Wednesday, July 11, 2018


ဒေါက်တာအေးချမ်း - မြန်မာနိုင်ငံအတွင်းမှ သန္ဓေယုတ် (ပထမပိုင်း) 


ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်) 

နိုင်ငံတစ်ခု၏ ကောင်းစားရေးအတွက် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ အားကိုးရလောက်သည့် ပညာရှင်ပုဂ္ဂိုလ်မွန် များ နိုင်ငံတိုင်းတွင် ရှိတတ်ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတွင်လည်း အလားတူ မွန်မြတ်သည့် ပညာရှင် အမြောက်အ များရှိသည်။ ယင်းပညာရှင်များကို နိုင်ငံတော်အစိုးရ၊ သမ္မတ၊ ဝန်ကြီးချုပ် အစရှိသည့် ထိပ်တန်းအာဏာပိုင် နိုင်ငံ့ခေါင်း ဆောင်များက အထူးယုံကြည် အားကိုးသကဲ့သို့ ပြည်သူပြည်သားများနှင့် အခြားအသိပညာရှင် အတတ်ပညာရှင် အသိုင်း အဝိုင်းများကပါ အထူးကြည်ညို လေးစားကြသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတွင် သမိုင်းဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိထားပြီး ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦးရှိသည်။ အဆိုပါပုဂ္ဂိုလ်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ဒေါက်တာအေးချမ်း ဆိုသူဖြစ်သည်။ ဒေါက်တာ အေးချမ်းသည် နိုင်ငံတော်နှင့် ပြည်သူများအပေါ် မည်သည့်ကောင်းကျိုးများ ပံ့ပိုးလျက်ရှိသည်ကို သိရှိခွင့်မရသော်လည်း အဆင့်မြှင့် အစိုး ရအာဏာပိုင်များနှင့် အတော်ပင် ရောနှော ခရီးပေါက်နေသည်ကို မြင်တွေ့နေရသကဲ့သို့၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ အကြားတွင်လည်း ထွင်ထွင်ကျယ်ကျယ် လှုပ်ရှားနေသည်ကို မြင်တွေ့နေရသည်။ 

ဒေါက်တာအေးချမ်းသည် သမိုင်းဆိုင်ရာ အချက်အလက်နှင့်သက်ဆိုင်သည့် အကြောင်းကြီးငယ်များကို စာရေးသား ပြုစုတတ်သည့် ဝါသနာရှိသူဖြစ်သည်။ သူ့စာရေးလောက၏ အစပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း အစ္စလာမ်ဘာသာဝင်များ၏ အခြေချနေထိုင်မှုဆိုင်ရာ သမိုင်းအချက်အလက်ပါ စာတမ်းတစ်ခုကို ပြုစုခဲ့ပေသည်။ အဆိုပါစာတမ်းအား ခိုင်မာသည့် သ မိုင်းအကိုးအကား၊ ပြောင်မြောက်သည့် သုံးသပ်ချက်၊ ထင်မြင်ယူဆချက်များနှင့် ကောက်ချက်များဖြင့် ရေးသားပြုစုထား မှုကြောင့် သူ့နာမည်ကို စတင် ကြားသိခွင့်ရရှိခဲ့ပါသည်။ သို့ရာတွင် ထို့နောက်ပိုင်း သူသည် ရိုဟင်ဂျာ သမိုင်းကြောင်းနှင့် ပတ်သက်၍ အင်တာနက်စာမျက်နှာပေါ်တွင် ယခင်ကအတိုင်းမဟုတ်ဘဲ မဟုတ်ကဟုတ်က ရေးသားထုတ်ဝေလျက် ရှိခဲ့ ရာမှ အပြန်အလှန် တုံ့ပြန်ရေးသားရင်း ကျွန်ုပ်နှင့် သိကျွမ်းခဲ့လေသည်။

ကျွန်ုပ်နှင့် တစ်ရပ်တည်းနေသူ ဒေါက်တာအေးချမ်းကို အများက ရခိုင်အမျိုးသားတစ်ဦးအဖြစ် သိထားသော်လည်း အမှန်မှာ သူသည် ဘရူဝါ (ခေါ်) မရမာကြီး အမျိုးသားစစ်စစ် တစ်ဦးဖြစ်ပြီး သူ့ဖခင်မှာ ကာလာဆန် ဘရူဝါ (Kalasan Barua) ဖြစ်ပါသည်။ သူတို့မိသားစုသည် ဗြိတိသျှကိုလိုနီခေတ်အတွင်း စစ်တကောင်းဒေသမှ ဘူးသီး တောင်မြို့သို့ ရွှေ့ပြောင်းနေ ထိုင်ခြင်းဖြစ်ပြီး၊ သူ့ဖခင်မှာ အိန္ဒိယနွယ်ဖွား ဟိန္ဒူအမျိုးသားတစ်ဦး၏ ပန်းထိမ်လုပ်ငန်း၌ နေ့ခစားအလုပ်သမားအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၁၉၄၁ ခုနှစ်ခန့်တွင် မြန်မာနိုင်ငံမှ အိန္ဒိယအမျိုးသားများ ဒီကနေ့ ရိုဟင်ဂျာနည်းတူ ပက် ပက်စက်စက် လုယက်၊ မောင်းထုတ်ခံခဲ့ရစဉ်က အဆိုပါဟိန္ဒူအမျိုးသား လုပ်ငန်းရှင်းမှ မိမိပိုင် ပန်းထိမ်လုပ်ငန်းအပါအဝင် အိုးအိမ်ခြံမြေအားလုံးကို မိမိ၏လူယုံတော် ကာလာဆန်ဘရူဝါအား ပေးအပ်ခဲ့ပြီး အိန္ဒိယသို့ ထွက်ခွါသွားခဲ့လေသည်။ ဤတွင် ဒေါက်တာအေးချမ်းတို့၏ မိသားစုဘဝ၌ အနေချောင်သွားခဲ့လေသည်။ 

ဒေါက်တာအေးချမ်း၏ဖခင်သည် ဖဆပလ ခေတ်ကြီးတွင် နိုင်ငံရေး၌ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားခဲ့မှုကြောင့် ဘူးသီး တောင်နယ်မြေတွင် ဖဆပလ ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရသကဲ့သို့ ထိုဒေသရှိ ရိုဟင်ဂျာခေါင်းဆောင်များနှင့် အလွန်ပင် ရင်းရင်းနှီးနှီးရှိခဲ့သူဖြစ်သည်။ သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ဦးဆောင်ဦးရွက်ပြုပြီး “ရိုဟင်ဂျာရိုးရာ ပြဇာတ် (Rohingya Theater)” ကို ရေးသား၍ နယ်တကာလှည့်လည် ပြသခဲ့ဘူးသည်။ ထို့ကြောင့် ကာလာဆန်ဘရူဝါသည် ရခိုင် ပြည်နယ် ဘူသီးတောင်-မောင်တော ဒေသတဝိုက်၌ ရိုဟင်ဂျာများ လူချစ်လူခင် အလွန်ပေါ့များသူဖြစ်ပြီး၊ အဆမတန် လေးစားခံရသူတစ်ဦးလည်း ဖြစ်ပါသည်။

