။ ထိုမှတ်ပုံတင်ကတ်ပြားများသည် နှစ်ခေါက်ချိုးနှင့် သုံးခေါက်ချိုး နှစ်မျိုးစလုံးဖြစ်၍ အမျိုးသားများအား အစိမ်းနုရောင်နှင့် အမျိုး သမီးများအား ပန်းရောင် အစရှိသဖြင့် လိင်အပေါ်အခြေခံပြီး အရောင်ခွဲခြား ထုတ်ပေးခဲ့သည်။ ထို့အပြင် ထိုမှတ်ပုံတင်များကို ရပ်ကွက်၊ ကျေးရွာများအလိုက် ကွင်းဆင်း၍ ထုတ်ပေးခဲ့သည်ဟု စုံစမ်းသိရှိရပြီး၊ ယင်းကဲ့သို့ နှစ်ခေါက်၊ သုံး ခေါက်ချိုး မှတ်ပုံတင်များ ထုတ်ပေးသည့်ကာလ အသက် (၁၂) နှစ်ကျော်သော်လည်း (၁၈) နှစ်မပြည့်သောကြောင့် ‘ယာယီကတ်ပြား’ ဟု ခေါင်းစဉ်တပ်ထားသည့် စာရွက်တစ်မျိုးကိုလည်း ထုတ်ပေးခဲ့သည်ကို တွေ့ရှိခဲ့ဘူးသည်။ သို့ရာတွင် ယင်းယာယီကတ်ပြား ကိုင်ဆောင် သူအတော်များများသည် နောင်အခါ သက်ပြည့်သော်လည်း မည်သည့်အခါမျှ ယင်းတို့ကို အမျိုးသားမှတ်ပုံတင်ကတ်နှင့် လဲပေးခြင်းမရှိခဲ့ဘဲ ဆက်လက် ကိုင်ဆောင်စေခဲ့သည်မှာ ၁၉၉၀ နှစ်များအထိဖြစ်သည်။ ယင်းကဲ့သို့ ရိုဟင်ဂျာတို့ကို သက်သေခံ အထောက်အထားများ ထုတ်ပေးခြင်း၊ ပျောက်ဆုံးခဲ့သည်များကို မိတ္တူထုတ်ပေးခြင်း၊ ဟောင်းနွမ်း ပျက်စီးသွားခဲ့သည်ကို ပြင်ဆင်မွမ်းမံခြင်းများ လုပ်မပေးခဲ့သည်မှာ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းခဲ့သည့်ကာလ နောက်ပိုင်းမှစ၍ဖြစ် သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအများစုသည် မှတ်ပုံတင်နံပါတ်မျှသာရှိသော်လည်း ကတ်ပြားမရှိသူများ၊ ၁၉၅၀ နှင့် ၁၉၆၂ ကြားကာလက ထုတ်ပေးခဲ့သည့် ယာယီကတ်ပြား ကိုင်ဆောင်ထားသူများနှင့် ယင်းကတ်ပြား ပျောက်ဆုံးပျက်စီးမှုကြောင့် အထောက်အ ထားမဲ့ဖြစ်နေသူများ မြောက်များစွာရှိနေသည့်အပြင် ၁၉၆၀ ပတ်ဝန်းကျင်တွင် မွေးဖွားခဲ့သူများနှင့် အသက်အရွယ် မရောက်သေးသည့်သူ များလည်း မည်သည့်သက်သေခံလက်မှတ်မျှ ကိုင်ဆောင်နိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။ သာဓကတစ်ရပ် တင်ပြရပါက ၁၉၅၅ ခုနှစ်လောက်က မွေးဖွာသူတစ်ယောက်သည် ၁၉၆၂ ခုနှစ်အထိ အသက် (၇) နှစ်သာရှိပြီး (၁၂) နှစ် မပြည့်သဖြင့် ယာယီကတ်ပြားများ ထုတ်မပေးသေးပေ။ ၁၉၆၂ ခုနှစ် ဦးနေဝင်းအာဏာသိမ်းပြီး ရိုဟင်ဂျာအများစုကို မည့်သည်ကတ်ပြားမျှ ထုတ်ပေးခဲ့ခြင်း မရှိသောအခါ တောက်လျှောက်သက်သေခံမဲ့သူများ ဖြစ်လာရသည်။ ဤနေရာတွင် ကြားဖြတ်တင်ပြလိုသည်မှာ အစိုးရ၏ ထိုပေါ်လစီတွင် ရိုဟင်ဂျာတို့အား မြန်မာနိုင်ငံသားများမဟုတ်ဘဲ တိုင်းတပါးမှ ခိုးဝင် နေထိုင်သူများဟု ယနေ့ စွပ်စွဲလျက်ရှိသည်အတိုင်း လုပ်ဆောင်နိုင်ရန် အကြံကြီးကြီး၊ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ပင်လျှင် အကြောင်းဖန်တီး ယူခဲ့ခြင်းဖြစ်ပြီး၊ ယင်းကဲ့သို့ အကြောင်းတရားကို ဖော်ဆောင်ရာတွင် မည်သည့် ရိုဟင်ဂျာကိုမျှ သက်သေခံ အထောက်အထားများ ထုတ်မ ပေးခဲ့ ဟူ၍လည်းမဟုတ်ပေ။ မပြောပြလောက်သည့် အစိုးရဝန်ထမ်းများနှင့် ယင်းတို့၏ သားသမီးများ၊ အစိုးရနှင့်နီးစပ်သူ ပညာတတ် အသိုင်းအဝန်းများကို ချွင်းချက်အ ဖြစ် ထုတ်ပေးခဲ့သည်။ ယင်းအထက်တန်းလွှာများကို လိုအပ်သည့်အချိန်အခါမျိုးတွင် မှတ်ပုံတင်ထုတ်ပေးသည် ဆိုရာ၌လည်း ထိုခေတ်က ပါတီ၊ ကောင်စီမှထောက်ခံချက်များ၊ မိဘနှစ်ပါးကိုင်ဆောင်သည့်မှတ်ပုံတင် မိတ္တူများ၊ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်၊ ကျောင်းသား ကတ်ပြားများ ထိုကဲ့သို့သော ပညာရေးဌာနမှထုတ်ပေးသော အထောက်အထားများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ ထောက်ခံချက်အပြင် အထင်ကရ အစိုးရအရာရှိနှစ်ဦးမှ ထောက်ခံချက်လက်မှတ်များ စသည်အတိုင်း ပြီးပြည့်စုံစွာ တင်ပြနိုင်မှသာလျှင် ထုတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ပြဿနာကို အစပြန်ကောက်သော် ယင်းကဲ့သို့ ပညာတတ် အထက်တန်းအလွှာ မိသားစုများမှလွှဲ၍ အများစုဖြစ်သည့် ပညာမဲ့ရိုဟင်ဂျာတို့ သည် သက်သေခံအထောက်အထား ကိုင်ဆောင်နိုင်ခြင်းမရှိသော အခြေအနေ ကြာမြင့်လာသောအခါ အမှတ်မထင်ဘဲ ၁၉၇၈ ခုနှစ်တွင် မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်လိုသည်ဟု အကြောင်းပြ၍ မှတ်ပုံတင်စစ်ဆေးသည့် နဂါမင်းစစ်ဆင်ရေးတစ်ရပ်ကို လုပ်လာခဲ့သည်။ ဤတွင် ၁၉၅၅ ခုနှစ်လောက်က မွေးဖွားသောကလေး၏ အသက်မှာ (၂၃) နှစ်ရှိပြီဖြစ်ရာ၊ အချို့မှာ အိမ်ထောင်ပြု သားသမီးများပါ ရရှိနေပြီ ဖြစ်သည်။ ယင်းကဲ့သို့အချိန်မျိုးတွင် မှတ်ပုံတင်ထုတ်မပြနိုင်သူကို သတ်လား၊ ဖမ်းလား စသည်အတိုင်း နှိပ်စက်မှုများလုပ်လာသည်ကို ကြောက်ရွံ့ရသဖြင့် ရိုဟင်ဂျာ ၂ သိန်းခွဲကျော်သည် တဖက်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ထိုထွက်ပြေးသူများနှင့်ပတ်သက်၍ မြန်မာအစိုးရက ယနေ့ ပြောဆိုနေသကဲ့သို့ မှတ်ပုံတင်စစ်သည့်ကာလ တဖက်နိုင်ငံမှ ခိုးဝင်နေထိုင် သူများ ကြောက်လန့်သောကြောင့် မိမိတို့ မူရင်းနိုင်ငံသို့ ပြန်သွားခြင်းဖြစ်သည်ဟု ပြောခဲ့ဘူးသည်။ နိုင်ငံတကာ အသိုင်းအဝန်းများကလည်း ကွင်းဆင်းစစ်ဆေးလိုက်သောအခါ မြန်မာအစိုးရက လိမ်ညာပြောဆိုနေမှန်းသိ၍ ပြင်းထန်းစွာ သတိပေးလာမှ ယင်းတို့အားလုံးကို မြန်မာ အစိုးရက ချွင်းချက်မရှိ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ သို့ရာတွင် ယင်းကဲ့သို့ ပြန်ခေါ်သွားရာ၌လည်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် UN သုံးပွင့်ဆိုင်ချုပ်ဆိုခဲ့သော သဘောတူစာချုပ်၌ ဥာဏ်နီဥာဏ်နက်သုံး၍ မလိမ့်တပတ် လုပ်ခဲ့သေးသည်။ ဆောင်းပါး၏လိုရင်းသည် ထိုကိစ္စမ ဟုတ်သောကြောင့် ယင်းအကြောင်းကို မဖော်ပြလိုပါ။ ဒီကနေ့ ပြောဆိုနေကြသည့် နောက်ထပ်အကြောင်းတစ်ရပ်မှာ ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို မကြားဘူး၊ မသိဘူးဟု ပြောကြားချက် ဖြစ်သည်။ ဦးနေဝင်းတက်လာသည့် ကာလနောက်ပိုင်း ထိုအသုံးအနှုန်းကို တောက်လျှောက် Black List လုပ်ထားခြင်းဖြစ်သည်။ ယင်းစ ကားလုံးကို သုံးစွဲခဲ့မှုကြောင့် ထောင်ကျခံရသူ၊ ထောက်လှမ်းရေးတို့၏ နှိပ်စက်ခံရသူပေါင်း မနည်းပေ။ တက္ကသိုလ်တွင် ကျောင်းဝင်ခွင့်ပုံစံ ဖြည့်စွက်ရာ၌ သုံးစွဲခဲ့မှုကြောင့် ခေါ်ယူစစ်ဆေးခံခြင်း၊ သတိပေးခံရခြင်းအပြင် ကျောင်းထုတ်ခံရသူများလည်း အမြောက်အများရှိခဲ့သည်။ ထို့ အပြင် ၁၉၈၃ သန်းခေါင်းစာရင်း ကောက်ယူရာတွင်လည်း ထိုအသုံးအနှုန်းကြောင့် ပြဿနာတက်ခဲ့သည့်အပြင်၊ ၁၉၉၀ နှစ်များအတွင်း ထို အသုံးအနှုန်းကြောင့် ဘူးသီးတောင်၊ မောင်တော၌ ပြဿနာတက်ခဲ့ရသောကြောင့် ယခုကဲ့သို့ ရိုဟင်ဂျာ ခေတ်ပညာတတ်တို့အနေဖြင့် နယ် တကာလှည့်၍ ထိုနိုင်ငံသားလျှောက်လွှာကို ဖြည့်စွတ်ပေးခဲ့ရခြင်းဖြစ်သည်။ ထိုကိစ္စရပ်များကို ဂဃနဏသိသူ ရိုဟင်ဂျာများအပြင် မဆလ ခေါင်းဆောင်များ၊ ထိုခေတ်က လဝက အရာရှိများနှင့် စစ်ထောက်လှမ်းရေးများ မြောက်များစွာ သက်ရှိထင်ရှားလျက်ရှိသည်။ မငြင်းသာနိုင်သည့် အခိုင်မာဆုံးသော အချက်တစ်ရပ်မှာ ဒီကနေ့ ဒေါက်တာအေးချမ်းနှင့် အပေါင်းအပါများ၊ ရခိုင်လူမျိုးစု ခေါင်းဆောင်များ နှင့် စစ်အာဏာရှင်များက ဝန်ကြီးချုပ်ဦးနုက မဲနိုင်ရန်၊ ကွန်မြူနစ်ပါတီမှ သခင်စိုးက အဘယ်အတွက်ကြောင့်၊၊ ပါလီမန်အမတ် အပ်ဒူဂဖါးက မည်သည့်အတွက်ကြောင့် ထိုစကားလုံးကို ထွင်ခဲ့သည်ဟု စွပ်စွဲလျက်ရှိသည်ကို ကြည့်ခြင်းအားဖြင့် အကြောင်းတရားမရှိလျှင်၊ အကျိုးတ ရားဖြစ်လာရိုး ထုံးစံမရှိဆိုကဲ့သို့ ရိုဟင်ဂျာဟူသည့် အသုံးအနှုန်း ယခင်ကပင် မရှိခဲ့သော် ယခုကဲ့သို့ ပြောဆိုကန့်ကွက်မှုများလည်း ဖြစ် လာစရာ အကြောင်းမရှိပေ။ ဒေါက်တာအေးချမ်းအပါအဝင် ရခိုင့်သမိုင်းပညာရှင်အများစုက ဤအကြောင်းကန့်ကွက်နေသည့် သမိုင်းဟု ခေါင်းစဉ်တပ်ထားသော စာတမ်းပေါင်းများစွာ မကြာခဏ ပြုစုထုတ်ဝေသည်ကို လေ့လာကြည့်နိုင်ပါသည်။ မူလဇာတ်လမ်းကိုဆက်သော် အစိုးရအနေဖြင့် ယင်းနည်းအတိုင်း ရိုဟင်ဂျာတို့အား တမင်ပင်လျှင် သက်သေခံအထောက်အထားမဲ့စေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်သူများဟု စွပ်စွဲမောင်းထုတ်ရန် မမျှော်လင့်ဘဲ ဦးနေဝင်းတက်လာပြီး (၁၅) နှစ်အကြာတွင် နဂါးမင်းစစ်ဆင်ရေးကို လုပ်၍ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ လူများပြန်ခေါ်ရသည်။ သို့သော် ထိုမဟာဗျုဟာကို အရှုံးမပေးပေ။ ဆက်လက်၍ ထိုထက် မက နက်ရှိုင်းသည့် နည်းဗျူဟာများကို စီမံကိန်းကျကျနှင့် စနစ်တကျရေးဆွဲ ပြင်ဆင်လာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ၁၉၇၉ တွင် ဒုက္ခသည်များကို ပြန်လည်နေရာချပြီးသည်နှင့် ဦးနေဝင်သည် ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးကျော်၊ ဒေါက်တာမောင် မောင် (၈၈-သမ္မတဟောင်း) တို့ကိုတိုင်ပင်ပြီး ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့လေသည်။ အထက်ပါဥပဒေအရ မြန်မာနိုင်ငံတွင် ၁၈၂၃ မတိုင်မီ အတည်တကျ နေထိုင်သူများအား တိုင်းရင်းသားဟူ၍ သတ်မှတ်ထားသည်ကို အား လုံး သိရှိပြီးဖြစ်သည်။ ဤ ၁၈၂၃ ဟူသည့်ခုနှစ်ကို ရွေးချယ်ရခြင်းသည် ရခိုင်ခေါင်းဆောင် ဒေါက်တာအေးကျော်၏ စနက်ကြောင့်ဖြစ်ပြီး တမင်သက်သက် ရိုဟင်ဂျာတို့ကို ရည်ရွယ် ပစ်မှတ်ထားခြင်း ဖြစ်ပါသည်။ အကြောင်းမူကား ၁၇၈၅ တုန်းက ဗမာတို့က ရခိုင်ပြည်ကို အပြီး အပိုင် သိမ်းယူခဲ့စဉ်က စစ်ဒဏ်၊ ဗမာ့စစ်တပ်၏ နှိပ်စက်မှုဒဏ်များကို ရှောင်ရှားရန် ရိုဟင်ဂျာနှင့် ရခိုင်ရာနှင့်ချီ၍ ဗြိတိသျှအပိုင် စစ်တ ကောင်း (ထိုစဉ် ကအိန္ဒိယ) သို့ ထွက်ပြေးထိန်းရှောင်ခဲ့လေသည်။ ထို့နောက် ၁၈၂၄ ခုတွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ဖြစ်ပွားခဲ့ပြီး ရခိုင်နှင့် တနင်္သာရီကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့သောအခါ ယခင်စစ်တကောင်းသို့ ထွက်ပြေးခဲ့သူ ရခိုင်ပြည်သားများအနက် အတော်များများသည် ဌာနေပြန်ခဲ့ကြသည်။ ထို့နောက် အင်္ဂလိပ်တို့က လယ်ယာနှင့် ကူးသန်းရောင်း ဝယ်ရေးအတွက် အိန္ဒိယနိုင်ငံသားများကိုလည်း ခေါ်လာခဲ့ သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။ ယင်းကိစ္စနှစ်ရပ်ကို ရောစပ်၍ ဌာနေပြန် ရိုဟင်ဂျာတို့ကို လယ်လုပ်ရန်၊ ကူလီလုပ်ရန် အင်္ဂလိပ်က ခေါ်သွင်းခဲ့သည်ဟု ရောနှောအကြောင်းပြ နိုင်ရန် ထို ၁၈၂၃ ဟူသည့် သက္ကရာဇ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ဥာဏ်နီဥာဏ်နက်သုံး၍ သမိုင်းကြောင်းကို နောက်ခံပြုကာ နိုင်ငံသားဥပဒေ ရေးဆွဲခဲ့ရာ၌ သမိုင်းကိုလုပ်ကြံခဲ့သည့် အချက်နှစ် ချက်ရှိသည်။ ပထမအချက်မှာ ဗမာတို့က ရခိုင်ကိုသိမ်းပိုက်ခဲ့စဉ် ထွက်ပြေးသူများအနက် ရိုဟင်ဂျာလူမျိုးများ ပါဝင်ကြောင်းကို သမိုင်းတွင် လုံးဝ အပေါ်မခံဘဲ ခြေရာဖျောက်ထားခြင်းဖြစ်ပြီး၊ ထိုအချက်ကို ပေါ်လွင်စေပါက အထက်ပါအတိုင်း ထွက်ပြေးသူများ ဌာနေပြန်ခြင်းနှင့် ခေါ်သွင်းသူများကိစ္စ ပေါ်လာနိုင်သောကြောင့်ဖြစ်သည်။ သို့ရာတွင် ထိုထွက်ပြေးသူ ရိုဟင်ဂျာများအကြောင်းကို မိုးသိ၊ နတ်သိ၊ ကမ္ဘာသိ ဖြစ်နေသည်ကို သမိုင်းလိမ်သူတို့က သတိမထားမိပေ။ ဒုတိယအချက်တစ်ခုမှာ အင်္ဂလိပ်ကိုလိုနီအစိုးရက မြန်မာပြည်ကို အုပ်ချုပ်ရလွယ်အောင် အိန္ဒိယ၏ ပြည်နယ်အဖြစ်ထားရှိရာမှ ၁၉၃ရ ခု၊ ဧပြီလ (၁) ရက်နေ့တွင် ပြန်လည် ခွဲထုတ်ခဲ့သည်။ ထိုသို့ ခွဲထုတ်ခဲ့စဉ် ဗြိတိသျှတို့ အပြောင်းအလဲလုပ်ထားသော နိုင်ငံသားများနှင့် ပတ် သက်၍ Citizen by choice ဟူသည့် သဘောတူညီချက်ကို လုံးဝ သမိုင်းအစအန မဖော်အောင်ထားရှိပြီး၊ ထိုသဘောတူညီချက်ကို ချိုး ဖောက်လိုက်ခြင်း ဖြစ်ပါသည်။ ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုရန်….