ဒေါက်တာအေးချမ်းသည် သမိုင်းပညာရှင်တစ်ဦးဖြစ်သည်ကို အကြောင်းပြု၍ ဂုဏ်ယူဝင့်ကြွား မောက်မာစွာဖြင့် ရိုဟင်ဂျာ ဟူသည် မကြားခဲ့ဘူးကြောင်း၊ မရှိခဲ့ကြောင်း၊ ဗြိတိသျှ မှတ်ရာမှတ်တမ်းများ၌လည်း လေ့လာမတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အ သုံးအနှုန်းကို ပါလီမန်ဒီမိုကရေစီခေတ်က ဘူးသီးတောင် ပါလီမန်အမတ် မစ္စတာ အပ်ဒူလ်ဂဖ္ဖါး (Abdul Gaffar) မှ ထွင်လိုက်သည့် အသုံးအနှုန်းဖြစ်ကြောင်း၊ ဒီကနေ့ မိမိကိုယ်ကို ရိုဟင်ဂျာဟု ပြောဆိုနေသူများသည် စစ်တကောင်းဒေသမှ ဝင်ရောက်လာသူဖြစ်ပြီး ရခိုင်ပြည်နယ်သားများ မဟုတ်ကြောင်း၊ ၎င်းတို့ ပြောဆိုဘာသာစကားသည်လည်း စစ်တကောင်း ဘာသာစကားဖြစ်ကြောင်း အစရှိသည်ဖြင့် ဘူးကွယ်သည့် အရေးအသားများကို အင်တာနက်ပေါ်တွင် စိန်ခေါ်ရေးသား ထုတ်ဝေပြီး တစ်ချိန်လုံး ဗုဒ္ဓဘာသာဝင်များ၏ စိတ်ထဲ၌ မူဆလင်ဘာသာဝင်များအပေါ် အမုန်းစိတ်များ တိုးပွားစေခဲ့သူဖြစ် သည်။ ကျွန်ုပ်တို့အုပ်စုကလည်း ခိုင်လှုံသည့် သမိုင်းအချက်အလက်များ အကိုးအကားဖြင့် တုန့်ပြန် ရေးသားလေ့ရှိခဲ့သည်။ ယင်းကဲ့သို့ အပြန်အလှန် ရေးသားမှုများကို မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူအတော်များများက သိနေပြီဖြစ်ပါသည်။ ၎င်းအပြင် ယခုကဲ့သို့ သမိုင်းဆရာတစ်ဦးမှ လူမျိုးဘာသာအစွန်းရောက် စိတ်ထားကြောင့် ရေးသားဖြန့်ချီနေမှုများကို မြန် မာနိုင်ငံသားအများစုက သမိုင်းဟုအထင်ခံရဘွယ်ရှိသဖြင့် နှစ်ဘက်တွေ့ဆုံပြီး ရခိုင့်သမိုင်းကျွမ်းကျင်သူ အထင်ကရ ပြည် တွင်းပြည်ပ သမိုင်းပညာရှင်များအား ဖိတ်ကြား၍ သမိုင်းဆိုင်ရာ နှီးနှော်ဖလှယ် တစ်ရပ်ကျင်းပရန် ကျွန်ုပ်တို့ ကမ်းလှမ်းခဲ့ ပြီး ၎င်းပညာသင်ပေးလျက်ရှိသော ဂျပန်နိုင်ငံတွင်တစ်ကြိမ်၊ အမေရိကန်နိုင်ငံ နယူးယောက်တွင်တစ်ကြိမ် နှစ်ကြိမ်တိုင် တိုင် ကြိုးပမ်းခဲ့ဘူးသည်။ နှစ်ကြိမ်စလုံးပင် သူ၏အပေါင်းအပါများဖြင့် တက်ရောက်ရန် သဘောတူထားခဲ့သော်လည်း လက်တွေ့တွင် သူ့ဖက်က မည်သူတစ်ဦးတစ်လေမှ တက်ရောက်ခဲ့လာခြင်း မရှိခဲ့ပေ။ အမှန်တရားကို မရင်ဆိုင်ရဲကြောင်း ထင်ရှားပါသည်။ သူသည် အကြောင်းမျိုးစံကိုပြ၍ ပတ်ပြီးရှောင်ပြေးတတ်သူ တစ်ဦးဖြစ်သည်။ ဒေါက်တာအေးချမ်းသည် အရေးအသားပိုင်းတွင် အပြောကြီးပြီး၊ အကြွားသန်သလောက် ပညာရှင်ကောင်းတစ်ပါးဖြစ်သည်ဟု အသိအမှတ်ပြုရန် ခက်ခဲသည်အထိ လက် တွေ့တွင် ဂုဏ်သိက္ခာနှင့် အကျင့်သီလ ကင်းမဲ့သူဖြစ်သည်။

ဤသို့ဖြင့် ၂၀၁၃ ခု၊ မတ်လ (၉) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟီးဒေါ့တက္ကသိုလ် (Mahidol University) ၌ ၎င်းတို့ဖာသာ ရခိုင့်သမိုင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပခဲ့ရာ ထိုနှီးနှောဖလှယ်သို့ မည်သည့်ရိုဟင်ဂျာကိုမျှ ဖိတ် ကြားခဲ့ခြင်းမရှိသော်လည်း အမေရိကန်မှ ကိုဌေးလွင်ဦး၏ ကြိုပမ်းမှုဖြင့် သူအပါအဝင် ရိုဟင်ဂျာ (၄) ဦး တက်ရောက်ခွင့်ရ ရှိခဲ့လေသည်။ ၎င်းပွဲ၌ ကိုဌေးလွင်ဦးမှ ၁၇၉၉ ခုနှစ်ထုတ် ဖရန့်စစ်ဘူကာနန် (Francis Buchanan) ၏ “A Comparative Vocabulary of Some of the Languages Spoken in the Burma Empire” စာအုပ်မိတ္တူကို ထုတ်၍ Roinga (ရိုဟင်ဂျာ - Rohingya ကို စာရေးသူ၏ အသံထွက်အတိုင်းရေးထားသည်) အသုံးအနှုန်းကို ထောက်ပြခဲ့လေသည်။ ဤတွင် “ငါပြော သမျှ သမိုင်းဘဲ” ဟု အာမခံချက်ဖြင့် တစ်ချိန်လုံး ရိုဟင်ဂျာဟူသည် မကြားဘူး၊ မသိဘူး၊ မရှိဘူး၊ ထွင်ချက်ဖြစ်သည်ဟု ကြွေးကြော်နေခဲ့သည့် ဒေါက်တာအေးချမ်းခမျာ မိုးကြိုးထိမှန်သကဲ့သို့ မလှုပ်မရှားနိုင်ဘဲ လူကို ကိုက်ဖြဲ ဝါးစားမလို ကြည့် နေခဲ့ပေသည်။ ထို့နောက် စာအုပ်ကို ဟိုဘက်ဒီဘက် လှန်ကြည့်ပြီး ဘာဖြေရမှန်းမသိဘဲ၊ ခဏအကြာ ထိုစာအုပ်သည် မိတ္တူသာလျှင်ဖြစ်၍ Secondary Source ဖြစ်ကြောင်း၊ သူ့ဟောပြောချက်များသည် မူရင်း Original Master Source ကို ကိုင်ဆောင် ဟောပြောနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ကိုဌေးလွင်ဦးမှ ပေးခဲ့သည့် မိတ္တူကော်ပီကို ငြင်းဆန်ရန် ကြိုးပမ်းခဲ့ ပါသည်။ သို့ရာတွင် ကိုဌေးလွင်ဦးက သူ့ဆီမှာ မူရင်းရှိကြောင်း ပြောဆိုပြီး ထုတ်ပြလိုက်သောအခါ ဒေါက်တာအေးချမ်းမှာ ယခု အဘယ်ကဲ့သို့ဖြေကြားရမည်ကို မသိတော့ဘဲ ဆောက်တည်ရာမရ၊ ဂနာမငြိမ် ဖြစ်နေခဲ့သည်။ တဖန် ဦးအေးချမ်းက ရိုဟင်ဂျာဟူသည် ရခိုင်ကို ပြောဆိုခြင်းဖြစ်ဟု တောင်စဉ်ရေမရ ဖြေကြားခဲ့လေသည်။ ကိုဌေးလွင်ဦးလည်း ခေသူတစ်ဦး မ ဟုတ်ဘဲ၊ စာအုပ်ထဲတွင် (မျက်မှောက်ကာလ ရိုဟင်ဂျာများ ပြောဆိုသည့် ဘာသာစကား အသုံးအနှုန်းနှင့်တူညီသော) ရိုဟင်ဂျာဘာသာ စကားလုံးအသုံးအနှုန်းများကို ဖော်ပြထားကြောင်း ပြောဆိုခဲ့သည်။ ဤတွင် ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဘာသာစကားသည် ရခိုင်ဘာသာစကားဖြစ်သည်ဟု ကမန်းကတန်း၊ မဆင်မခြင်ဖြေကြားလိုက်သည်။ ဆက်လက်၍ ကိုဌေးလွင်ဦးမှ ရိုဟင်ဂျာဟူသည် မဟာမေဒင် (Mohammeden) တို့ကို ခေါ်ဆိုကြောင်း ထောက်ပြပြန်ရာ ဒေါက်တာ အေးချမ်းက အရှက်တကွဲ ဖြစ်နေရသည်က တစ်ကြောင်း၊ ဆက်လက်ငြင်းဆန်ရန် မဖြစ်နိုင်ကြောင်းကို သဘောပေါက် သည်က တစ်ကြောင်း၊ ထိုနေရာတွင် ကြာကြာမနေတော့ဘဲ၊ သူတို့ကို မည်သူက ဖိတ်ကြားခဲ့သလဲဟု မကျေမနပ်ဖြင့် မေးခွန်းထုတ်ပြီး ထိုနေရာမှ ဒေါသူပုန်ထ ထွက်ခွာသွားခဲ့ရာ နှီးနှောဖလှယ်ပွဲလည်း ပျက်သွားရခဲ့လေသည်။