Thursday, August 27, 2015

Bangladesh aid not for Muslims

by Tin Thein
Burma Times Correspondent: August 28, 2015
The aid given by the government of Bangladesh for flood victims in Myanmar has become a sensitive subject for the government which is increasingly relying on a Buddhist nationalist network to entrench their rule.

Speaking by phone, Rohingyas working closely with the government said there was much distrust the moment Bangladesh government announced an aid package for the country. In most times, aid for flood victims is welcome. But many in the government suspected the Bangladeshis were keen on aiding the Muslims in Arakan state that shares a common border from where relief materials could have been rushed in.

The suspicions became even more profound when the Bangladesh government said it was ready to transport the aid over the border. The government quickly refused the offer saying it would only be ready to accept the relief from Yangon and Mandalay, which is very far from the Bangladesh border, taking an airlift of more than an hour.

Places in the Arakan state such as Maungdaw where the floods have taken a harsh toll are less than an hour’s drive from the Bangladesh border. But authorities and nationalists fear the Bangladesh relief efforts will aid the Muslims. These would have been a sore point for especially the nationalists who are wary of perceived Muslim influence in the Buddhist majority nation.

While publicly, the government praised Bangladesh efforts to aid the people of Myanmar, in private there is much derision about the country and their Prime Minster Sheikh Hasina for trying to aid the Muslims through this supposedly friendly gesture of aid delivery.

Rohingyas in Arakan state say the government response of ignoring flood affected Muslims have worsened an already desperate humanitarian situation and is part of the long term approach to expel them from the country.

The government has also shunned requests for a Bangladeshi medical team fearing they will face harsh treatment in a society where anti Muslim sentiments are on the rise.

Tin Thein | August 28, 2015 at 3:36 am | Categories: World News | URL: http://wp.me/p4iovb-3sn
Comment See all comments
Unsubscribe to no longer receive posts from Burma Times.
Change your email settings at Manage Subscriptions.

Saturday, August 22, 2015

Discriminatory ‘Race and Religion’ bills in Myanmar: Threaten to fuel tensions ahead of elections


Jakarta, 22 August, (Asiantribune.com):



The Myanmar Parliament’s passage of two bills targeting religious minorities constitutes an attack on religious freedom and threatens to stoke inter-communal tensions and violence less than three months ahead of critical general elections, said ASEAN Parliamentarians for Human Rights (APHR) today.
The bills, which place restrictions on religious conversion and polygamy, are the final two pieces of legislation in the so-called ‘Race and Religion Protection’ package, which has been pushed by Buddhist hardliners.
“They should really be called the ‘Race and Religion Discrimination’ bills, as they are fundamentally discriminatory and represent a grave threat to religious freedom and minority rights in Myanmar,” said APHR Chairperson Charles Santiago, a member of parliament in Malaysia. “They run counter to international norms and appear purposely designed to fuel rising Buddhist extremism in the country.”
The Religious Conversion Bill, passed this week, requires all individuals wishing to change their religion to seek permission from regulatory bodies, made up of local officials authorized to question converts to determine if their decisions are voluntary or coerced.
“Requiring government permission to convert violates international standards of religious freedom and the right to personal choice,” Santiago said. “This bill was flawed from the start, yet the government and ruling party moved forward anyways, making no attempt to address human rights concerns or bring the legislation into line with international standards.”
The second draft law passed this week, the Monogamy Bill, criminalizes polygamy and extramarital affairs. Parliamentarians noted that criminalization of extramarital relations constitutes a violation of individual privacy rights, while the bill’s prohibition of polygamy is redundant, as existing statutes already deem the practice illegal.
“The military government is playing a dangerous game. It appears to be purposefully pandering to sentiments of xenophobia, racism, and nationalism for its own political gain and at the expense of the rights of millions of Myanmar’s minority citizens,” Santiago added.
In May, APHR criticized the passage of another bill in the package, the Population and Control Healthcare Bill, which parliamentarians argued represents a step toward ethnic cleansing by allowing the government to institute restrictions on reproductive rights in specific areas of the country.
Another of the draft laws, the Buddhist Women’s Special Marriage Bill, was passed by parliament in July. It places restrictions on interfaith marriage, requiring interfaith couples to obtain permission from local authorities in order to wed. Such regulations violate the rights of women and minority residents in Myanmar, parliamentarians cautioned.
APHR said that the passage of all four bills institutionalizes discrimination against religious minorities, including Christians and Muslims, and threatens to enflame increasing anti-Muslim sentiment nationwide. Violent attacks on Muslims have taken place throughout the country in recent years, and the government’s new moves could lead to more violence, particularly as elections approach, APHR warned.
“Myanmar is at a precarious moment in its political development. The passage of these bills threatens the country’s democratic future by undermining the fundamental rights of its people and fueling already rampant religious hatred, which could lead to violence,” Santiago said.
- Asian Tribune -

The 8 Stages of Genocide Against Burma’s Rohingya Faine Greenwood

May 27, 2013
Rohingya Muslim’s in Burma’s Rakhine state have now been ordered to adhere to a years-old two child policy by the government, in what authorities claim is an effort to defame ongoing tension between the Buddhist and Muslim communities. In reality, this is ethnic cleansing. And it is ongoing in Burma today.