အမှန်တရားကို မြတ်နိုးသည့် မှန်ကန်သော သုတေသီတစ်ဦးအဖို့ ဤမျှဖြင့် လုံလောက်သော်လည်း အရှက်တရားကင်းမဲ့ သော ဒေါက်တာအေးချမ်းသည် မိမိ၏ ဂုဏ်သိက္ခာကိုပင်မငှဲ့ဘဲ ဆက်လက် ယုတ်မာလျက်ရှိသည်ကို မြင်တွေ့ရသည်။ သူ သည် မိမိအား ဆရာသမားအဖြစ်ခံယူပြီး ဘုရားတရားနှင့် တတန်းတည်းထားကာ တစ်ချိန်လုံး ပူဇော်ပသနေခဲ့သူ နောက် လိုက်သားတပည့်များ၏ အထင်သေးခံရမှုနှင့် ဝေဖန်ကဲ့ရဲ့ခံနေမည်ကို စိုးရိမ်မိပြီး အချိန်ကာလ တစ်ခုအထိ လူသူမြင်ကွင်း မှ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုကိုယ်ပျောက်နေခဲ့သည့် ကာလတလျှောက်တွင် သူသည် သူ့နည်းတူ သမိုင်းပ ညာရှင် ဖြစ်သည်ကို ဂုဏ်ရည်ဖော်ပြီး မိမိပညာကို အသပြာဖြင့် ရောင်းစားနေခဲ့သူ ပြင်သစ်နိုင်ငံသား ဂျက်လိုင်ဒါ (Dr. Jacques P. Leider) နှင့် သံမတန်အသိုင်းအဝိုင်းဟောင်းမှ ငွေကြေးရလော်ဘီ ဗြိတန်နိုင်ငံသား ဒီရက်တွန်ကင် (Derek Tonkin) တို့ နှင့် ပူးတွဲကြံစည်ပြီး မကြာမီက စာတမ်းတစ်ရပ် ထုတ်ဝေခဲ့သည်။ အဆိုပါစာတမ်း၌ ၁၉၇၇ ခုထုတ် ဘူကာနန်၏ စာအုပ် ထဲတွင် Roinga ဟု ရေးသားခြင်းသည် မျက်မှောက်ကာလ ရိုဟင်ဂျာ (Rohingya) ဟု ခေါ်ဆိုနေသူများကို ဆိုလိုသည်ဟု မယူဆနိုင်ကြောင်း စောဒကတက် ရေးသားခဲ့သည်။ ယင်းကဲ့သို့ ရိုဟင်ဂျာကို ဆိုလိုခြင်းမဟုတ်လျှင် ထိုဒေသအတွင်းရှိ မည်သည့် အသိုင်းအဝိုင်းအား ခေါ်ဆိုခဲ့သည်ကိုလည်း ရှင်းလင်းချက် မပေးခဲ့ပေ။ ယင်းကဲ့သို့ အဆီအငေါ် မထည့်နိုင်ခဲ့ သည့် အရေးအသားကြောင့် ဒေါက်တာအေးချမ်းသည် မိမိ၏သားတပည့်များကို ကျေနပ်မှု အပြည့်အဝပေးဆောင်ရန် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် အဆိုပါစာတမ်းသည် မွေးကင်းစအရွယ် ရင်ခွင်ထဲ၌ပင် မြေမြှပ်သင်္ဂြိုဟ်ခြင်းခံလိုက် ရလေသည်။

မရှေးမနှောင်းမှာပင် အားသစ်မာန်သစ် အစမ်းတစ်ရပ်ဖြင့် လူကြားထဲဝင်ထိုးရန် ကြိုးပမ်းသည့်အနေဖြင့် ဘူကာနန်၏ စာ အုပ်ထဲတွင် ရိုဝါန်ဂါ (Roinga) ဟူသည့် အသုံးအနှုန်းသည် တစ်ကြိမ်တစ်ခါသာ ရေးသားထားသောကြောင့် ထိုမျှဖြင့် လက် ခံအသိအမှတ်ပြုရန် မဖြစ်နိုင်ဟူ၍ အရည်မရအဖက်မရ ရေးသားလာခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူ့နောက်လိုက် သားတပည့်များ၏ အလိုနှင့်အကြိုက်ကို ဆောင်ကျဉ်နိုင်ခြင်း မရှိဘဲ၊ ရေးသားခဲ့သမျှ အမိုက်ပုံထဲ သွန်လိုက်ရလေတော့ သည်။ အကြောင်းရင်းမှာ - ဘူကာနန်က သူ့စာတမ်း၌ “ရိုဝါန်ဂါ” ဟု တစ်ကြိမ်တစ်ခါ ဖော်ပြခဲ့ခြင်းသည် အမှတ်တမဲ့ ဖော်ပြခဲ့ခြင်းမဟုတ်ဘဲ၊ ထိုတစ်ကြိမ်တစ်ခါ၌ ထိုရိုဝါန်ဂါနှင့်ဆက်စပ်၍ ယင်းတို့၏ နေရာဒေသ၊ ကိုးကွယ်သည့် ဘာသာတရား အပြင် ပြောဆိုသည့် ဘာသာစကား အသုံးအနှုန်းများကို တစ်သီတစ်တန်းကြီး ဖော်ပြထားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ အပြင် ယင်းဖော်ပြချက်များသည် မျက်မှောက်ကာလ ရိုဟင်ဂျာတို့နှင့် ထပ်တူထပ်မျှ ဖြစ်နေသည်ကို မသိသူမရှိသလောက်ပင် ဖြစ်သောကြောင့် ဖြစ်ပါသည်။ 

ယင်းကဲ့သို့ ရိုဟင်ဂျာနှင့်ပတ်သက်၍ တစ်ချိန်လုံး ငြင်းဆန်လိုက်၊ လိမ်လည်လှည့်ဖျားစွာ ရေးသားဖော်ပြလိုက်၊ လူမျိုးရေး မုန်းတီးမှုကို ရှေးတန်းတင် ပြောဆိုလိုက်… စသည်ဖြင့် ကောက်ကျစ်ယုတ်မာနေမှုများကြောင့် ပြည်တွင်း၌ သူ့၏ စာဖတ်ဝါ သနာရှင် ပရိဿတ်များနှင့် နောက်လိုက်သားတပည့်များ၏ ရှေ့မှောက်တွင် ပညာရှင်ဟူသည် ဂုဏ်သိက္ခာကိုတောင် ထိန်း သိမ်းနိုင်ခဲ့ခြင်း မရှိသကဲ့သို့ နိုင်ငံတကာ အဆင့်၌လည်း သူ့စာအုပ် “Influx of Viruses: The Illegal Muslims in Arakan” ကြောင့် သူသည် သမိုင်းကြောင်းဆိုင်ရာများ ရေးသားထားသည်ဟု ပြောဆိုခံရသည်ထက် မည်သည့်အတိုင်းအတာအထိ အောက်တန်းကျသည့် လူမျိုးဘာသာ အစွန်းရောက်တစ်ဦးဖြစ်ကြောင်း ကဲ့ရဲ့စွာ ဝေဖန်ခံနေခဲ့ရပေသည်။ သူသည် လူစင်စစ်ဖြစ်သည့် ရိုဟင်ဂျာကို အမုန်းကြီးသည့် စိတ်ထားကြောင့် Virus ဟု တင်စားခြင်းဖြင့် သမိုင်းဟုအမည်ခံ ပြုစုခဲ့သမျှ စာ တမ်းအားလုံး၏ တန်ဖိုးကို သူကိုယ်တိုင်ပင် နှိမ်ချလိုက်သည်။

ထိုကဲ့သို့ ဒေါက်တာအေးချမ်းသည် မိမိ၏ အစွန်းရောက် အရိုင်းအစိုင်းစိတ်ဓါတ်ကို ထိန်းမနိုင်သိမ်းမနိုင်ဘဲ ပညာမဲ့ လူရိုင်း တစ်ဦးနှယ် ရေးသားထားသော သမိုင်းအမည်ခံ မိမိစိတ်အာသီသကို ဖော်ပြတတ်သည့် စာတမ်းများကို ဖတ်ရှုလေ့လာလိုသူ မရှိသလောက်ပင် လျှော့နည်းသွားခဲ့လေသည်။ 

ဦးအေးချမ်းနှင့် အပေါင်းအပါတို့သည် ဘူကာနန်၏ စာအုပ်ပါဖော်ပြချက်ကို သူ့တို့အစွမ်းအစဖြင့် အကောင်းဆုံးဖြစ်အောင် မလိမ့်တပတ်လုပ် ထုချေရေးသားရန် ကြိုးပမ်းခဲ့သော်လည်း စိတ်ဝင်စားသူနှင့် ထောက်ခံအားပေးသူ မရှိသဖြင့် ခရီးမ ပေါက်နိုင်ဘဲ ရှိနေသောကြောင့် ဦးအေးချမ်းသည် လူမြင်ကွင်းမှာ ကာလကြာရှည်စွာ ပျောက်ကွယ်လျက် ရှိခဲ့ပါသည်။

ယင်းကဲ့သို့ ကလောင်ဖြင့် စာရွက်ပေါ်တွင် အလုပ်မဖြစ်သောအခါ ဦးအေးချမ်ခင်မျာ မကြာသေးမီက ဗီဒီယိုဖိုင်လေးများ ဖန်တီးပြီး Online Social Media (OSM) များ၌ ပေါ်ထွက်လာသည်ကို မြင်တွေ့နေရသည်။ ဦးအေးချမ်းက သူ၏နောက် ဆုံးပေါ် ဗီဒီယိုဖိုင်လေးပေါ်တွင် ရခိုင်ပြည်နယ်ပြဿနာသည် ၁၉၄၂ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်ဟု နိဒါန်းပြုထားပြီး နိုင်ငံခြားသားအချို့က ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို ဖဲ့ယူကာ ယင်းတို့၏ပိုင်နက် ထူထောင်ရန် နိုင်ငံရေး မဟာဗျူ ဟာရှိသည်ဟု ဆိုထားလေသည်။ 

ဦးအေးချမ်းအနေဖြင့် ၁၉၄၂ ခုနှစ် လူသတ်ပွဲကြီးကို ရိုဟင်ဂျာတို့က ဗမာဗျူဟာအရ စတင်ဆင်နွှဲခဲ့သည်ဟု ပြောဆိုလို ဟန်ရှိသည်။ အမှန်မှာ ၁၉၄၂ ခုနှစ်တွင် မြစ်ချောင်းများ သွေးရေစီးခဲ့ရမှုကြောင့် နီရဲရဲဖြစ်သွားခဲ့သည်တိုင်အောင် ရိုဟင်ဂျာ ဦးရေ ဂ၀, ၀၀၀ မှ ၁၀၀,၀၀၀ အထိ ရက်ရက်စက်စက် သတ်ဖြတ်၊ မောင်းထုတ်ခံခဲ့ရပြီး မူဆလင်တို့ပိုင် ကျေးရွာအုပ်စု ပေါင်း ၁၅၀ နီးပါးခန့် မညာမတာ မီးရှို့ဖျက်ဆီးခံခဲ့လိုက်ရသည်။ ဘူသီးတောင်-မောင်တောဒေသတွင် အစ္စလာမ်ဘာသာ ဝင်ဦးရေနှင့် အင်အားချင်းမမျှတသောကြောင့် ထိုကဲ့သို့ တွက်ဆမိသည့်အတိုင်း ထိုဒေသ၌ ရိုဟင်ဂျာတို့အပေါ် သွေး ချောင်းစီးနိုင်မှု မရှိခဲ့သည်ကလွှဲ၍ စစ်တွေရှိ အစိတ်အပိုင်းအချို့မှအပ ကျန်သည့် ရခိုင်ပြည်နယ် တစ်ခုလုံးတွင် မူဆလင် ကင်းမဲ့ဇုံဟု ခေါ်ဆိုနိုင်လောက်သည်အထိ မူဆလင်အားလုံးနီးပါးကို သတ်ဖြတ်၊ မောင်းထုတ်ခဲ့လေသည်။ ယင်းကဲ့သို့ မိမိ ကိုယ်ကို အသတ်အဖြတ်ခံပြီး အိုးအိမ်များစွန့်ခွါ ထွက်ပြေးရသည့်အထိ နစ်နာဆုံးရှုံးမှုများကို နှစ်သက်သည်အတွက် ထိုပြ ဿနာကို ရိုဟင်ဂျာမူဆလင်များက ဖန်တီးခဲ့သည်ဆိုလျှင် ဦးအေးချမ်း၏ ဦးခေါင်းသည် အခွံသာကျန်တော့သည်ဟု ဆိုရ မည်ဖြစ်သည်။ ၁၉၄၂ ပြဿနာသည် ဗမာအမျိုးသားရေးဝါဒီများ၏ သွေးထိုးလှုံဆော်မှုနှင့် အစွန်းရောက်ရခိုင်တို့အား လက်နက်တပ်ဆင်မှုဖြင့် ဖန်တီးခဲ့သည်ကို လူတိုင်းသိရှိပြီဖြစ်သည်။ ထိုကဲ့သို့ဖန်တီးခြင်း၏ နောက်ကွယ်တွင် ‘ရခိုင်ပြည် နယ်အတွင်း မူဆလင် လုံးဝ မချန်စေရ’ ဟူသည့်အတိုင်းအတာဖြင့် လုပ်ဆောင်ခဲ့သော်လည်း အပြည့်အဝ အောင်မြင်မှုမ ရရှိခဲ့သည်ကို အကြောင်းပြု၍ မျက်မှောက်ကာလ ရခိုင်ပြဿနာကို ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က ၁၉၄၂ ခုနှစ်က အ ဆုံးမသတ်လိုက်ရသည့် ဇာတ်လမ်းဟု ပြောဆိုခဲ့သည်။ ၎င်းအချက်ကိုထောက်လျှင် ထို ၁၉၄၂ လူသတ်ပွဲကြီးအား မည်သူ များက မည်သည့်ရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့သည်ကို ကွက်ကွက်ကွင်းကွင်း မြင်သာအပ်ပါသည်။

ထို့အပြင် နိုင်ငံကိုဖဲ့ထုတ်ခြင်းသည် ရိုဟင်ဂျာတို့၏ နိုင်ငံရေး မဟာဗျူဟာဖြစ်သည်ဟု ပြောဆိုမှုအား အထောက်အ ကူပြု စေသည့် သက်သေခံအဖြစ် ၁၉၅၁ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သော အလယ်သံကျော် ညီလာခံမှ ရသေ့တောင်အ နောက် ပိုင်းနှင့် ဘူသီးတောင်-မောင်တောဒေသအား မူဆလင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုချက်ကို ထောက်ပြ ထားသည်။ ရိုဟင်ဂျာတို့က တောင်းဆိုခဲ့သည် ဆိုသည်မှာ ပြည်နယ်အဆင့်သာဖြစ်ပြီး၊ သီးခြားနိုင်ငံထူထောင်ရန် အလျဉ်း မဟုတ်ပေ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မိမိတို့၏ အနာဂတ် စိတ်ချလုံခြုံမှုရှိရေး၊ မိမိတို့နယ်မြေကို အခြေခံ၍ မိမိတို့အမျိုး သားထု၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လွတ်လပ်မှုတို့ကို မိမိတို့ကိုယ်တိုင် စိတ်တိုင်းကျ ခွန်အားစိုက်ထုတ် ဆောင်ရွက်နိုင်ရေး၊ မိမိ တို့၏ ယဉ်ကျေးမှု အမွှေအနှစ်များကို မိမိတို့ကိုယ်တိုင် ထိမ်းသိန်းနိုင်ရေး အစရှိသည်တို့ကို အခြေခံပြီး ရခိုင်လူမျိုးစုများ အ ပါအဝင် တိုင်းရင်းသားလူနည်းစုအားလုံးကလည် အလားတူ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ တောင်းဆိုခဲ့ ဖူးပါသည်။ တိုင်းရင်းသားလူမျိုးစု အတော်များများက မိမိတို့၏ တောင်းဆိုမှုများကို လစ်လျုရှုခံခဲ့ရမှုကြောင့် ဒီကနေ့အထိ လက်နက်ကိုင် တိုက်ပွဲဝင်လျက်ရှိနေသည်မှာ အားလုံး မြင်တွေ့နေရသည်။ ရခိုင်လူမျိုးစုများအဖို့ အဖရခိုင်နိုင်ငံတော် လွတ်မြောက်ရေးအတွက် ၁၇၈၅ ခုနှစ်မှစ၍ လက်နက်ကိုင် တော်လှန်လျက်ရှိနေပါသည်။ ၎င်းတို့ကလည်း လွတ်လပ်ရေးရပြီး ပြည်နယ်တောင်းဆိုခဲ့ဘူးသည်။ ယင်းကဲ့သို့ တောင်းဆိုမှုများနှင့် လက်နက်ကိုင် တော်လှန်နေမှုအတွက် ဒေါက်တာ အေးချမ်းမှ မည်သူ့ကိုမျှ အပြစ်မမြင် သော်လည်း အလယ်သံကျော်ညီလာခံမှ ပြည်နယ်တောင်းဆိုခဲ့သည့် ရိုဟင်ဂျာတို့၏ တောင်းဆိုမှုကိုသာရွေးထုတ်ပြီး အဘယ်ကြောင့် သဲသဲမဲမဲနှင့် အငြိုးကြီးစွာဖြင့် ပစ်မှတ်ထားနေရသနည်း၊ စဉ်းစားစရာပင် ဖြစ်ပါသည်။ 

ဆက်လက်၍ ရှင်းပြရမည်ဆိုလျှင် ဒေါက်တာအေးချမ်းက မိမိ၏ဗီဒီယိုဖိုင်လေးတွင် ရိုဟင်ဂျာတို့အား နိုင်ငံခြားသားဟု သုံး နှုန်းခဲ့သည်ကို သတိထားမိသည်။ အကယ်၍ ရိုဟင်ဂျာတို့သည် နိုင်ငံခြားသားများမှန်ပါက ယင်းကဲ့သို့ ပြည်နယ်တောင်း ဆိုပိုင်ခွင့်၊ ပါလီမန်လွှတ်တော်အထိ အဆင့်ဆင့် အရွေးခံပါဝင်ပိုင်ခွင့်၊ ထိုခေတ်က မြန်မာတိုင်းရင်းသား အားလုံးကို သက်သေခံအဖြစ် ထုတ်ပေးခဲ့သည့် အမျိုးသားမှတ်ပုံတင်ကတ်ပြားများ ကိုင်ဆောင်ခွင့်များ ရရှိလိမ့်မည် မဟုတ်သကဲ့သို့ ရခိုင် ကို ပြည်နယ်အဆင့် သတ်မှတ်ရေးကိစ္စတွင် နိုင်ငံတော်အစိုးရက ရိုဟင်ဂျာတို့၏ ဆန္ဒကိုရယူခြင်းနှင့် လက်နက်နှင့် ငြိမ်း ချမ်းရေး လဲလှယ်ရန် တပ်မတော်အကြီးအကဲများက အကြိမ်ကြိမ်ပင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လက်နက်ချရန် လုပ်ဆောင်ပြီး ယင်းတို့အဖို့ မေယုခရိုင်ဟူ၍ သီးသန့်နေရာဒေသတစ်ခု သတ်မှတ်ပေးခြင်းနှင့် မြန်မာ့အသံလွှင့်ဌာနမှ တိုင်းရင်းသား ရိုဟင်ဂျာဘာသာစကားဖြင့် အစီအစဉ်များ ထုတ်လွှင့်ခွင့်ပြုခြင်း တို့ကိုလည်း ပြုလုပ်မည် မဟုတ်ကြောင်း ဒေါက်တာအေးချမ်းတစ်ယောက် နားလည်ပုံမရပေ။ 

 (ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုပါရန်)

No comments:

Post a Comment